ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာဥပဒေ အတည်ပြုပြီးဖြစ်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင် နိုင်ပြီဖြစ်ကာ ပြည်ထောင်စု လွှတ်တော်အနေဖြင့် မှတ်တမ်းတင်ရုံသာ ကျန်ရှိတော့ကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက ဧပြီ ၇ ရက်တွင် ပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းအား နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးကာ ဧပြီ ၆ ရက် ရက်စွဲဖြင့် ဥပဒေအား အတည်ပြုကြောင်း ထုတ်ပြန်ခဲ့သည်။
ဒေါက်တာမြတ်ဉာဏစိုးက "ဥပဒေထဲမှာကိုက ဒီတာဝန်ကို ခန့်အပ်တယ်လို့ ပါပြီးသားပါ။ ခန့်အပ်မည် ဆိုတာက တာဝန်ပေးအပ်စဉ်မှာ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူများက ယုံကြည်အားကိုးပြီး တစ်ခဲနက် ထောက်ခံမှု ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ပြည်ထောင်စု လွှတ်တော်က တာဝန်ပေးအပ်သည် လို့ပါတယ်။ ဒီဥပဒေကလည်း အတည်ပြုပြီး သွားပြီဆိုတော့ ဥပဒေအရ တာဝန်ပေးအပ် ပြီးသွားပြီ။ အဲဒီတော့ တာဝန်ပေးအပ်ပြီး ကြောင်းကို မှတ်တမ်းတင်ရုံပဲ ကျန်တော့တယ်။ ဒီဥပဒေ အတည်ပြုပြဋ္ဌာန်းပြီးတာနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်သွားပြီ" ဟု ပြောကြားသည်။
အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးအောင်ကြည်ညွန့်က "သမ္မတ လက်မှတ်ရေးထိုး ပြီးပြီဆိုတော့ ဥပဒေက အတည်ပြုပြီးပြီဆိုတော့ ပြန်တမ်းမှာ ကြေညာရုံပဲ ရှိတော့တယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်နိုင်ပြီ" ဟု ပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာဥပဒေ၏ နိဒါန်းတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးနှင့် ဈေးကွက်စီးပွားရေး စနစ်တို့ကို ကျင့်သုံးလျက် ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်တည် ဆောက်ရန်လည်းကောင်း၊ ပြည်သူများ လိုလားတောင့်တ နေကြသော စစ်မှန်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်ကို ခိုင်မာစွာ တည်ဆောက်နိုင်ရန် လည်းကောင်း ရေးသားပြဋ္ဌာန်းထားသည်။
ထို့ပြင် ဥပဒေကိုပြဋ္ဌာန်းရသည့် ရည် ရွယ်ချက်မှာပါတီစုံ ဒီမိုကရေစီစနစ် ထွန်းကားရေး၊ ဈေးကွက်စီးပွားရေးစနစ် ပီပြင်ရေး၊ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
ထို့အတူ ယင်းဥပဒေတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်လာမည့် ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားများအတွက် အကြံပြုချက်များ ပေးရမည်ဟု လည်းကောင်း၊ အကြံပြုချက်များ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်သို့ တာဝန်ခံရမည်ဟုလည်းကောင်း၊ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဤဥပဒေပါ ရည်ရွယ်ချက်များ အောင်မြင်စေရန်အတွက် အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ၊ လူပုဂ္ဂိုလ်များနှင့် ဆက်သွယ်ဆောင် ရွက်နိုင်သည်ဟုလည်းကောင်း၊ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ရာထူးအလျောက် ရရှိသည့် လစဉ်ချီးမြှင့်ငွေ၊ စရိတ်အဆောင်အယောင်နှင့် အခွင့်အရေးများကို ခံစားခွင့် ရှိသည်ဟု လည်းကောင်း၊ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များအတွက် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေတွင် ခွဲဝေသတ်မှတ် ထားရှိရမည်ဟု ထည့်သွင်း ပြဋ္ဌာန်းထားသည်။
အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရာထူးသက်တမ်းသည် နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်း အတိုင်းဖြစ်ပြီး ဥပဒေ၏ သက်ရောက်မှုသည်လည်း ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သက်တမ်းကာလတွင် တာဝန်ထမ်းဆောင်သည့် နိုင်ငံတော်သမ္မတ၏ သက်တမ်းကာလ အတွက်သာဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ကော့မှူးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ထပ်မံ ရွေးကောက်ခံခဲ့ရပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေ၏ ကန့်သတ်ချက်အရ နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်ခံပိုင်ခွင့် မရှိသောကြောင့် လက်ရှိတွင် ပြည်ထောင်စုဝန်ကြီး ရာထူးတာဝန်အား ရယူထားကာ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ သမ္မတရုံး ဝန်ကြီးဌာနတို့အား ပူးတွဲကိုင်တွယ်ထားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေအတည်ပြုပြီးဖြစ်၍ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်















