တောင်ကိုရီးယားတွင် အမေရိကန်က ပက်ထရိယော့ ဒုံးကျည်များကို ယာယီတိုးမြှင့်ချထား

တောင်ကိုရီးယားတွင် အမေရိကန်က ပက်ထရိယော့ ဒုံးကျည်များကို ယာယီတိုးမြှင့်ချထား
Published 13 February 2016

မြောက်ကိုရီးယားက မကြာသေးမီက စတုတ္ထအကြိမ်မြောက်  နျူကလီးယား စမ်းသပ်မှုနှင့် တာဝေးပစ် ဒုံးပျံပစ်လွှတ်ခဲ့မှုအပြီး အမေရိကန်က တောင်ကိုရီးယားတွင် ပက်ထရိယော့ဒုံးကျည်များကို ယာယီတိုးမြှင့်ချထားခဲ့ကြောင်း US Forces Korea ကဖေဖော်ဝါရီ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။ တရုတ်က ဆန့်ကျင်နေသော အမေရိကန်၏ အဆင့်မြင့် ဒုံးခွင်းစနစ်ကို ချထားရေးနှင့် ပတ်သက်၍ အမေရိကန်နှင့် တောင်ကိုရီးယားအကြား အသေးစိတ် စတင်ဆွေးနွေးနေစဉ် ယင်းကဲ့သို့ ချထားခဲ့ခြင်းဖြစ်သည်။မြောက်ကိုရီးယား၏ မကြာသေးမီက ရန်စမှုကို တုံ့ပြန်ရန် အရေးပေါ် အသင့်ပြင် လေ့ကျင့်မှု တစ်စိတ်တစ်ပိုင်းအဖြစ် ယင်းဒုံးကျည်များကို ချထားခြင်းဖြစ်ကြောင်း၊ ယင်းဒုံးကျည်များကို တက္ကဆက်ရှိ Fort Bliss မှနေ၍ အစောဆုံးအနေဖြင့် ယခုသီတင်းပတ်တွင် စတင်သယ်ဆောင်လာမည်ဖြစ်ကြောင်း US Forces Korea ကကြေညာချက် ထုတ်ပြန်ခဲ့သည်။ ယင်းကဲ့သို့ လေ့ကျင့်မှုများသည် မြောက်ကိုရီးယားမှ တိုက်ခိုက်မှုကို ကာကွယ်ရန် မိမိတို့က အမြဲတမ်း အသင့်ဖြစ်နေစေရန်ဖြစ်ကြောင်း US Eighth Arm ၏တပ်မှူးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး သောမတ်စ်ဗန်ဒယ်က ပြောကြားခဲ့သည်။ဆိုးလ်တောင်ဘက် ၄၇ ကီလိုမီတာ (မိုင် ၃၀) ခန့်ရှိ အိုဆန်လေတပ်စခန်းမှ Eighth Army ၏ အမှတ်-၃၅ လေကြောင်း ကာကွယ်ရေး အမြောက်တပ်ဖွဲ့က ပဲ့ထိန်းဒုံးခွင်းစနစ် လေ့ကျင့်မှုတွင် တိုးမြှင့်ချထားမည့် ယင်းဒုံးခွင်းစနစ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ယင်းတပ်ဖွဲ့တွင် ပက်ထရိယော့ တပ်ရင်းနှစ်ခုရှိပြီး တပ်ရင်းတစ်ခုတွင် ပက်ထရိယော့ ဒုံးခွင်းစနစ် လေးခုစီရှိသည်ဟု သတင်းများက ဖော်ပြခဲ့သည်။မြောက်ကိုရီးယားက တာဝေးပစ် ဒုံးပျံပစ်လွှတ်ခဲ့ပြီးနောက် နာရီပိုင်းအတွင်း အမေရိကန်က တောင်ကိုရီးယားတွင်Termi-nal High Attitude Area Defence System (THAAD) ကိုအမြန်ဆုံး ချထားရန်အတွက် စတင်ဆွေးနွေးရန် ဆန္ဒရှိကြောင်း ကြေညာခဲ့သည်။ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနမှ ထိပ်တန်းတာဝန်ရှိသူတစ်ဦးက THAAD ကိုချထားရန် အသေးစိတ် ဆွေးနွေးမှုကို လာမည့်သီတင်းပတ်တွင် စတင်မည်ဟု ဆိုသည်။ယင်းလက်နက်များသည် ဒေသတွင်း၌ လက်နက်အားပြိုင်ပွဲ ဖြစ်ပွားစေနိုင်ကြောင်း တရုတ်နှင့်ရုရှားတို့က ကန့်ကွက်ခဲ့သည်။ တောင်ကိုရီးယားသည် THAAD ကိုချထားရန်အတွက် တရားဝင်ဆွေးနွေးမှုကို ယခင်က ပယ်ချခဲ့သော်လည်း မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုများနှင့် ပြုံယမ်းကို ပိတ်ဆို့အရေးယူမည့် အစီအစဉ်အား တရုတ်က ကန့်ကွက်မှုများကြောင့် ယခုကဲ့သို့ ရပ်တည်ချက် ပြောင်းလဲခဲ့ခြင်းဖြစ်သည်။Ref : AFP

Most Read

Most Recent