နေတိုး၏ ဆုံးဖြတ်ချက်ကြောင့် တူရကီက ဒုက္ခသည်များကို ဥရောပသို့ စေလွှတ်မည်ဟု ခြိမ်းခြောက်

နေတိုး၏ ဆုံးဖြတ်ချက်ကြောင့် တူရကီက ဒုက္ခသည်များကို ဥရောပသို့ စေလွှတ်မည်ဟု ခြိမ်းခြောက်
Published 12 February 2016

နေတိုးစစ်အုပ်စုက ရွှေ့ပြောင်း အခြေချသူများ အကျပ်အတည်း လျော့ပါးစေရန် အေဂျီယန်ပင်လယ် အတွင်းသို့ သင်္ဘောများ ချထားမည်ဟု ကတိပြုခဲ့သည့် အချိန်တွင် တူရကီသမ္မတ ရီဆပ်တေယစ်အာဒိုဂန်က တူရကီနိုင်ငံ အတွင်းရှိ သန်းနှင့်ချီသော ဒုက္ခသည်များကို ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများသို့ စေလွှတ်မည်ဟု ဖေဖော်ဝါရီ ၁၁ ရက်တွင် ခြိမ်းခြောက် ပြောကြားခဲ့သည်။
အာဒိုဂန်က အင်ကာရာတွင် ရွှေ့ပြောင်းအခြေချသူများနှင့် ပတ်သက်သည့် အနောက်တိုင်းမူဝါဒကို ရှုတ်ချပြောဆိုမှုများအား အရှိန်မြှင့်ခဲ့ရာ၌ နိုဝင်ဘာတွင် ကျင်းပမည့် ထိပ်သီးဆွေးနွေးပွဲ တစ်ခု၌ ဥရောပ ခေါင်းဆောင်များအား တူရကီအနေဖြင့် ဒုက္ခသည်များကို လက်မခံနိုင်တော့ကြောင်း ခြိမ်းခြောက် ပြောကြားမည်ဟု အတည်ပြုခဲ့သည်။
လွန်ခဲ့သည့် နှစ်အတွင်း ဒုက္ခသည် တစ်သန်းခန့်သည် အလွန်အန္တရာယ်များသော ဥရောပခရီးစဉ်ကို ထွက်ခွာခဲ့ကြပြီးနောက် တူရကီမှနေ၍ အေဂျီယန်ပင်လယ်ကို နေ့စဉ်ဖြတ်ကူးနေဆဲ ဒုက္ခသည် အရေအတွက်သည် ထောင်နှင့်ချီလျက် ရှိသောကြောင့် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ၏ မြို့တော်များ၌ စိုးရိမ်မှုများ ကြီးထွားလာလျက်ရှိသည်။
ဂရိက ၎င်းတို့၏ ရေပြင်ပိုင်နက်အတွင်း တွေ့ရှိရသည့် မည်သူ့ကိုမဆို တူရကီသို့ ပြန်လွှတ်ရန် စဉ်းစားနေချိန်တွင် နေတိုးက ရွှေ့ပြောင်းအခြေချသူများ ဝင်ရောက်မှုကို နှိမ်နင်းရန်အတွက် အေဂျီယန်ပင်လယ် အတွင်းသို့ ရေတပ်အဖွဲ့တစ်ဖွဲ့ စေလွှတ်ရန် သဘောတူခဲ့သည်။
ယခုလက်ရှိအချိန်၌ ဒုက္ခသည် သုံးသန်းခန့် လက်ခံထားသည့် တူရကီသည်လည်း ဥရောပ သမဂ္ဂအောက်၌ ရှိနေပြီး ဆီးရီးယား အစိုးရတပ်များ အလက်ပိုမြို့ကို ချဉ်းကပ်တိုက်ခိုက်နေစဉ် ထွက်ပြေးလာသည့် ဆီးရီးယား ဒုက္ခသည် သောင်းနှင့်ချီလျက်ကို လက်ခံရန် ကုလသမဂ္ဂက ဖိအားပေးလျက်ရှိသည်။
အာဒိုဂန်က တူရကီအနေဖြင့် ဆန္ဒရှိပါက ဒုက္ခသည်များကို နိုင်ငံအတွင်းမှ နှင်ထုတ်နိုင်သည့် အခွင့်အရေး အပြည့်အဝရှိကြောင်း ပြောကြားခဲ့သည်။
Ref : AFP

Most Read

Most Recent