ဗင်ဂိုး၏ ပန်းချီကားထဲမှ အိပ်ခန်းပုံစံတူ နေရာတွင် တစ်ည ၁၀ ဒေါ်လာဖြင့် နေထိုင်နိုင်မည်

ဗင်ဂိုး၏ ပန်းချီကားထဲမှ အိပ်ခန်းပုံစံတူ နေရာတွင် တစ်ည ၁၀ ဒေါ်လာဖြင့် နေထိုင်နိုင်မည်
Published 12 February 2016

ကမ္ဘာကျော်ပန်းချီဆရာ ဗင်းဆင့်ဗင်ဂိုး၏ အိပ်ခန်းပန်းချီကားကို ပြန်လည်ဖန်တီးထားသော အိပ်ခန်းတွင် တစ်ည ၁၀ ဒေါ်လာဖြင့် နေထိုင်နိုင်ရန် ရှီကာဂို အနုပညာသိပ္ပံက စီစဉ်ပေးနေကြောင်း သိရသည်။ ပန်းချီချစ်သူများသည် ဗင်ဂိုး၏ အိပ်ခန်းတွင် နေထိုင်ရန် ကြိုတင်စာရင်း ပေးထားသည်မှာ ဖေဖော်ဝါရီ တစ်လလုံးအတွက် ပြည့်နေကြောင်း သိရသည်။
ရှီကာဂို အနုပညာသိပ္ပံမှ ပညာရှင်တစ်စုသည် သစ်သားပရိဘောဂများဖြင့် ဗင်ဂိုး၏ အိပ်ခန်း ပန်းချီကားကို အသက်သွင်းခဲ့ပြီး ပြတိုက်အဖြစ် ဖန်တီးခဲ့ကြသည်။ ယင်းအိပ်ခန်းတွင် တစ်ဦးလျှင် တစ်ညသာ နေထိုင်ခွင့်ပြုပြီး လက်မှတ် ဝယ်ယူသူများသည် ပြတိုက်နှင့် ဗင်ဂိုး၏ အိပ်ခန်း ပန်းချီကား သုံးမျိုးစလုံး အတူတကွ ပြသထားသည့် ပြခန်းကိုလည်း ကြည့်ရှုခွင့်ရမည် ဖြစ်သည်။
၁၈၈၈ ခုနှစ်မှ ၁၈၈၉ ခုနှစ် အတွင်း ပြင်သစ်ရှိ အာလေမှ အခန်းကို ဗင်ဂိုးက ပန်းချီကားသုံးကား ရေးဆွဲခဲ့သည်။
ရှီကာဂို အနုပညာသိပ္ပံက ယင်းအိပ်ခန်းကို ဖေဖော်ဝါရီ ၁၄ ရက်မှ မေ ၁၀ ရက်ထိ ဖွင့်လှစ်ထားမည် ဖြစ်ကြောင်း သိရသည်။
Ref : AFP
 

Most Read

Most Recent