ဝီကီလိခ်ဝက်ဘ်ဆိုက် ထူထောင်သူ အဆန်ဂ်အား လွတ်လပ်ခွင့်ပေးသင့်ဟု ကုလသမဂ္ဂ ဆုံးဖြတ်

ဝီကီလိခ်ဝက်ဘ်ဆိုက် ထူထောင်သူ အဆန်ဂ်အား လွတ်လပ်ခွင့်ပေးသင့်ဟု ကုလသမဂ္ဂ ဆုံးဖြတ်
Published 5 February 2016

ဝီကီလိခ်ဝက်ဘ်ဆိုက် ထူထောင်သူ ဂျူလီယန်အဆန်ဂ်သည် ကုလသမဂ္ဂ လုပ်ငန်းအဖွဲ့က သူ့အား တရားမဝင် ထိန်းသိမ်းထားခြင်း ဟုတ် မဟုတ် ဆုံးဖြတ်အပြီးတွင် သုံးနှစ်ကျော်ကြာ နေထိုင်ခဲ့သည့် လန်ဒန်မြို့ အီကွေဒေါသံရုံးမှ ဖေဖော်ဝါရီ ၅ ရက်တွင် ထွက်ခွာဖွယ်ရှိကြောင်း သိရသည်။
တစ်ဖက်သတ် ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် ပတ်သက်သည့် ကုလသမဂ္ဂ လုပ်ငန်းအဖွဲ့ (UNWGAD) အဖွဲ့က အဆန်ဂ်အား ထိန်းသိမ်းထားမှုကို အဆုံးသတ်သင့်ကြောင်း ဖေဖော်ဝါရီ  ၅ ရက်တွင် တရားဝင် ဆုံးဖြတ်လိုက်သည်။ (UNWGAD) ၏ ကောက်ချက်သည် တရားစီရင်ရေးနှင့် မပတ်သက်သော်လည်း အဆန်ဂ် (၄၄ နှစ်) က သံရုံးအတွင်း သုံးနှစ်ခွဲကြာ နေထိုင်ခဲ့ရပြီးနောက် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်က သူ၏အနေအထားကို ပြောင်းလဲပေးနိုင် လိမ့်မည်ဟု မျှော်လင့်ရသည်။
ကုလသမဂ္ဂအဖွဲ့က တရားမဝင် ထိန်းသိမ်းမှု ခံခဲ့ရသည့်အတွက် သူ့အား မုဒိမ်းမှုဖြင့် စွဲချက်တင်ထားသော ဆွီဒင်နှင့် ဗြိတိန်နိုင်ငံတို့ထံမှ လျော်ကြေးပင် တောင်းခံနိုင်သည်ဟု ပြောကြားခဲ့သည်။
ကုလသမဂ္ဂလုပ်ငန်း အဖွဲ့က အနိုင်ပေးခဲ့ပါက သူသည် သူ၏ ပတ်စ်ပို့ကို ချက်ခြင်းပြန်လည် ရယူမည်ဖြစ်ပြီး သူ့အား ထပ်မံဖမ်းဆီးရန် ကြိုးပမ်းမှုများကိုလည်း အဆုံးသတ်လိမ့်မည်ဟု မျှော်လင့်ကြောင်း အဆန်ဂ်က ကြိုတင် ပြောကြားထားခဲ့သည်။
သို့သော် ဗြိတိန်နှင့် ဆွီဒင်တို့က ကုလသမဂ္ဂအဖွဲ့၏ ဆုံးဖြတ်ချက်ကို ချက်ချင်း ပယ်ချခဲ့ကြောင်း သိရသည်။       
Ref : AFP

Most Read

Most Recent