တက္ကဆက်တွင် လိင်ဆက်ဆံမှုမှတစ်ဆင့် ဇီကာဗိုင်းရပ်စ် ကူးစက်မှု ဖြစ်ပွားခဲ့ကြောင်း အမေရိကန်ကျန်းမာရေးအာဏာပိုင်များ အတည်ပြု

တက္ကဆက်တွင် လိင်ဆက်ဆံမှုမှတစ်ဆင့် ဇီကာဗိုင်းရပ်စ် ကူးစက်မှု ဖြစ်ပွားခဲ့ကြောင်း အမေရိကန်ကျန်းမာရေးအာဏာပိုင်များ အတည်ပြု
Published 3 February 2016
Ref:AFP

ဇီကာဗိုင်းရပ်စ်သည် လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်ကြောင်း အမေရိကန်ကျန်းမာရေးအာဏာပိုင်များက ဖေဖော်ဝါရီ ၂ ရက်တွင် အတည်ပြုခဲ့သည်။ တောင်အမေရိကတွင် ဦးနှောက်ပျက်စီးသော ကလေးများမွေးဖွားမှု မြင့်တက်လာခြင်းအတွက် အဓိကဖြစ်သော ဇီကာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အရေးပေါ်အခြေအနေ ကြေညာထားသည်။ ဇီကာဗိုင်းရပ်စ်သည် ခြင်မှတစ်ဆင့်သာမကဘဲ လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်နေကြောင်း တက္ကဆက်ရှိ ကျန်းမာရေးအာဏာပိုင်များက အတည်ပြုခဲ့သည်။ရောဂါကူးစက်သည့် ဒေသများမှ ပြန်လာသည့်ခရီးသွားများတွင်သာ ဇီကာဗိုင်းရပ်စ်ကူးစက်မှုရှိသည့် အမေရိကန်၊ ကနေဒါ နှင့် ဥရောပတွင် ယခုအခါ ဇီကာဗိုင်းရပ်စ်အတွက် ပိုမိုစိုးရိမ်ရသည့်အခြေအနေ ဖြစ်လာခဲ့သည်။ဇီကာဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားနေသော နိုင်ငံတစ်နိုင်ငံမှ ပြန်လာသည့် မကျန်းမမာဖြစ်နေသော လူတစ်ဦးနှင့် လိင်ဆက်ဆံမှုမှတစ်ဆင့် ဇီကာဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားခဲ့ကြောင်း ဒါးလက်ကောင်တီမှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ဗင်နီဇွဲလားသို့ ခရီးသွားခဲ့သော လူတစ်ဦးထံမှ ဗိုင်းရပ်စ်ကူးစက်ခံရမှု ဖြစ်ပွားခဲ့ကြောင်းလည်း ဒါးလက်ကောင်တီက ကြေညာခဲ့ရာ ဗင်နီဇွဲလားမှ ဒုတိယမြောက် ဇီကာကူးစက်ခံရမှု ဖြစ်လာခဲ့သည်။၁၉၄၇ ခုနှစ်က ယူဂန္ဓာတွင် ပထမဆုံးတွေ့ရှိခဲ့သော ဇီကာဗိုင်းရပ်စ်သည် လက်တင်အမေရိကနိုင်ငံများတွင် အဆိုးရွားဆုံး ဖြစ်ပွားနေသည်။          

Most Read

Most Recent