Apple ကုမ္ပဏီက ဓာတ်လိုက်နိုင်သည့် အန္တရာယ်ကြောင့် Adapter များကို ပြန်လည်ရုပ်သိမ်းလိုက်ရ

Apple ကုမ္ပဏီက ဓာတ်လိုက်နိုင်သည့် အန္တရာယ်ကြောင့် Adapter များကို ပြန်လည်ရုပ်သိမ်းလိုက်ရ
Published 31 January 2016
Ref: AFP

ဓာတ်လိုက်သည့် အန္တရာယ် ဖြစ်ပွားနိုင်သောကြောင့် Apple ကုမ္ပဏီသည် သူ၏ Adapter သန်းပေါင်းများစွာကို ဇန်နဝါရီ ၂၉ ရက်၌ ပြန်လည်ရုပ်သိမ်းလိုက်ရကြောင်း သိရသည်။Apple က ရုပ်သိမ်းလိုက်ရသော နံရံကပ်ခက်ရင်းခွ Adapter နှစ်မျိုးသည် ဥရောပ၊ သြစတြေးလျ၊ နယူးဇီလန်၊ ကိုရီးယား၊ အာဂျင်တီးနားနှင့် ဘရာဇီးတို့တွင် အသုံးပြုရန် ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်သည်ဟု ဆိုသည်။ရုပ်သိမ်းလိုက်သည့် Adapter များကို ၂၀၀၃ ခုနှစ်နှင့် ၂၀၁၅ ခုနှစ် ကြားတွင် Macs နှင့် အခြား Apple ကိရိယာများနှင့်အတူ တင်ပို့ခဲ့ခြင်းဖြစ်ပြီး Apple World Travel Adapter Kit တွင်လည်း ပါဝင်ခဲ့သည်ဟု ဆိုသည်။အလွန်ဖြစ်ခေါင့်ဖြစ်ခဲ အနေအထားတွင် ယင်း Adapter များသည် ပျက်စီးနိုင်ပြီး ထိမိပါက ဓာတ်လိုက်နိုင်သည်ဟု Apple ကုမ္ပဏီက ထုတ်ပြန်ချက်တစ်ရပ်၌ ပြောကြားထားသည်။ “သုံးစွဲသူတွေ လုံခြုံမှုရှိရေးက Apple ကုမ္ပဏီရဲ့ ထိပ်ဆုံးဦးစားပေး ဖြစ်ပါတယ်။ အဲဒီ Adapter တွေကို အသစ်ပြန်ပြီး ဒီဇိုင်းရေးဆွဲထားတဲ့ Adapter တွေနဲ့ အခမဲ့ ပြန်လည် လဲလှယ်ပေးဖို့ ကျွန်တော်တို့ တမင်ဆုံးဖြတ်ခဲ့ပါတယ်”ဟု Apple က ပြောကြားခဲ့သည်။Adapter များ လဲလှယ်ခြင်းကို မည်သည့် Apple စတိုး သို့မဟုတ် Apple အသိအမှတ်ပြု ဝန်ဆောင်မှုပေးသည့် ဆိုင်များတွင်မဆို လဲလှယ်နိုင်ကြောင်း သိရသည်။   

Most Read

Most Recent