မကြာမီ ပြေးဆွဲမည့် BRTယာဉ်၏ ဘေးနှင့်နောက်မှ မောင်းနှင်မည့် အခြားယာဉ်များ သတိပြုမောင်းနှင်ကြရန် ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ အသိပေး

မကြာမီ ပြေးဆွဲမည့် BRTယာဉ်၏ ဘေးနှင့်နောက်မှ မောင်းနှင်မည့် အခြားယာဉ်များ သတိပြုမောင်းနှင်ကြရန် ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ အသိပေး
Published 29 January 2016
အောင်ရဲကို

မကြာမီ စတင်ပြေးဆွဲ မည့် BRT (Bus Rapid Transit) ယာဉ်များ၏ ဘေးနှင့် နောက်မှမောင်းနှင်မည့် အခြားယာဉ်များ သတိပြုမောင်းနှင်ရန် ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီက အသိပေးကြေညာမှုကို ဇန်နဝါရီ ၂၉ ရက်က ပြုလုပ်ခဲ့သည်။အဆိုပါ အသိပေးချက်အရ ရန်ကုန်မြို့တော်အတွင်း BRT (Bus Rapid Transit) ယာဉ်များ မကြာမီ ပြေးဆွဲတော့မည်ဖြစ်ရာ BRT ယာဉ်များသည် လမ်း၏ ထောင့်ချိုးနှင့် လွတ်ကင်းရန်အတွက် လမ်းအလယ် ဒုတိယယာဉ်ကြောဘက်မှ ကပ်မောင်း၍ အမြန်နှုန်းလျှော့ချပြီး ကွေ့မည်ဖြစ်ရာ BRT ယာဉ်ဘေးနှင့် နောက်မှမောင်းမည့် အခြားယာဉ်များ အနေဖြင့် သတိပြုမောင်းနှင်ရမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်ခဲ့သည်။BRT (Bus Rapid Transit) ယာဉ်များကို ကနဦးအနေဖြင့် ကမ္ဘာအေးစေတီလမ်းနှင့် ပြည်လမ်းတို့တွင် ပြေးဆွဲမည်ဖြစ်ပြီး ယာဉ်စီးခအား ပုံသေနှုန်းထားဖြင့် ကောက်ခံမည်ဖြစ်ကြောင်း၊ ယာဉ်စီးခကို မသတ်မှတ်ရသေးသော်လည်း အများပြည်သူတတ်နိုင်သည့် နှုန်းထားဖြင့် ပုံသေသတ်မှတ်ကောက်ခံမည်ဖြစ်ကြောင်း  သိရသည်။BRT (Bus Rapid Transit) ယာဉ်များတွင် လက်မှတ်စနစ် အသုံးပြုမည်ဖြစ်သောကြောင့်  ယာဉ်နောက်လိုက်ထားရှိမည် မဟုတ်ကြောင်း၊ လက်မှတ်များကို သက်ဆိုင်ရာ ဘတ်စ်ကားဂိတ် အနီးပတ်ဝန်းကျင်တွင် ဝယ်ယူနိုင်အောင် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း  ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီဥက္ကဋ္ဌ ဒေါက်တာမောင်အောင်က ပြောကြားထားသည်။ထိုကဲ့သို့ လစာပေးသည့်စနစ်ဖြင့် ကျင့်သုံးခြင်းကြောင့် ယာဉ်များ အပြိုင်အဆိုင် လုယက်မောင်းနှင်မှု လျော့နည်းသွားမည်ဖြစ်ပြီး နိုင်ငံတကာတွင်လည်း အလားတူ ကျင့်သုံးနေကြောင်း သိရသည်။အမြန်ဘတ်စ်ကားလိုင်းကို ပြည်လမ်း နှင့် ကမ္ဘာအေးစေတီလမ်းတို့တွင် ပထမအဆင့် အနေဖြင့် စတင်ပြေးဆွဲရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး ယင်းအတွက် ပြည်ပမှ ဘတ်စ်ကားအသစ် ၆၅ စီး တင်သွင်းထားကြောင်း သိရသည်။ ထိုသို့ တင်သွင်းရာတွင် နိုင်ငံစုံမှ တင်သွင်းထားခြင်းဖြစ်ပြီး လက်ရှိတွင် တရုတ်နိုင်ငံထုတ် ကားများဖြင့် စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent