အိန္ဒိယနိုင်ငံ မွမ်ဘိုင်းကမ်းခြေပေါ်သို့ ပေ ၄၀ နီးပါးရှည်သည့် ဝေလငါးကြီးတစ်ကောင် လာရောက်သောင်တင်

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းကမ်းခြေပေါ်သို့ ပေ ၄၀ နီးပါးရှည်သည့် ဝေလငါးကြီးတစ်ကောင် လာရောက်သောင်တင်
Published 29 January 2016

ရေနေသတ္တဝါ အသေကောင်များထက် အမှိုက်များသာ လာရောက် သောင်တင်လေ့ရှိသည့် မွမ်ဘိုင်းကမ်းရိုးတန်းမှ အထင်ရှားဆုံး ကမ်းခြေတစ်ခုတွင် ဇန်နဝါရီ ၂၉ ရက်က ပေ ၄၀ နီးပါးရှည်လျားသည် ဝေလငါးတစ်ကောင် လာရောက်သောင်တင်ခဲ့သည်။
Bryde's အမျိုးအစား ဝေလငါးကြီးသည် ဇန်နဝါရီ ၂၆ ရက်ကတည်းက သောင်တင်ခဲ့ခြင်းဖြစ်သည်။ ထိုငါးကြီးကို ကြည့်ရှုရန် လူရာပေါင်းများစွာ ဂျူဟူကမ်းခြေသို့ လာရောက်ခဲ့ကြသည်ဟု သိရသည်။ "၁၁ ဒသမ ၃ မီတာ( ၃၇ ပေ) ရှည်လျားပြီးတန် ၂၀ လေးပါတယ်။ ပြင်ပဒဏ်ရာတော့ မတွေ့ပါဘူး။ လွန်ခဲ့တဲ့ သုံးလေးရက်လောက်က သေတယ်လို့ ယူဆပါတယ်။ သေဆုံးရတဲ့ အကြောင်းရင်းကိုတော့ စစ်ဆေးနေပါတယ်" ဟု မဟာရာထရာ သစ်တောဌာနမှ အရာရှိ မက်ခရမ်ဂိုကီက ဆိုခဲ့သည်။ ထိုဝေလငါးကြီးကို အပြေးလေ့ကျင့်သူများက ဇန် နဝါရီ ၂၈ ရက်ညပိုင်းက ပထမဆုံး တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဂိုကီ၏ဌာနသို့ အကြောင်းကြားခဲ့သည်ဟု ဂိုကီက ဆိုခဲ့သည်။ ထိုဝေငါးကြီးကို ဝန်ချီစက်ကြီးတစ်ခုဖြင့် မရွှေ့မည်ဟု သိရသည်။                                    
အိန္ဒိယနိုင်ငံတောင်ပိုင်း တမီလ်နာဒူမှ ကမ်းခြေတစ်ခုတွင် ယခုလအတွင်းမှာပင် ဝေလငါးပေါင်း ၄၅ ကောင် သေဆုံးပြီး လာရောက်သောင်တင်ခဲ့ကြောင်း သိရသည်။ ဇွန်လကလည်း မွမ်ဘိုင်းမြို့တောင်ပိုင်း မိုင် ၆၀ အကွာမှ ကမ်းခြေတစ်ခုသို့ ၄၂ ပေရှည်သည့် ဝေလငါးပြာကြီးတစ်ကောင် လာရောက် သောင်တင်ခဲ့သည်ဟု သိရသည်။
မွမ်ဘိုင်းကမ်းရိုးတန်းမှ ကမ်းခြေများသည် ဒေသခံများသာမက နိုင်ငံခြားသားများကြား၌ပါ အလွန်ထင်ရှားသော်လည်း အမှိုက်မြောက်မြားစွာ ရံဖန်ရံခါ လာရောက် စုပုံလေ့ရှိသည်။ အထူးသဖြင့် မုတ်သုံလများတွင် ဒီရေလှိုင်းလှုံးများနှင့်အတူ အမှိုက်တန်နှင့်ချီ၍ လာရောက်သောင်တင်ကြသည်။                                    
Ref : AFP

Most Read

Most Recent