အဆိုတော်ရီဟားနားက အဋ္ဌမမြောက်အယ်လ်ဘမ်ကို Tidal ဝက်ဘ်ဆိုက်တွင် ဖြန့်ချိ

အဆိုတော်ရီဟားနားက အဋ္ဌမမြောက်အယ်လ်ဘမ်ကို Tidal ဝက်ဘ်ဆိုက်တွင် ဖြန့်ချိ
Published 29 January 2016

R & B  အဆိုတော်ရီဟားနားက သူ၏ အဋ္ဌမမြောက်အယ်လ်ဘမ် Anti ကို ကြိုတင် ကြေညာထားခြင်းမရှိဘဲ အွန်လိုင်း သီချင်းထုတ်လွှင့်သည့် ဝက်ဘ်ဆိုက် Tidal တွင် ဇန်နဝါရီ ၂၈ ရက်က ဖြန့်ချိခဲ့သည်။
ရက်ပ်အဆိုတော်ဒရိတ် နှင့် တွဲဖက်သီဆိုထားသောသီချင်းသစ် Work ကို ဖြန့်ချိခဲ့ပြီး နာရီအနည်းငယ်အ ကြာတွင် အယ်လ်ဘမ်သစ်ကို ရက်ပ်အဆိုတော် ဂျေဇီး ဦးစီးသည့် Tidal ဝက်ဘ်ဆိုက်၌ ဖြန့်ချိခဲ့ခြင်းဖြစ်သည်။
တောင်ကိုရီးယား အီလက်ထရွန်နစ်ကုမ္ပဏီ ဆမ်ဆောင်းက Anti  အယ်လ်ဘမ်ကို သူ၏ စမတ်ဖုန်းများတွင်နား ဆင်နိုင်ရန် ဝက်ဘ်ဆိုက်တစ်ခုကို လွှင့်တင်ခဲ့သည်။
 ရီဟားနား၏ ဖျော်ဖြေပွဲများအတွက် ဆမ်ဆောင်းက ကမကထပြုရန်သဘောတူ ထားပြီး ယင်းကုမ္ပဏီ ၏ ကြော်ငြာလုပ်ငန်းများ အတွက် ရီဟားနားသည် ဒေါ်လာ ၂၅ သန်း ရရှိခဲ့သည်ဟု သိရသည်။
ဆမ်ဆောင်း အသုံးပြုသူများသည် Anti  အယ်လ်ဘမ်ကို download လုပ်နိုင်မည် ဖြစ်ပြီး အွန်လိုင်းထုတ်လွှင့်မှု စမ်းသပ်နေသည့်ကာလအတွင်း နှစ်လ အခမဲ့ နားဆင်နိုင်မည်ဟု Tidal ဝက်ဘ်ဆိုက်က ထုတ်ပြန်ခဲ့သည်။
ရီဟားနားသည် သီချင်းရောင်းချမှု ဝင်ငွေစာရင်းတွင် စံချိန်သစ်တင်ခဲ့သည့် ဗြိတိန် အဆိုတော်အဒဲလ်၏ 25 အယ်လ်ဘမ်ကို မယှဉ်ပြိုင်ချင်သည့်အတွက်  Anti အယ်လ်ဘမ်ဖြန့်ချိရန် ကြန့်ကြာခဲ့သည်ဟု ဂီတ အသိုင်းအဝန်းမှလေ့လာသူ အချို့က ယူဆခဲ့သည်။
၂၀၁၅ ခုနှစ်က ဖြန့်ချိခဲ့သည့်  ပေါလ်မက္ကာနေ၊ ကာနေးဝက်စ်တို့နှင့် တွဲဖက်သီဆိုထားသည် FourFiveSeconds သီချင်းသည် ယင်းအယ်လ်ဘမ်သစ်တွင် မပါဝင်ခဲ့ပေ။
Anti အယ်လ်ဘမ်အတွက် ဖျော်ဖြေပွဲ ခရီးစဉ်ကို ဖေဖော်ဝါရီ ၂၆ ရက်တွင် ဆန်ဒီယာဂိုမြို့၌ စတင်မည်ဖြစ်ပြီးမြောက်အမေရိကနှင့် ဥရောပနိုင်ငံများတွင် စုစုပေါင်း ဖျော်ဖြေပွဲ ၇၀ ခန့်ပြုလုပ်သွားမည်ဟု စီစဉ်သူ Live Nation   က ထုတ်ပြန်ခဲ့သည်။
၂၀၀၅ ခုနှစ်တွင် ဂီတလောကသို့ ဝင်ရောက်ခဲ့ပြီး ၂၁ ရာစုတွင် ရောင်းအားအကောင်း ဆုံး အဆိုတော်တစ်ဦးဖြစ်လာသည့် ရီဟားနားသည် ၂၀၁၂ ခုနှစ်နောက်ပိုင်းတွင် အယ်လ်ဘမ်သစ်မဖြန့်ချိခဲ့ပေ။

Most Read

Most Recent