ဂျပန်ဧကရာဇ်က ဖိလစ်ပိုင်သို့ သမိုင်းဝင် ခရီးစဉ်တွင် ဒုတိယကမ္ဘာစစ်သချုႋင်းသို့ သွားရောက်မည်

ဂျပန်ဧကရာဇ်က ဖိလစ်ပိုင်သို့ သမိုင်းဝင် ခရီးစဉ်တွင် ဒုတိယကမ္ဘာစစ်သချုႋင်းသို့ သွားရောက်မည်
Published 27 January 2016

ဂျပန်ဧကရာဇ် အကီဟီတိုသည် ၎င်း၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မြှင့်တင်ရန်အတွက် ဖိလစ်ပိုင်သို့ သမိုင်းဝင် ခရီးစဉ် သွားaရာက်စဉ် ဒုတိယကမ္ဘာစစ်အတွင်း သေဆုံးခဲ့သော ထောင်နှင့်ချီသည့် ဖိလစ်ပိုင်စစ်သားများကို မြှုပ်နှံထားသည့် သချုႋင်းသို့ သွားaရာက်မည်ဖြစ်ကြောင်း သိရသည်။နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး အနှစ် (၆၀) ပြည့်အဖြစ် နူးညံ့စွာ ပြုံးတတ်သည့် အသက် ၈၂ နှစ်ရှိ အကီဟီတိုနှင့် မိဖုရား မီချီကိုတို့သည် ဖိလစ်ပိုင်သို့ ငါးရက်ကြာ သွားရောက်ခြင်းဖြစ်ပြီး ဖိလစ်ပိုင်ကို ဂျပန်၏ ရက်စက်စွာ အုပ်စိုးမှုအတွင်း သေဆုံးခဲ့ရသူများအတွက် အထိမ်းအမှတ် ပြုလုပ်ထားသည့် နေရာကို သွားရောက်မည်ဖြစ်သည်။ဖိလစ်ပိုင်တွင် ဒုတိယကမ္ဘာစစ်အတွင်း ဖိလစ်ပိုင်၊ အမေရိကန်နှင့် ဂျပန်နိုင်ငံသား အများအပြား သေဆုံးခဲ့ရကြောင်း အကီဟီတိုက ဇန်နဝါရီ ၂၆ ရက်တွင် ဖိလစ်ပိုင်သို့ မသွားမီ ပြောကြားခဲ့သည်။ အထူးသဖြင့် ၁၉၄၅ ခုနှစ်တွင် လေကြောင်းဗုံးကြဲမှုများနှင့် တိုက်ခိုက်မှုများကြောင့် လူပေါင်း တစ်သိန်းအထိ သေဆုံးခဲ့ရသည့် လနှင့်ချီ ကြာမြင့်ခဲ့သော မနီလာ လွတ်မြောက်ရေး တိုက်ပွဲကို ၎င်းက အထူးပြု ပြောကြားခဲ့သည်။အကီဟီတို၏ ခရီးစဉ်သည် ဂျပန်ဧကရာဇ်အဖြစ် ဖိလစ်ပိုင်သို့ ပထမဆုံးအကြိမ် သွားရောက်မှုဖြစ်ပြီး တောင်တရုတ်ပင်လယ်တွင် တရုတ်၏ လုပ်ရပ်များကို တန်ပြန်ရန်အတွက် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကာကွယ်ရေး ဆက်ဆံမှု တိုးမြှင့်နေချိန်၌ သွားရောက်ခဲ့ခြင်းဖြစ်သည်။ဇန်နဝါရီ ၂၇ ရက် နံနက်တွင် မနီလာသို့ ရောက်ရှိလာသော အကီဟီတိုကို ဖိလစ်ပိုင်သမ္မတ ဘီနစ်နိုအကွီနိုက သမ္မတနန်းတော်၌ ကော်ဇောနီဖြင့် ကြိုဆိုခဲ့သည်။ ဂျပန်ဧကရာဇ်သည် သေဆုံးခဲ့သော ဖိလစ်ပိုင်စစ်သားများအတွက် ၁၉၄၇ ခုနှစ်တွင် ဂုဏ်ပြုတည်ဆောက်ခဲ့သည့် မနီလာရှိ Libinganngmga Bayani (Heros' Cemetery) သို့  မွန်းလွဲပိုင်းတွင် သွားရောက်ခဲ့သည်။ မနီလာမှ ကားဖြင့် သုံးနာရီခန့် သွားရသော အပန်းဖြေစခန်းရွာ ကာလီရာယာရှိ ဂျပန်စစ်သားများအား မြှုပ်နှံထားသည့် သချုႋင်းသို့လည်း အကီဟီတိုက ဇန်နဝါရီ ၂၉ ရက်တွင် သွားရောက်မည်ဖြစ်သည်။ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်၏ လုပ်ရပ်များအတွက် နောင်တရမိကြောင်း အကီဟီတို၏ ထုတ်ပြန်မှုများသည် နိုင်ငံတကာတွင် ဂျပန်၏ပုံရိပ်ကို တိုးတက်ကောင်းမွန်စေပြီး အစိုးရက အမျိုးသားရေးဝါဒီဘက် ပို၍ တိမ်းညွှတ်နေမှုကို တန်ပြန်ချိန်ညှိနေကြောင်း မနီလာအခြေစိုက် နိုင်ငံရေးသုတေသီ ရစ်ချက်ဂျာဗက်ဟေးဒါရန်က ပြောကြားခဲ့သည်။ကွန်ဆာဗေးတစ်ဝါဒီ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ငြိမ်းချမ်းရေး လိုလားသော အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရန် ကြိုးပမ်းနေသည်။ စစ်ပွဲကာလအတွင်း ဂျပန်၏ လုပ်ရပ်များကို အနာဂတ် မျိုးဆက်များက တောင်းပန်မှု မပြုလုပ်သင့်ကြောင်း အာဘေးက ပြီးခဲ့သောနှစ်တွင် ပြောကြားခဲ့ရာ အိမ်နီးချင်း တရုတ်နှင့် တောင်ကိုရီးယားတို့က ဒေါသထွက်ခဲ့ကြသည်။Ref: AFP 

Most Read

Most Recent