ဂျပန်နိုင်ငံ ခရီးစဉ်အတွင်း ဂျပန်လွှတ်တော် အမတ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် မြန်မာနိုင်ငံကို အကူအညီများ ဆက်လက် ပေးသွားမည်ဟုဆိုကြောင်း ဦးအေးသာအောင် ပြောကြား

ဂျပန်နိုင်ငံ ခရီးစဉ်အတွင်း ဂျပန်လွှတ်တော် အမတ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် မြန်မာနိုင်ငံကို အကူအညီများ ဆက်လက် ပေးသွားမည်ဟုဆိုကြောင်း ဦးအေးသာအောင် ပြောကြား
Published 26 January 2016
ကျော်ဇင်ဝင်း

ဂျပန်နိုင်ငံ ခရီးစဉ်အတွင်း ဂျပန်လွှတ်တော် အမတ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် မြန်မာနိုင်ငံကို အကူအညီများ ဆက်လက် ပေးသွားမည်ဟုဆိုကြောင်း ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအေးသာအောင်က ပြောကြားသည်။
ဦးအေးသာအောင်သည် ဂျပန်နိုင်ငံသို့ ဇန်နဝါရီ ၂၁ ရက်မှ ၂၅ ရက်ထိ ငါးရက်ကြာ လေ့လာခရီး သွားရောက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ခရီးစဉ်အား ဂျပန်နိုင်ငံရှိ ဒုတိယကမ္ဘာစစ် စစ်ပြန်အဖွဲ့မှ ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါခရီးစဉ်အတွင်း ဂျပန်နိုင်ငံရှိ အစားအသောက်နှင့် ဆေးဝါးများ ဓာတ်ခွဲစမ်းသပ်ခန်းများ ရှိသည့် နေရာအား အဓိက သွားရောက်လေ့လာခဲ့ပြီး ဂျပန်လွှတ်တော် အမတ်များနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ၎င်းက ပြောကြားသည်။
“လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ခဲ့ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကတော့ ဝန်ကြီးချုပ်က တာဝန်ပေးထားတဲ့ ပုဂ္ဂိုလ်ပေါ့။ သူနဲ့တွေ့ပြီးတော့ ဆွေးနွေးဖြစ်ပါတယ်။ မြန်မာနိုင်ငံ အပြောင်းအလဲ ဖြစ်သွားတဲ့အပေါ်မှာ ဂျပန်အစိုးရအနေနဲ့ အားရ ကျေနပ်မှုရှိတယ်။ မြန်မာနိုင်ငံကို အကူအညီပေးဖို့ ဆန္ဒရှိတယ်။ သဘောထား ရှိတယ်ဆိုတာကို ပြောပြပါတယ်”ဟု ဦးအေးသာအောင်က ပြောကြားသည်။
ထို့အတူ ဦးအေးသာအောင်သည် ဂျပန်နိုင်ငံရှိ စိုက်ပျိုးရေးလုပ်ငန်းများကိုလည်း သွားရောက် လေ့လာခဲ့ပြီး ဂျပန်နိုင်ငံရောက် ရခိုင်တိုင်းရင်းသားများ အပါအဝင်  တိုင်းရင်းသား ပေါင်းစုံနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။              

Most Read

Most Recent