ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သားလျှင် ကျပ် ၇၇၈၀၀၀ အထိ မြင့်တက်လာပြီး နှစ်ရက်အတွင်း ကျပ် ၁၀၀၀၀ ကျော် မြင့်တက်လာခြင်းဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ပြည်တွင်းရွှေဈေးမှာ ကမ္ဘာ့ရွှေဈေး မြင့်တက်မှုကြောင့် ဇန်နဝါရီ ၂၀ ရက်မှ စတင် မြင့်တက်ခဲ့ခြင်းဖြစ်ကာ ဇန်နဝါရီ ၂၆ ရက်တွင် တစ်ကျပ်သားလျှင် ကျပ် ၇၇၈၀၀၀ အထိ မြင့်တက်မှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ရွှေဈေးက တစ်ကျပ်သားကို ကျပ် ၇၇၇၀၀၀ ဈေး ရှိနေတယ်။ ကမ္ဘာ့ရွှေဈေး တက်လို့တက်နေတာ။ ပြည်တွင်းမှာတော့ အရောင်းအဝယ် အခြေအနေက ပုံမှန်ပါပဲ”ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။
ကမ္ဘာ့ရွှေဈေးမှာ ဇန်နဝါရီ ၂ ရက်က တစ်အောင်စလျှင် ဒေါ်လာ ၁၀၆၀ ရှိပြီး ဇန်နဝါရီ ၁၈ ရက်တွင် ၁၀၉၁ ဒေါ်လာ၊ ဇန်နဝါရီ ၁၉ ရက်တွင် ၁၀၈၉ ဒေါ်လာနှင့် ဇန်နဝါရီ ၂၀ ရက်တွင် တစ်အောင်စလျှင် ဒေါ်လာ ၁၀၉၆ ကျော်၊ ဇန်နဝါရီ ၂၃ ရက်တွင် တစ်အောင်စလျှင် ဒေါ်လာ ၁၀၉၇ ဒေါ်လာသို့ မြင့်တက်မှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကာ ဇန်နဝါရီ ၂၅ ရက်တွင် တစ်အောင်စလျှင် ဒေါ်လာ ၁၁၀၆ ဒသမ ၂၀ ဖြင့် ဈေးပိတ်ကာ ဇန်နဝါရီ ၂၆ ရက် (ညနေပိုင်း) တွင် တစ်အောင်စလျှင် ဒေါ်လာ ၁၁၁၅ ကျော် ဈေးရှိကြောင်း သိရသည်။
ကမ္ဘာ့ရွှေဈေး မြင့်တက်မှုကြောင့် ပြည်တွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၇၅၆၅၀၀ ရှိရာမှ ကျပ် ၇၆၅၀၀၀ ၊ ဇန်နဝါရီ ၂၅ ရက်တွင် ကျပ် ၇၆၇၀၀၀ ပေါက်ဈေးရှိကာ ဇန်နဝါရီ ၂၆ ရက်တွင် တစ်ကျပ်သားလျှင် ကျပ် ၇၇၈၀၀၀ ပေါက်ဈေး ရှိကြောင်း သိရသည်။
လက်ရှိတွင် ဒေါ်လာလဲနှုန်း ကျဆင်းမှု ဖြစ်ပေါ်နေသော်လည်း ကမ္ဘာ့ရွှေဈေး မြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေးနှုန်း ပြန်လည် မြင့်တက်နေခြင်း ဖြစ်ကြောင်း သိရသည်။ ဇန်နဝါရီ ၂၆ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၇၇၈၀၀၀ ဝန်းကျင်ရှိကာ ၁၅ ပဲရည် တစ်ကျပ်သားလျှင် ကျပ် ၇၃၂၂၀၀ ဝန်းကျင် ပေါက်ဈေးရှိကြောင်း အောင်သမာဓိရွှေဆိုင်မှ သိရသည်။
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သားလျှင် ကျပ် ၇၇၈၀၀၀ အထိ မြင့်တက်လာပြီး နှစ်ရက်အတွင်း ကျပ် ၁၀၀၀၀ ကျော် မြင့်တက်















