နယူယောက်မြို့တော်ဝန်ဟောင်း ဘီလျံနာ ဘလွန်းဘတ်က အမေရိကန်သမ္မတရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် စဉ်းစားနေ

နယူယောက်မြို့တော်ဝန်ဟောင်း ဘီလျံနာ ဘလွန်းဘတ်က အမေရိကန်သမ္မတရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် စဉ်းစားနေ
Published 24 January 2016

အမေရိကန်ဘီလျံနာနှင့် နယူးယောက်မြို့တော်ဝန်ဟောင်း မိုက်ကယ်ဘလွန်းဘတ်သည် အမေရိကန်သမ္မတရွေးကောက်ပွဲ၌ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် စဉ်းစားနေကြောင်း နယူးယောက်တိုင်းမ် သတင်းစာတွင် ဇန်နဝါရီ ၂၃ ရက်က ဖော်ပြခဲ့သည်။အသက် ၇၃ နှစ်အရွယ် စီးပွားရေးလုပ်ငန်းရှင်ဘလွန်းဘတ်သည် လက်ရှိတွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရေးအတွက် အစီအစဉ်များ ဆွဲနေပြီး ယင်းအတွက် ၎င်း၏ပိုင်ဆိုင်မှုများထဲမှ ဒေါ်လာတစ်ဘီလျံ သုံးစွဲရန်လျာထားသည်ဟု အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏ ပြောကြားချက်ကို ကိုးကားပြီး တိုင်းမ်တွင် ဖော်ပြခဲ့သည်။ရီပက်ဘလီကင်တွင် ဒေါ်နယ်ထရမ့်၊ ဒီမိုကရတ်တစ်ပါတီတွင် ဘာနေးဆန်ဒါးတို့ ပါတီကိုယ်စားလှယ်လောင်းအဖြစ် အသီးသီး ရွေးချယ်ခံရလျှင် ရီပက်ဘလီကင်ဘဝမှ တစ်သီးပုဂ္ဂလအဖြစ်သို့ ကူးပြောင်းလာမည့် ဘလွန်းဘတ်က သူ့အတွက် လမ်းပွင့်သွားလိမ့်မည်ဟု ရှုမြင်နေကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်မပြိုင်နှင့် ပတ်သက်ပြီး ဘလွန်းဘတ်က သူ၏ အပြီးသတ်ဆုံးဖြတ်ချက်ကို မတ်လအစောပိုင်းတွင် ထုတ်ပြန်မည်ဟု တိုင်းမ်တွင် ဖော်ပြခဲ့သည်။ဘလွန်းဘတ်သည် နယူးယောက်မြို့တော်ဝန်အဖြစ် စံချိန်တင် ၁၂ နှစ်တိုင်တိုင် ၂၀၁၄ ခုနှစ် ဇန်နဝါရီလအထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ဘလွန်းဘတ်သည် ဘားများ၊ စားသောက်ဆိုင်များ၌ ဆေးလိပ်သောက်မှုကို တားမြစ်ခြင်း၊ အချိုရည်သောက်သုံးမှုကို ကန့်သတ်ခြင်း အစရှိသော သူ၏ထက်သန်တက်ကြွသည့် ပြည်သူ့ကျန်းမာရေး မူဝါဒများကြောင့် လူသိများပြီး သေနတ်ထိန်းချုပ်ရေးဥပဒေကို ပိုမိုတင်းကျပ်ရေးအတွက် တက်ကြွလှုပ်ရှားသူတစ်ဦးအဖြစ်လည်း ချီးမွမ်းမှုများ ခံထားရသူဖြစ်သည်။ ထို့အပြင် မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်စဉ် ကာလက ဘလွန်းဘတ်သည် နယူးယောက်မြို့၏ ကမ်းနားပိုင်းများကို အလုံးစုံပြန်လည်ြုပုပြင်ခြင်း၊ မြို့ထဲ၌ စိမ်းလန်းသည့်နေရာများ ပိုမိုများပြားလာအောင် လုပ်ဆောင်ခဲ့ခြင်း၊ လူကြိုက်များသည် စက်ဘီးစီးအစီအစဉ်ကို စတင်ခဲ့ခြင်း၊ ၉/၁၁ ဖြစ်ရပ်ဖြစ်ပွားပြီးနောက် စီးပွားရေးပြန်လည် စည်ပင်လာစေခြင်း အစရှိသည်တို့ကို ဆောင်ရွက်ပေးခဲ့သည်။ ပိုင်ဆိုင်မှု ဒေါ်လာ ၃၅ ဒသမ ၅ ဘီလျံရှိသည့် ဘလွန်းဘတ်သည် Forbes မဂ္ဂဇင်းတွင်လည်း ကမ္ဘာပေါ်တွင် ၁၄ ဦးမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ဖော်ပြခြင်းခံခဲ့ရသည်။

Most Read

Most Recent