ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့် ပြည်တွင်းဝယ်လိုအားကြောင့် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၇၆၀၀၀၀ ကျော်အထိ ဈေးတက်

ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့် ပြည်တွင်းဝယ်လိုအားကြောင့် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၇၆၀၀၀၀ ကျော်အထိ ဈေးတက်
Published 20 January 2016
ချမ်းမြေ့သူ

ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့် ပြည်တွင်းဝယ်လိုအားကြောင့် ပြည်တွင်းအခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၇၆၀,၀၀၀ ကျော်အထိ ဈေးနှုန်းမြင့်တက်မှု ဖြစ်ပေါ်နေကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။“ကမ္ဘာ့ရွှေဈေး တက်တာရယ် ပြည်တွင်းဝယ်လိုအား တက်နေတာရယ်ကြောင့် ဈေးက တက်နေတာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။ပြည်တွင်းရွှေဈေးမှာ ဇန်နဝါရီလဆန်းပိုင်းတွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၇၅၀၀၀၀ ကျော်ရှိရာမှ ဇန်နဝါရီ ၁၈ ရက်တွင် တစ်ကျပ်သားလျှင် ကျပ် ၇၅၆၅၀၀ ဝန်းကျင်၊ ဇန်နဝါရီ ၁၉ ရက်တွင် တစ်ကျပ်သားလျှင် ကျပ် ၇၅၈၅၀၀ ဝန်းကျင်နှင့် ဇန်နဝါရီ ၂၀ ရက်တွင် တစ်ကျပ်သားလျှင် ကျပ် ၇၆၁၈၀၀ ဝန်းကျင်သို့ မြင့်တက်မှုဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ကမ္ဘာ့ရွှေဈေးမှာမူ ဇန်နဝါရီ ၂ ရက်က တစ်အောင်စလျှင် ဒေါ်လာ ၁၀၆၀ ရှိပြီး ဇန်နဝါရီ ၁၈ ရက်တွင် ၁၀၉၁ ဒေါ်လာ၊ ဇန်နဝါရီ ၁၉ ရက်တွင် ၁၀၈၉ ဒေါ်လာနှင့် ဇန်နဝါရီ ၂၀ ရက်(ညနေပိုင်း)တွင် တစ်အောင်စလျှင် ဒေါ်လာ ၁၀၉၆ ကျော်ရှိပြီး တဖြည်းဖြည်း မြင့်တက်လာနေခြင်းဖြစ်ကြောင်း သိရသည်။ဇန်နဝါရီ ၂၀ ရက် ရန်ကုန်ဈေးကွက်၌ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၇၆၁၈၀၀ ဝန်းကျင်ရှိပြီး ၁၅ ပဲရည် တစ်ကျပ်သားလျှင် ကျပ် ၇၁၈၀၀၀ ဝန်းကျင်ပေါက်ဈေးရှိကြောင်း သိရသည်။ 

Most Read

Most Recent