စံချိန်မမီ စာသင်ကျောင်းဆောင်အား လာရောက် စိစစ်ခြင်းမရှိဘဲ ဝင်ရောက် စာသင်ခွင့်ပြုခြင်းနှင့် ကျောင်းဆောင်ပြင်ဆင်ပြီးကြောင်း ကုန်ကျစရိတ် လိမ်လည် တင်ပြထုတ်ယူသွားကြောင်း တိုင်ကြားမှုကို တံခါးပိတ်စစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် ဘုရားကုန်းကျေးရွာအုပ်စု၊ လှည်းထောက်ကုန် ကျေးရွာတွင် အခြေခံပညာ အလယ်တန်းကျောင်းခွဲမှ စံချိန်မမီ စာသင်ကျောင်းဆောင်အား လာရောက်စိစစ်ခြင်း မရှိဘဲ ဝင်ရောက် စာသင်ခွင့်ပြုခြင်းနှင့် ကျောင်းဆောင်ပြင်ဆင်ပြီးကြောင်း လိမ်လည်တင်ပြ ထုတ်ယူသွားကြောင်း တိုင်ကြားမှုအား ဇန်နဝါရီ ၁၁ ရက်က အဆိုပါကျောင်းတွင် တံခါးပိတ် စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါကျောင်းဆောင်နှင့် ပတ်သတ်၍ တိုင်းဒေသကြီး ပညာရေးဦးစီးဌာနမှ လာရောက်စစ်ဆေးပြီး အရည်အသွေး မပြည်မီကြောင်း သတ်မှတ်ခဲ့ပြီးနောက် ဆက်လက်ဆောင်ရွက်ခြင်း တစ်စုံတစ်ရာ မပြုလုပ်ပဲ မြို့နယ်ပညာရေးမှူး ခွင့်ပြုချက်ဖြင့် ကျောင်းဆောင်အတွင်းသို့ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်စာသင်ကြားကြောင်း၊ ကျောင်းအား တစ်စုံတစ်ရာ ပြုပြင်ခြင်း တည်ဆောက်ခြင်းမရှိဘဲ ကျောင်းတည်ဆောက် ပြီးစီးခြင်းအတွက် KMC ကုမ္ပဏီမှ ငွေကြေးများ ထုတ်ယူပြီး ဖြစ်သောကြောင့် စိစစ်အရေးယူပေးပါရန်၂၀၁၅ ဒီဇင်ဘာ ၁၆ ရက်တွင် တိုင်းဒေသကြီး အစိုးရအဖွဲသို့ တိုင်ကြားစာ ပို့ခဲ့ပြီးနောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
" ကျွန်တော်တို့က တိုင်းကနေခရိုင်ကို တာဝန်ပေးတယ်။ ခရိုင်ကမှ ကျွန်တော်တို့ကို လွှတ်တယ်။ တံခါးပိတ် စစ်ဆေးခဲ့တာက ဌာနက ညွှန်ကြားချက်အတိုင်း မေးခွန်းတွေ အဖြေတွေကို ဘယ်သူမှမသိအောင် စစ်ဆေးရတယ်"ဟု အဆိုပါ ကျောင်းဆောင်ကိစ္စအား လာရောက်စစ်ဆေးသည့် အဖွဲ့ခေါင်းဆောင်ဦးအေးနိုင်က ပြောကြားသည်။
ထိုကျောင်းဆောင်ကိစ္စနှင့် စပ်လျဉ်း၍ ကျောင်းအတွင်း ခေါ်ယူစစ်ဆေးနေစဉ် ရဲတပ်ဖွဲ့ဝင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ တွေ့ရပြီး၊ ကျေးရွာတွင်နေထိုင်သူအချို့မှာ အစည်းအဝေး ခေါ်သည်ဆိုသောကြောင့် လာရောက် စောင့်ဆိုင်းနေခဲ့ရကြောင်းမှာ မိမိတို့နှင့် မသက်ဆိုင်ကြောင်း၊ တိုင်ကြားစာအရ တိုင်ကြားသူ၊ ကျောင်းနှင့်ပတ်သက်သော တိုင်ကြားခံရသော ကျောင်းအုပ်ဆရာကြီးအား ခေါ်ယူ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။
"ကျွန်တော့်ကိုတံခါးပိတ်ပြီး မေးတယ်။ကျွန်တော်ပြောတာတွေ ဖြေတာတွေ မှတ်တမ်း ပြန်ပေးပါဆိုတော့ မပေးဘူး။ ကျွန်တော်တို့ ပထမ သိတာ အစည်းအဝေး လုပ်တယ်ပဲ သိတာ။ ပြီးတော့ ကျွန်တော်တို့ တောသူ၊ တောင်သားတွေက ရဲတွေ့ရင် ဆယ်ယောက်မှာ ကိုးယောက်က ကြောက်တတ် လန့်တတ်တယ်။ တောသူတောင်သားတွေကို အမှန်မပြောရဲအောင် လုပ်သလိုပါပဲ။ လာပြီးစစ်ဆေးတဲ့ လူကြီးတွေကတော့ သူတို့နဲ့မဆိုင်ဘူး ပြောပါတယ်"ဟု ကျောင်းဆောင်ကိစ္စအား တိုင်ကြားခဲ့သူ လှည်းထောက်ကုန်း ကျေးရွာမှ ဦးမြင့်စိန်က ပြောကြားသည်။
စံချိန်မမီ စာသင်ကျောင်းဆောင်အား လာရောက် စိစစ်ခြင်းမရှိဘဲ ဝင်ရောက် စာသင်ခွင့်ပြုခြင်းနှင့် ကျောင်းဆောင်ပြင်ဆင်ပြီးကြောင်း ကုန်ကျစရိတ်















