ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုနှုန်း မြင့်မားသော မြန်မာနိုင်ငံတွင် ရိုတာဗိုင်းရပ်စ် ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေးစီမံချက် စတင်လုပ်ဆောင်ရန် စီစဉ်နေပြီး ယင်းစီမံချက် အကောင်အထည်ဖော်ရန်အတွက် လိုအပ်သည့် အချက်အလက်ရရှိနိုင်ရန် ဆေးသုတေသနဦးစီးဌာနနှင့် ရန်ကုန်ကလေးဆေးရုံကြီးတို့ ပူးပေါင်းကာ သုတေသနတစ်ခု ပြုလုပ်ခဲ့သည်။၂၀၀၉ ခုနှစ်မှ စတင်ကာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာတစ်ဝန်းရှိနိုင်ငံများ အထူးသဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးမှုနှုန်းမြင့်မားသည့် နိုင်ငံများတွင်ရို တာဗိုင်းရပ်စ်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေးကို ယင်းနိုင်ငံများ၏ ကာကွယ်ဆေးစီမံချက်များတွင် ထည့်သွင်းသင့်ကြောင်း အကြံပြုတိုက်တွန်းခဲ့ပြီးဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၁ -၂၀၁၆)အရ ဝမ်းပျက်ဝမ်းလျှောရောဂါသည် ဦးစားပေး ကလေးရောဂါများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ပြည်တွင်း၌လည်း ရိုတာဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုနှုန်းမှာ မြင့်မားလျက်ရှိကြောင်း သိရသည်။ရိုတာဗိုင်းရပ်စ် ဝမ်းပျက်ဝမ်းလျှောရောဂါ စောင့်ကြပ်ကြည့်ရှုသည့် သုတေသနလုပ်ငန်းကို ၂၀၀၉ ခုနှစ်မှ စတင်ခဲ့ခြင်းဖြစ်ပြီး သုတေသနပြုလုပ်ရာတွင် ရန်ကုန်ကလေးဆေးရုံကြီးသို့ ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် တက်ရောက်နေသည့် အသက်ငါးနှစ်အောက် ကလေးများထံမှ ဝမ်းနမူနာများကို စုဆောင်းပြီး ရိုတာဗိုင်းရပ်စ်ပိုး ရှိ မရှိ Enzyme Immunoassay နည်းဖြင့် ကနဦး စစ်ဆေးခဲ့ပြီးနောက် ပိုးရှိသည့်နမူနာများ၏ သုံးပုံတစ်ပုံအား RT-PCR နည်းဖြင့် ရိုတာဗိုင်းရပ်စ်ပိုး G နှင့် P မျိုးကွဲဗီဇများအား စစ်ဆေးခဲ့ကြောင်း၊ သုတေသနရလဒ်များအရ ၂၀၀၉ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း နှစ်စဉ် ရိုတာဗိုင်းရပ်စ် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုနှုန်းမှာ ၄၂ မှ ၅၆ ရာခိုင်နှုန်းအတွင်းရှိပြီး အသက် ခြောက်လမှ ၁၁ လ အုပ်စု ကလေးငယ်များတွင် ဖြစ်ပွားမှုနှုန်း အများဆုံးဖြစ်သည်ကို တွေ့ရှိရကြောင်းနှင့် ယင်းရောဂါဖြစ်ပွားမှုနှုန်း အမြင့်ဆုံးကာလမှာ အေး၍ခြောက်သွေ့သောလများဖြစ်သည့် နိုဝင်ဘာမှ ဖေဖော်ဝါရီလများဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ရိုတာဗိုင်းရပ်စ် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေးစီမံချက် စတင်လုပ်ဆောင်ရန် စီစဉ်















