အသက်ရှစ်နှစ်အရွယ် မိန်းကလေးအား နှိပ်စက်ခဲ့သည့် နေအိမ်မှ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အား တပ်မတော်က အရေးယူ

အသက်ရှစ်နှစ်အရွယ် မိန်းကလေးအား နှိပ်စက်ခဲ့သည့် နေအိမ်မှ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အား တပ်မတော်က အရေးယူ
Published 31 December 2015
အောင်မျိုးသန့်

ဗဟန်းမြို့နယ်တွင် အသက်ရှစ်နှစ်အရွယ် မိန်းကလေးအား နှိပ်စက်ခဲ့သည့်နေအိမ်မှ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကျော်နုမော်အား တပ်မတော်မှ ပြင်းပြင်းထန်ထန် အရေးယူခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဒီဇင်ဘာ ၃၀ ရက်တွင် ပြောကြားသည်။
 
“ဒီအမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာလူကြီးတွေက ဗိုလ်မှူး ကျော်နုမော်ကို ပြင်းပြင်းထန်ထန် အရေးယူလိုက်တယ်လို့ သိရတယ်။ တပ်မတော် စစ်စည်းကမ်းအရလည်း သူ့ကို အရာရှိအဖြစ်က ထုတ်ပယ်လိုက်တယ်။ အခင်းစဖြစ်ကတည်းက လွှတ်တော်ကို တက်လို့မရတော့ဘူး။ တရားဥပဒေစိုးမိုးဖို့ ဒီလိုကိစ္စတွေ နောင်မဖြစ်ပွားဖို့ လိုတယ်”ဟု အဆိုပါ လွှတ်တော်ကိုယ်စားလှယ်က ဆိုသည်။
 
နိုဝင်ဘာ ၁၈ ရက်က ဗဟန်းမြို့နယ် ဆရာစံရပ်ကွက် တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ ခြံအမှတ် 25 (C-4) တွင် အသက်ရှစ်နှစ်အရွယ် မိန်းကလေးသည် ထမင်းအိုးအတွင်းသို့ လက်မဆေးဘဲ နှိုက်ခဲ့သောကြောင့် အဆူခံရသဖြင့် အိမ်သာအတွင်းသို့ ဝင်နေပြီး တံခါးချက်ချ ပိတ်ထားခဲ့သဖြင့် အိမ်အကူဖြစ်သူ မသန်းသန်းဝေက ပြူတင်းပေါက်မှ ဝင်ရောက်ကာ မိန်းကလေးအား ခေါ်ထုတ် ရိုက်နှက်ဆုံးမခဲ့ပြီး မီးဖိုခန်းအတွင်း လက်အား ထိုင်ခုံနှင့် ကြိုးချည်ထားခဲ့ကြောင်း၊ နိုဝင်ဘာ ၁၉ ရက်တွင် ဒေါ်သန်းနွဲ့က အပြစ်ပေးသည့် အနေဖြင့် အဆိုပါမိန်းကလေးအား ၎င်းနှင့်အတူ ကြမ်းတိုက်ခိုင်းရာ မလုပ်သဖြင့် နေအိမ်အရှေ့၌ အဝတ်မပါဘဲ ကြိုးတုတ်၍ထားခဲ့ကြောင်း သိရသည်။              

Most Read

Most Recent