အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဥပဒေကြမ်းကို လွှတ်တော်တွင် ဆွေးနွေး အတည်ပြုနိုင်ရန် အမျိုးသားလွှတ်တော်သို့ ပေးပို့ထားကြောင်း သတင်းရရှိသည်။
အဆိုပါဥပဒေကြမ်းတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို နိုင်ငံတော်သမ္မတ၊ ဒုသမ္မတနှစ်ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒုတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနဝန်ကြီး စသည့် ၁၁ ဦးဖြင့် ဖွဲ့စည်းထားပြီး ကောင်စီ၏သက်တမ်းသည် သာမန်အားဖြင့် နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်းအတိုင်း ဖြစ်ကြောင်း သိရသည်။
ထို့အတူ ကောင်စီ၏ လုပ်ငန်းတာဝန်များတွင် ဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့်ထုတ်ပြန်၍ အရေးပေါ်အခြေအနေ ကြေညာနိုင်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတက ညှိနှိုင်းလာလျှင် အဆုံးအဖြတ်ပေးခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အရေးပေါ်အခြေအနေ ကြေညာ၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာ လွှဲအပ် ဆောင်ရွက်စေရာတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ၎င်းအား ပေးအပ်ထားသည့် တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ခြင်း မပြုနိုင်သေးသဖြင့် သတ်မှတ်အချိန်ကာလ တိုးမြှင့်ပေးရန် တင်ပြလာလျှင် အဆုံးအဖြတ် ပေးခြင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာ လွှဲအပ် ဆောင်ရွက်စေခဲ့သည့် အမိန့်ကို ပယ်ဖျက်ရန် ဖွဲ့စည်းပံ ုအခြေခံဥပဒေအရ သမ္မတက ညှိနှိုင်းလာလျှင် အဆုံးအဖြတ်ပေးခြင်း၊ ပယ်ဖျက်ကြောင်း ကြေညာခြင်းတို့ ပါဝင်ကြောင်း သိရသည်။
ကောင်စီသည် ဆုံးဖြတ်ချက်များကို ကောင်စီဝင်များအားလုံး၏ သဘောတူညီစွာဖြင့် ဆန္ဒပြုမှုကို အလေးထား ဆောင်ရွက်ရမည်ဖြစ်ပြီး သဘောထား ကွဲလွဲမှုရှိပါကများ ရာဆန္ဒဖြင့် ချမှတ်ရမည်ဖြစ်ကာ၊ ထိုသို့ ဆန္ဒမဲယူရာ၌ နိုင်ငံတော်သမ္မတသည် မဲမပေးရဘဲ ဆန္ဒမဲ တူညီနေမှသာ နိုင်ငံတော်သမ္မတသည် အဆုံးအဖြတ်မဲ ပေးရမည်ဖြစ်ကြောင်း ဥပဒေကြမ်းအရ သိရသည်။
အမျိုးသား ကာကွယ်ရေးနှင့် လုံခြံုံရေးကောင်စီ ဥပဒေကြမ်းကို ဆွေးနွေးအတည်ပြုနိုင်ရန် အမျိုးသားလွှတ်တော်သို့ ပေးပို့ထား















