ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံအား ညစ်ညမ်းပုံသဖွယ် ပြုပြင်၍ Facebook ပေါ်တွင် တင်ခဲ့သည် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ် တွဲဖက်အတွင်းရေးမှူးအား ယနေ့ (ဒီဇင်ဘာ ၂၁ ရက်) က တတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။ထိုသို့ ရုံးထုတ်စစ်ဆေးရာတွင် တရာလိုပြု တိုင်းတန်းထားသူ ဦးစည်သူအောင်အား စွပ်စွဲခံရသူ ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်တွဲဖက် အတွင်းရေးမှူး ဦးသန်းထွန်း၏ အကျိုးဆောင်ေရှေ့နေမှ ဒုတိယအကြိမ် ရုံးချိန်းတွင် ရုံးချိန် ကျော်လွန်သွားသောကြောင့် မစစ်မေးဖြစ်သည့် ပြန်လှန်မေးခွန်းများ စစ်မေးခဲ့သည်။“မေးတဲ့ မေးခွန်းတွေက ကျွန်တော်တို့ တိုင်ချက်ဖွင့်စဉ်က တင်ပြထားတဲ့ ကျွန်တော် စွဲဆိုထားတာတွေနဲ့ ThuThu အကောင့်က ဦးသန်းထွန်းသုံးတာ မဟုတ်ဘူးဆိုတဲ့ မေးခွန်းမျိုးတွေ မေးနေတယ်။ ကျွန်တော်တို့ကFacebook ထဲကပုံနဲ့ စွပ်စွဲခဲ့တာ မဟုတ်ဘူး။ ဒီအကောင့်ဟာ သူ့အကောင့်ပါလို့ ဝန်ခံထားပြီး တောင်ပန်ဖို့ကို မီဒီယာတွေရှေ့ မတောင်းပန်နိုင်ဘူးဆိုလို့ တရားစွဲခဲ့တာပါ” ဟု တရားလိုပြု တိုင်တန်းသူ ဦးစည်သူအောင်မှ ပြောသည်။စပြီး တိုင်တန်းစဉ်ကတည်းက ထွက်ချက်မှာ စစ်ဆေးရမယ့် လူကို စုံအောင် မစစ်ဆေးထားကြောင်း၊ တရားလိုပြသက်သေ တင်ပြသူတွေမှ ပယ်ချထားမှုများ ရှိနေကြောင်း တရားလို၏ အကျိုးဆောင် တရားလွှတ်တော်ချုပ် ရှေ့နေ ဒေါ်မြင့်သိန်းမှပြောသည်။ဆက်လက်ပြီး စွပ်စွဲခံရသူ ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်တွဲဖက် အတွင်းရေးမှူး ဦးသန်းထွန်း၏ အကျိုးဆောင် လွှတ်တော်ချုပ် ရှေ့နေ ဦးပြုံးချိုအား အမှုနှင့် ပတ်သက်၍ မေးမြန်းရာ ရှေ့နေတစ်ဦး၏ ကျင့်ဝတ်နှင့် စကားပြောမှာ တရာရုံးကို မထီမဲ့မြင်ရာရောက်၍ အမှုမပြီးပြတ်ချိန်တွင် မည်သည့် သုံးသပ်ချက်မှ မပေးလိုကြောင်း ပြောသည်။အဆိုပါအမှုနှင့် ပတ်သက်၍ စွတ်စွဲခံရသူ ဦးသန်းထွန်းအား ပြစ်မှုအမှတ် ၁၅၇/၂၀၁၅ ပြစ်မှုဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် အရေးယူ ဆောင်ရွက်ပေးပါရန် အမှုဖွင့် တိုင်ကြားခဲ့သော အမှုဖြစ်ကာ ကန်ကြီးထောင့် မြို့မရဲစခန်းမှ (ပ) ၁၅၇ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့သောအမှု ဖြစ်သည်။ အဆိုပါ အမှုအား ဒီဇင်ဘာ (၃၀) ရက်နေ့တွင် ပြန်လည်ချိန်းဆိုပြီး တရားလိုပြ သက်သေတစ်ဦးအား ဆက်လက်စစ်ဆေးမည်ဟု သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံအား ညစ်ညမ်းပုံသဖွယ် ပြုပြင်၍ Facebook ပေါ်တွင် တင်ခဲ့သည် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်တွဲဖက် အတွင်းရေးမှူးအား တတိယအကြိမ် ရုံးထုတ်စစ်ဆေး