ဘူးသီးတောင် မြို့မ ရဲစခန်းမှူးအား သေနတ်ဖြင့် ပစ်သတ်ခဲ့သူ ရဲတပ်သားအား ရခိုင်ပြည်နယ် တရားလွှတ်တော်မှ ဒီဇင်ဘာ ၁၅ ရက်က သေဒဏ် ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။ဘူးသီးတောင် မြို့မ ရဲစခန်းမှ ရဲတပ်သား ကျော်ထွန်းနိုင်သည်။ တာဝန်ပျက်ကွက်မှု၊ စည်းကမ်းမလိုက်နာမှုများကြောင့် ဆဲဆိုဆုံးမခြင်း၊ ပြစ်ဒဏ်ပေးခြင်းများအပေါ် မကျေနပ်သဖြင့် ရန်ငြိုးထားကာ သေစေရန် ကြိုတင်ကြံရွယ်ချက်ဖြင့် ၂၀၁၅ မတ် ၃ ရက် ညဉ့်နက်ပိုင်း ကင်းလှည့်တာဝန် ထမ်းဆောင်စေရန် ထုတ်ပေးထားသည့် ပွိုင့် ၃၀၃ ရိုင်ဖယ်သေနတ်ဖြင့် မတ် ၄ ရက် နံနက် ၇ နာရီခွဲ အချိန်တွင် စခန်းမှူး ဒုရဲမှူး တင်လှအား အနီးကပ် တစ်ချက် ပစ်ခတ်ခဲ့ခြင်းကြောင့် ဒုရဲမှူးတင်လှ၏ ယာနံဘေးမှ ဝဲနံဘေးသို့ ကျည်ပေါက်ထွက်ကာ အဆုတ်နှင့် နှလုံး ထုတ်ချင်းပေါက် ဒဏ်ရာဖြင့် သေဆုံးခဲ့မှု ဖြစ်ပွားခဲ့သည်။အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး တရားခံဖြစ်သူ ရဲတပ်သား ကျော်ထွန်းနိုင်အား ဖမ်းဆီးကာ ဘူးသီးတောင် မြို့မ ရဲစခန်း (ပ) ၁၆/၂၀၁၅ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူခဲ့ကြောင်းနှင့် ရဲစည်းကမ်းကို ထိခိုက်သော ပြုလုပ်မှုကို ပြုမူခဲ့ခြင်းအတွက် ၎င်းအား ဧပြီ ၂၈ ရက်က ရဲတရားရုံးဖြင့် စစ်ဆေးကာ ရဲမှုထမ်းခြင်းမှ အမြဲတမ်း ထုတ်ပစ်ပြီး နယ်ဘက် အကျဉ်းထောင်တွင် ချုပ်ရက် အပါအဝင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးနှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။ထို့နောက် မောင်တောခရိုင် တရားရုံးတွင် ဆက်လက်စစ်ဆေးခဲ့ရာ ပြစ်မှုကြီး အမှတ် ၄၁/၂၀၁၅ တွင် တရားခံ ကျော်ထွန်းနိုင်အား ပြစ်မှု ပုဒ်မ ၃၀၂ (၂) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခြင်းခဲ့ကြောင်းနှင့် ခရိုင်တရားရုံးမှ ချမှတ်သည့် ပြစ်ဒဏ်အပေါ် မကျေနပ်သဖြင့် သေဆုံးခဲ့သူ ဒုရဲမှူးတင်လှ၏ ဇနီးက ရခိုင်ပြည်နယ် တရားလွှတ်တော်သို့ ပြင်ဆင်မှု တက်ခဲ့ရာ ပြင်ဆင်မှု အမှတ် ၅၅(ခ)/၂၀၁၅ တွင် တရားခံအား ပြစ်မှုပုဒ်မ ၃၀၂ (၁)(ခ)အရ ဒီဇင်ဘာ ၁၅ ရက် သေဒဏ် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ဘူးသီးတောင် မြို့မ ရဲစခန်းမှူးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သူ ရဲတပ်သားအား သေဒဏ်ချမှတ်
Most Read
Most Recent
7 hours ago
7 hours ago
7 hours ago
7 hours ago
7 hours ago
7 hours ago