စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နည်းပါးနေသေးပြီး လက်ရှိဘဏ္ဍာနှစ်အတွင်း ယင်းကဏ္ဍနှစ်ခုတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခဲ့ခြင်းမရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်အထိ အဆိုပါကဏ္ဍနှစ်ခုတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၆၀၀ ကျော်သာ ဝင်ရောက်မှုရှိခဲ့ကြောင်း သိရသည်။
အဆိုပါကာလအတွင်း စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍတို့တွင် ဒေါ်လာ ၆၉၅ ဒသ မ၅၂၁ သန်းသာ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
လက်ရှိ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာလကုန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃၇၉၇ ဒသမ ၀၇၄ သန်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။ ယင်းစီးပွားရေးလုပ်ငန်းအမျိုးအစားများအနက် ကုန်ထုတ်လုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၆၁၀ ဒသမ ၀၇၉ သန်း ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး
စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ရေလုပ်ငန်းကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခြင်းမရှိကြောင်း သိရသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ခွင့်ပြုပေးရာတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့နှင့် လုပ်ငန်းနှင့် ဆက်စပ်သည့် ပြည်ထောင်စုဝန်ကြီးဌာနများ/အဖွဲ့အစည်းများမှ သဘောထားမှတ်ချက်များ၊ စိစစ်ခွင့်ပြုချက်များအပေါ် အခြေခံပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က စိစစ်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုရာတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုသကဲ့သို့ ပြည်တွင်းကုမ္ပဏီများနှင့် တွဲဖက်ကာ ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအဖြစ် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ရှစ်ဘီလျံကျော် ဝင်ရောက်ခဲ့ပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံး ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအတွက် ကာလရှည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း ရေးဆွဲအကောင်အထည်ဖော်လျက်ရှိပြီး ယင်းစီမံကိန်းအရ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ သန်းခြောက်ထောင် ဝင်ရောက်ရန် လျာထားကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရင်းနှီးမြှုပ်နှံရာတွင် လုပ်သားအင်အား အများအပြားအသုံးပြုရသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုဝင်ရောက်စေရန် ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နည်းနေပြီး လက်ရှိဘဏ္ဍာနှစ်အတွင်း ယင်းကဏ္ဍနှစ်ခုတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခြင်း မရှိ















