မြကျွန်းသာအပန်းဖြေဥယျာဉ်နှင့် ပတ်သက်၍ အဆောက်အအုံများ ဆောက်လုပ်နေမှုနှင့် အင်းလျားကန်အတွင်း မြေကြီးဖို့၍ မြေတိုးယူနေမှုများ ရှိ မရှိ စစ်ဆေးဖော်ထုတ်နိုင်ရန်အတွက် သီးခြားအဖွဲ့ဖွဲ့စည်းပြီး ၂၀၁၅ ခုနှစ် ဇွန်လမှစတင်၍ စစ်ဆေးခြင်းများ ဆောင်ရွက်နေပြီဖြစ်ရာ ခွင့်ပြုချက်မဲ့ ဆောက်လုပ်မှုများရှိပါက ၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဟု ရန်ကုန်မြို့တော်ဝန်က ပြောကြားသည်။ဒီဇင်ဘာ ၄ ရက်က ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ အစီရင်ခံစာတွင်ပါရှိသည့် မြကျွန်းသာအား ပုဂ္ဂလိကကုမ္ပဏီ ရှစ်ခုသို့ ငှားရမ်းမှု ဆွေးနွေးရာတွင် ရန်ကုန်မြို့တော်ဝန်က ပြောကြားခဲ့ခြင်း ဖြစ်သည်။မြကျွန်းသာ အပန်းဖြေဥယျာဉ်အား ကာကွယ်ရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး စစ်ဌာနချုပ်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ ၂၀၁၀ ပြည့်နှစ်တွင် လွှဲပြောင်းပေးခဲ့ပြီး လက်ရှိ အဆိုပါဥယျာဉ်အတွင်း မက်စ်မြန်မာ၊ ဧဒင်၊ Inya Palace၊ Magic Land၊ Nay La Pwint Service၊ MGS Resort and Entertainment၊ Good Shan Brother၊ Rya Ji စသည့် ကုမ္ပဏီရှစ်ခုက မြေငှားရမ်း လုပ်ကိုင်နေကြောင်း သိရသည်။မြကျွန်းသာ အပန်းဖြေဥယျာဉ်အတွင်း ပုဂ္ဂလိက ကုမ္ပဏီများက ခွင့်ပြုချက်မဲ့ အဆောက်အအုံများ ဆောက်လုပ်ခြင်းနှင့် အင်းလျားကန်ရေပြင်ကို ကျူးကျော်ကာ ဆောက်လုပ်မှုများ ဓာတ်ပုံမှတ်တမ်းများနှင့်တကွ ထွက်ပေါ်လာခဲ့ရာ ယင်းကိစ္စနှင့် ပတ်သက်၍ ဇွန်လမှ စတင်ကာ သီးခြားစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။“မြကျွန်းသာ ပန်ဥယျာဉ်နဲ့ ပတ်သက်ပြီး နိုင်ငံတော်၏ နစ်နာမှု ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်စည်ပင်က ကုမ္ပဏီရှစ်ခုကို မြေငှားရမ်းခဲ့ပါတယ်။ ဒီလိုငှားရမ်းခဲ့တာမှာ MIC ခွင့်ပြုချက်မရယူခဲ့ဘဲနဲ့ ငှားရမ်းခြင်း ကိစ္စကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒီကုမ္ပဏီရှစ်ခုကိုလည်း အိတ်ဖွင့်တင်ဒါ ခေါ်ယူမှုမရှိဘဲ လုပ်ခဲ့တာကို အထင်အရှား တွေ့ရပါတယ်။ ဒီကိစ္စကို မည်သူကအရေးယူပြီးတော့ မည်သူက တာဝန်ခံခိုင်းမှလဲ။ မြကျွန်းသာအတွင်းမှာ ခွင့်ပြုချက်မဲ့ အဆောက်အအုံတွေ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရုံး သွားတဲ့ကိစ္စတွေကို မည်သူက မည်သို့ တာဝန်ယူပေးမှာပါလဲဆိုတာကို သိလိုပါတယ်။ စီးပွားရေးအဆောက်အအုံတွေ ကင်းလွတ်ပြီးတော့ အများပြည်သူ အပန်းဖြေရာနေရာသက်သက်ဖြစ်ဖို့အတွက်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက မည်သည့်အစီအစဉ်တွေနဲ့ ဘယ်လိုဆက်လက်ပြီး တာဝန်ယူဆောင်ရွက်သွားနိုင်မှာပါလဲဆိုတာကို သိချင်ပါတယ်”ဟု ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း က စာရင်းစစ်ချုပ်၏ အစီအရင်ခံတွင်ပါရှိသည့် မြကျွန်းသာကိစ္စအား ဆွေးနွေးစဉ် ပြောကြားသည်။မြကျွန်းသာဥယျာဉ်အတွင်း ခွင့်ပြုချက်မဲ့ အဆောက်အအုံများ ဆောက်လုပ်ခြင်းများနှင့် ပတ်သက်၍ လက်ရှိအချိန်အထိ မြကျွန်းသာတွင် ဆောက်လုပ်ခွင့်ရ Inya Palace၊ Magic Land၊ Nay La Pwint Service ကုမ္ပဏီသုံးခုသည် ရန်ကုန်မြို့တော်စည်ပင် အဆောက်အအုံဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်စစ်ဆေး၍ ဆောက်လုပ်ခွင့်ပြုခဲ့ပြီး Rya Ji ကုမ္ပဏီအမှုတွဲ စစ်ဆေးခြင်း ဆောင်ရွက်နေဆဲဖြစ်ကာ ကျန် MGS Resort and Entertainment၊ Good Shan Brother၊ မက်စ်မြန်မာနှင့် ဧဒင်ကုမ္ပဏီများသည် ကုမ္ပဏီအစီအစဉ်ဖြင့်သာ ပုံစံရေးဆွဲ အတည်ပြု ခြင်းများ ဆောက်ရွက်နေဆဲဖြစ်ပြီး ရန်ကုန်မြို့တော်စည်ပင်သို့ တင်ပြခွင့်ပြုမိန့် ရယူခြင်း မရှိသေးကြောင်း ရန်ကုန်မြို့တော်ဝန်က ပြောကြားသည်။ထို့ပြင် ယင်းကုမ္ပဏီရှစ်ခုအား မြေငှားရမ်းထားမှုနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အိတ်ဖွင့်တင်ဒါ ခေါ်ယူမှုမရှိကြောင်း၊ ထို့ပြင် မြေငှားရမ်းထားမှုအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) သို့ ခွင့်ပြုမိန့် တင်ပြခြင်း မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာတွင် ပါရှိခဲ့သည်။သို့ဖြစ်၍ မြကျွန်းသာအပန်းဖြေဥယျာဉ်အတွင်း စီးပွားရေးအဆောက်အအုံများ တိုးချဲ့ဆောက်လုပ်ခြင်းသည် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့် ညီညွတ်ခြင်း ရှိ မရှိ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းပေးရန် ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှွတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း၏ အဆိုတင်သွင်းခဲ့ရာ ရန်ကုန်မြို့တော်ဝန်က သီးခြားအဖွဲ့ဖွဲ့ပြီးဖြစ်၍ ထပ်မံဖွဲ့စည်းရန် မရှိကြောင်း နှင့် ယင်းအဆိုကို လွှတ်တော်တွင် မှတ်တမ်းသာတင်ရန် ပြောကြားခဲ့သည်။မြကျွန်းသာဥယျာဉ်သည် ၄၄ ဒသမ ၅၁၆ ဧက အကျယ်ရှိကြောင်း သိရသည်။
မြကျွန်းသာဥယျာဉ်အတွင်း အဆောက်အအုံဆောက်လုပ်မှုများကို စစ်ဆေးဖော်ထုတ်ရန် သီးခြားအဖွဲ့ဖွဲ့ လုပ်ဆောင်နေရာ ခွင့်ပြုချက်မဲ့ ဆောက်လုပ်မှုများရှိပါက ၂၀၁၃ ခုနှစ် စည်ပင်ဥပဒေဖြင့် အရေးယူမည်ဟု ရန်ကုန်မြို့တော်ဝန် ပြောကြား















