မြန်မာနိုင်ငံတွင် တောင်မြောက် အမြန်လမ်းမကြီးငါးခုနှင့် အရှေ့အနောက်အမြန်လမ်းမကြီး ခုနစ်ခုတို့ ချိတ်ဆက် လွှမ်းခြုံနိုင်ရန် တည်ဆောက်မည့် Master Plan for Arterial Road Network Development in Myanmar အား ရေးဆွဲပြီးဖြစ်ကာ နိုင်ငံတကာအကူအညီရရှိပါက အမြန်အကောင်အထည်ဖော်နိုင်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်လင်းက ပြောကြားသည်။
“ကျွန်တော်တို့နိုင်ငံရဲ့နောက်ပိုင်းမှာ ဒေါင်လိုက် ငါးလမ်း၊ အလျားလိုက် ခုနစ်လမ်းကို အကောင်အထည်ဖော်ဖို့အတွက် ကိုရီးယားနိုင်ငံ Yoo Shin Consortium uae feasibility Study Master Plan ထုတ်ထားပြီးပါပြီ။ ဘယ်အချိန်ပြီးနိုင်လဲဆိုရင် ငွေကြေး ချက်ချင်းရရင် ချက်ချင်း ပြီးနိုင်တာပေါ့။ နိုင်ငံတကာ အကူအညီတွေနဲ့ဆိုရင် ချက်ချင်းပြီးသွားမှာ။ ပုံမှန်အတိုင်း ကိုယ့်နိုင်ငံရဲ့ ဂျီဒီပီနဲ့ ဖောက်ရရင်တော့ ကြာမယ်”ဟု အမြဲတမ်းအတွင်းဝန် ဦးကျော်လင်းက ပြောကြားသည်။
အဆိုပါ Master Plan တွင် တောင် မြောက်ဖောက်လုပ်မည့် အမြန်လမ်းများအဖြစ် ဧရာဝတီတိုင်းဒေသသကြီးမှ ပုသိမ်-တောင်ကုတ်-စစ်တွေအထိ တစ်လမ်း၊ ဧရာဝတီတိုင်းမှ မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့ အား ဖြတ်ကာ တမူးအထိ တစ်လမ်း၊ (ဧရာဝတီမြစ်အရှေ့ဘက်မှ) ပြည်၊ မကွေး၊ မုံရွာမှ ကလေးအထိ တစ်လမ်း၊ လက်ရှိဖောက်လုပ်ထားသည့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှ မြစ်ကြီးနားအထိ တစ်လမ်း၊ ကော့သောင်းမှ စတင်ကာ မော်လမြိုင်၊ သထုံ၊ လွိုင်ကော်၊ တောင်ကြီး၊ သီပေါတို့ကိုဖြတ်ကာ မြစ်ကြီးနားအထိ တစ်လမ်း စုစုပေါင်း ငါးခုရှိမည်ဖြစ်ကြောင်း သိရသည်။
တောင်မြောက်လမ်းများအဖြစ် တမူး-ဗန်းမော်လမ်း၊ မန္တလေး- ပုလဲလမ်း၊ စစ်တွေ-တာချီလိတ်လမ်း ၊ လွိုင်ကော်-နေပြည်တော်-ကျောက်ဖြူလမ်း၊ တောင်ကုတ်-ပဲခူး (အထက်ပိုင်း) လမ်း၊ ပြည်-ဘားအံလမ်းတို့ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရွေးကောက်ပွဲကာလ ပြီးဆုံးပြီးနောက် ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ ပြည်ပမှ အကူအညီပေးရန် ကမ်းလှမ်းမှုများ ရှိနေသကဲ့သို့ အကူအညီများ တိုးတက်ပေးအပ်လာဖွယ်ရှိကြောင်း ဦးကျော်လင်းက ဆိုသည်။
“နိုင်ငံတကာအကူအညီများဟာ ရွေးကောက်ပွဲပြီးနောက် ကမ်းလှမ်းမှုများလာတယ်။ ကမ္ဘာ့ဘဏ်ကလည်း ချင်းပြည်နယ်က လမ်းတွေကို အကူအညီပေးမယ်ဆိုပြီး ကမ်းလှမ်းလာတယ်။ JICA ကလည်း လမ်းပိုင်းတွေကို အကူအညီပေးမှာရှိတယ်။ အကူအညီတွေဟာ ရှေ့လျှောက်အများကြီး လာဖို့ရှိတယ်”ဟု ဦးကျော်လင်းက ပြောကြားသည်။
ယင်း Master Pan တွင် တည်ဆောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ရန် ကာလအပိုင်းအခြား အဆင့်ဆင့် သတ်မှတ်ထားပြီး နိုင်ငံခြားအကူအညီမရရှိဘဲ နိုင်ငံတော်ဘတ်ဂျက်မှသာ ဆောင်ရွက်ရမည်ဆိုပါက ဆယ်စုနှစ်ချီကာ ကြာမြင့်နိုင်ကြောင်း သိရသည်။
အဆိုပါ Master Plan for Arterial Road Network Development in Myanmar ကို ကိုရီးယားနိုင်ငံအကူအညီဖြင့် ၂၀၁၃ ခုနှစ်မှ စတင်ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် အချောသပ် ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အရှေ့မှအနောက် အမြန်လမ်းမကြီးခုနစ်ခုနှင့် တောင်မြောက်အမြန်လမ်းမကြီး ငါးခုတို့ ချိတ်ဆက်တည်ဆောက်မည့် ပင်မစီမံချက် ရေးဆွဲပြီးဖြစ်ကာ နိုင်ငံတကာအကူအညီ ရရှိမည်ဆိုပါက အမြန်အကောင်အထည်ဖော်နိုင်မည်ဟု ဆို















