ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုလင်းထက်နိုင်ကို ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းကို ထောက်ခံဆန္ဒပြမှုကြောင့် ပုဒ်မ ၁၈ဖြင့် ကမာရွတ်မြို့နယ် တရားရုံးတွင် ရုံးထုတ် စစ်ဆေးခဲ့ကြောင်းသိရသည်။
ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့ဝင်များက အကြမ်းဖက် ရိုက်နှက်ခြင်း မပြုသေးမီ အချိန်က အကြမ်းဖက် ဖြိုခွင်းမှု မလုပ်ရန်နှင့် ဒီမိုကရေစီ ပညာရေး ပင်မသပိတ်စစ်ကြောင်းကို ထောက်ခံကြောင်းကို လင်းထက်နိုင်က ဦးဆောင်ပြီး ရန်ကုန်တွင် မတ်လ ၆ရက်နေ့က ဆန္ဒပြခဲ့မှုကို ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့က ပုဒ်မ ၁၈ဖြင့် တရားစွဲခြင်း ဖြစ်ကြောင်းသိရသည်။
“ဒီနေ့ရုံးထုတ်တာပဲပေါ့ ဘာမှတော့ မစစ်ဖြစ်ဘူး။တရားလို ရဲမှူးမလာလို့ ဘာမှမစစ်လိုက်ရဘူး။ ပထမဆုံးအကြိမ် ရုံးချိန်းစခေါ်တာပါ။ ၁၇ရက်နေ့ ရုံးပြန်ချိန်းလိုက်တယ်”ဟု ကိုလင်းထက်နိုင်ကပြော ကြားသည်။
ထို့ပြင် ဗကသ ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သော ကိုနန္ဒာစစ်အောင်၊ ကျောင်းသူ ပိုပို (ခေါ်) ရတနာစုပိုလှိုင်၊ ဝန်းရံပြည်သူ ကိုဝင်းကျော့မှူး၊ ဗကသဥက္ကဌ ကိုကျော်ကိုကို၊ ကိုလင်းထက်နိုင်(ခ) ဂျိမ်းတို့အား ကမာရွတ်ရဲစခန်းမှပင် ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၅၀၅(ခ) တို့ဖြင့် အမှုဖွင့် တရားစွဲဆိုထားသေးသည်။
ယင်းတို့ထဲမှ ကိုကျော်ကိုကိုနှင့် ကိုလင်းထက်နိုင်တို့ကို မတ်လကတည်းက ရဲတပ်ဖွဲ့က ဝရမ်းထုတ် ထားခြင်းဖြစ်ပြီး ကိုကျော်ကိုကိုကို အောက်တိုဘာ ၂၉ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ် စံပြဈေးအနီးတွင် လည်းကောင်း၊ ကိုလင်းထက်နိုင်ကို နိုဝင်ဘာ ၃ရက်နေ့ကလည်းကောင်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
အဆိုပါရုံးထုတ်တွင် ကိုလင်းထက်နိုင်က ရွေးကောက်ပွဲရလဒ် ထုတ်ပြန်မှုနှင့်ပတ်သက်၍ ပြည်သူများ စိုးရိမ်လျှက် ရှိကြကြောင်း၊ နည်းပညာခေတ်တွင် ရလဒ်ထုတ်ပြန်မှု ကြန့်ကြာသည်ဆိုသည်မှာ မေးခွန်းထုတ်စရာ ကောင်းကြောင်း ပြောကြားသည်။
အချို့မြို့နယ်တွေက ရလဒ်တွေ ချက်ချင်းထုတ်ပေးတယ်။ အချို့မြို့နယ်တွေကတော့ မထုတ်ပေးဘူး။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ပို့မယ်။အဲဒီကျမှ ထုတ်ပြန်ပေးမယ် ဆိုတာမျိုးတွေ လုပ်နေတယ်လို့ သတင်းတွေဖတ်ရတယ်။ အဲဒါက အစကတည်းက လူထုက ရွေးကော်ကို သံသယရှိနေတဲ့ဟာကို ပိုပြီးသံသယ ကြီးထွားစေတာပေါ့။ မလိုလားအပ်တဲ့ ပြဿနာတွေကို ရွေးကော်က လုပ်နေရာကျတယ်။ နောက်ပြီး ရွေးကော်ဆိုတာက သူတို့ ပိုက်ဆံစိုက်ပြီး သူတို့လုပ်တာ မဟုတ်ဘူး။ နိုင်ငံတကာက ဒေါ်လာပေါင်း သန်းနဲ့ချီပြီး ပေးထားတာ။ ဘာလို့ ကြန့်ကြာနေရသလဲ ဆိုတာတော့ ဖြေရှင်းသင့်တယ်”ဟု ရုံးထုတ်စဉ် ၎င်း ကပြောကြားသည်။
ဗကသ ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုလင်းထက်နိုင်ကို ဒီမိုကရေစီ ပညာရေးပင်မ သပိတ်စစ်ကြောင်း ထောက်ခံဆန္ဒပြမှုကြောင့် ပုဒ်မ ၁၈ဖြင့် ကမာရွတ် တရားရုံးတွင် ရုံးထုတ်















