The Asian Pageantry အလှမယ် အဖွဲ့အစည်း၏ အကြိုက်ဆုံး အလှမယ်စာရင်းတွင် နံပါတ်ခုနစ်နေရာ၌ မြန်မာအလှမယ် စံထိပ်ထားလင်း ပါဝင်

The Asian Pageantry အလှမယ် အဖွဲ့အစည်း၏ အကြိုက်ဆုံး အလှမယ်စာရင်းတွင် နံပါတ်ခုနစ်နေရာ၌ မြန်မာအလှမယ် စံထိပ်ထားလင်း ပါဝင်
Published 19 October 2015
သဲသီရိကျော်

The Asian Pageantry အလှမယ် အဖွဲ့အစည်း၏ အကြိုက်ဆုံး အလှမယ် ၁၅ ဦး စာရင်းတွင် နံပါတ်ခုနစ်နေရာ၌ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် စံထိပ်ထားလင်း ပါဝင်ကြောင်း သိရသည်။    
အဆိုပါ The Asian Pageantry အလှမယ် အဖွဲ့အစည်းမှာ ယခုနှစ် Miss Grand International၂၀၁၅ ပြိုင်ပွဲ၏ ပြိုင်ပွဲဝင်များမှ ရေကူးဝတ်စုံ ဝတ်ဆင်၍ Catwalk လျှောက်ရာတွင် မြန်မာအလှမယ် စံထိပ်ထားလင်း၏ catwalk လျှောက်ပုံဟန်ပန်ကို သဘောကျသဖြင့် ယခုနှစ်အတွက် The Asian Pageantry အဖွဲ့အစည်း၏ အကြိုက်ဆုံး အလှမယ်စာရင်းတွင် မြန်မာအလှမယ် စံထိပ်ထားလင်းအား ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာအလှမယ် စံထိပ်ထားလင်းမှာ ထိုင်းနိုင်ငံ၌ ကျင်းပလျက်ရှိသည့် Miss Grand International၂၀၁၅ ပြိုင်ပွဲတွင် နိုင်ငံတကာ အလှမယ်များနှင့်အတူ Campသွင်း လေ့ကျင့် ယှဉ်ပြိုင်လျက်ရှိပြီး Miss Grand International ၂၀၁၅ နောက်ဆုံးအဆင့်ပြိုင်ပွဲကို အောက်တိုဘာ ၂၅ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
Miss Grand International၂၀၁၅ စံထိပ်ထားလင်းမှာ Style Plus H သင်တန်းကျောင်းမှ ရွေးချယ်စေလွှတ်သည့် အလှမယ် တစ်ဦးဖြစ်ပြီး Miss Grand International ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် တတိယအကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်သည့် အလှမယ် တစ်ဦးဖြစ်သည်။ မြန်မာအလှမယ် စံထိပ်ထားလင်းမှာ အသက် ၂၁ နှစ်ဖြစ်ပြီး MBA ကျောင်းသူတစ်ဦး ဖြစ်သည်။
နိုင်ငံတကာ အလှမယ်ပြိုင်ပွဲများသို့ မြန်မာအလှမယ်များ သွားရောက် ယှဉ်ပြိုင်မှုများ ပြုလုပ်လျက် ရှိရာတွင် စံထိပ်ထားလင်းသည် တစ်ဦးအပါအဝင် ဖြစ်သည်။ ယခုနှစ်တွင် ကမ္ဘာ့ထိပ်တန်း အလှမယ် ပြိုင်ပွဲများသို့ မြန်မာကိုယ်စားပြု အလှမယ်များ သွားရောက် ယှဉ်ပြိုင်ရန်  ပြင်ဆင်လျက်ရှိသည်။                     

Most Read

Most Recent