ဖားဆောင်းမြို့နယ် မော်ချီးသတ္တုတွင်းဒေသတွင် မိုးရွာသွန်း၍ မြေပြိုမှုများကြောင့် သေဆုံးသူ ၂၈ ဦးထိ တိုးလာပြီး လူဦးရေ ၁၀၀၀ကျော် ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေကြရ

ဖားဆောင်းမြို့နယ် မော်ချီးသတ္တုတွင်းဒေသတွင် မိုးရွာသွန်း၍ မြေပြိုမှုများကြောင့် သေဆုံးသူ ၂၈ ဦးထိ တိုးလာပြီး လူဦးရေ ၁၀၀၀ကျော် ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေကြရ
Published 13 October 2015

ကယားပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးသတ္ထုတွင်းဒေသတွင် မိုးအဆက်မပြတ်ရွာသွန်း၍ မြေပြိုမှုများ ဖြစ်ပွားသောကြောင့် အောက်တိုဘာ ၁၃ ရက်နေ့ မွန်းလွဲ ၃နာရီခွဲအချိန်ထိ ၂၈ ဦးသေဆုံးကြောင်း သတင်းရှိသည် ။
' ဒီနေ့ပဲ မြေပိနေတဲ့လူဆယ်တာ ၁၀ ဦး ထပ်တွေ့တယ်ဆိုတော့ စုစုပေါင်း ၂၈ ဦးသေပြီပေါ့ ။ ဒါပဲကြားရသေးတယ်။ ဆက်တော့ ရှာနေကြတယ် ' ဟု အောက်ရွာရှိ အင်္ဂလီကန်ဘုန်းတော်ကြီးတစ်ဦးက ဖြေဆိုသည်။ ကယ်ဆယ်ရေးစခန်းများကို ဖွင့်လှစ်ထားရာတွင် လိုခါးလို နှစ်ချင်းခရစ်ယာန်ဘုရားကျောင်းတွင် လူအများဆုံး ရောက်ရှိနေပြီး အောက်တိုဘာ ၁၃ ရက် ညနေ ၄ နာရီထိ မည်သည့်ကယ်ဆယ်ရေးမှ မရောက်လာသေးကြောင်း လိုခါးလိူဘုရားကျောင်း ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

(လွိုင်ကော် NLD ပါတီဝင်များမှ ကယ်ဆယ်ရေး လုပ်ဆောင်နေစဉ်)
'ကယ်ဆယ်ရေးက အောက်ရွာက အထက်တန်းကျောင်းကိုပဲသွားနေတာ ကျွန်တော်တို့ဆီမှာက အခု လူ ၁၀၀၀ နီးပါးရောက်နေပြီး ကားနဲ့ဆိုင်ကယ်လမ်း မရှိတော့ဘူး တောလမ်းပဲရမယ်  အောက်ရွာကနေ စက်သီးနဲ့ချောင်းကိုဖြတ်ပို့ရင်ပိုလွယ်မယ် မြန်မြန်လာစေချင်တယ် ဘုရားကျောင်းနဲ့မူလတန်းကျောင်းမှာဖွင့်ထားတဲ့ ကယ်ဆယ်ရေးစခန်းမှာ အခုဆို လူ ၂၀၀၀ နီးပါးရှိနေပြီ 'ဟု လိုခါးလို လူငယ်တစ်ဦးမှပြောဆိုသည်။
ရာသီဥတုမှာ မြှူဆိုင်း၍  မိုးဖွဲဖွဲရွာလျက်ရှိနေပြီး အစားအစာ၊ ဆေး ၊ အဝတ်အထည်များ လိုအပ်နေကြောင်း ၊ လူများလာသဖြင့် နေအိမ်အချို့တွင် တည်းခိုရန် စီစဉ်ပေးထားကြောင်းလည်း သိရသည်။ကယားပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးသတ္တုတွင်းဒေသတွင် မိုးရွာသွန်းမှုများ၍ မြေပြိုမှုများကြောင့် အောက်တိုဘာလ ၁၂ ရက် ညအထိ သေဆုံးသူ ၁၈ ဦးထိ တိုးလာကြောင်း လိုခါးလိုကျေးရွာရှိ ဒေသခံလူငယ်များ၏ ကယ်ဆယ်ရေးစခန်းမှ သိရသည်။

(လွိုင်ကော် NLD ပါတီဝင်များမှ ကယ်ဆယ်ရေး လုပ်ဆောင်နေစဉ်)“သေတာ ၁၈ ဦးရှိပြီး ပျောက်တာတော့ တိကျဘယ်လိုမှ မသိနိုင်ဘူး ။ ဒီလူတွေဟာ ဧည့်စာရင်းမတိုင် ဘာမတိုင် နေကြတာလေ။ သူတို့ကျင်းဦးစီးတွေတော့ သူတို့လူဘယ်နှယောက်လဲဆိုတာ သိမယ် ။ ဒါတောင် ကျင်းဦးစီးတွေလည်း ဘယ်ထွက်ပြေးနေလဲ ။ မြေပြိုထဲပါလား မသိသေးဘူး ။ စုံစမ်းနေတာပဲ ။ လက်ရှိ လာပြောတဲ့အရတော့ ပျောက်တာ ၁၁ ဦးရှိြ့ပီး”ဟု အောက်တိုဘာလ ၁၃ ရက် နံနက် ၁၁ နာရီတွင် လိုခါးလို လူငယ်ခေါင်းဆောင်တစ်ဦးမှ ပြန်လည်ဖြေကြားလေသည်။ မြေပြိုမှုကြောင့် ကယ်ဆယ်ရေးစခန်း များဖွင့်ထားရာ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအပါအဝင် လိုခါးလိုနှစ်ချင်းခရစ်ယာန် ဘုရားကျောင်းတွင် လူဦးရေ ၅၀၀ ကျော် ၊ အလယ်တန်းကျောင်းတွင် ၃၀၀ ခန့်နှင့် အောက်ရွာအထက်တန်းကျောင်းတွင် လူဦးရေ ၃၀၀ ကျော်ခန့်ခိုလှုံနေကြရကြောင်းလည်း သိရသသည်။
မော်ချီးသတ္တုတွင်းရှိ ကယ်ဆယ်ရေးအတွက် သွားရောက်သည့် လမ်းအချို့တွင် တံတားလမ်းရေကျော်နေမှုနှင့် တောင်တက် ဆင်းလမ်း ချော်နေမှုများကြောင့် အောက်တိုဘာလ ၁၃ ရက်နေ့တွင်  ကယ်ဆယ်ရေးပစည်းပို့ကားများမှာ အမှတ် ၂ စခန်းအထိသာ သွားနိုင်သည်ဟု သွားရောက်လှူဒါန်းသော NLD အဖွဲ့ဝင်များထံမှသိရသည်။ အမှတ် ၂ စခန်းအနီးရှိ အမှတ် ၂ တံတားမှာ ရေကျော်သဖြင့် တံတားခံနိုင်ဝန်မရှိသဖြင့် ကျိုးကျနိုင်သောကြောင့် ကယ်ဆယ်ရေး ကုန်တင်ကားများမှတဆင့် ကားငယ်များသို့ရွေ့ပြောင်းတင်ဆောင်နေရကြောင်း သိရသည် ။' မိုးက မနက်ကတည်းက စွတ်စွတ်ရွာနေတာ လမ်းဘေးတောင်ပေါ်မြေတွေက လမ်းပေါ်ရောက်ကုန်တော့ လမ်းချော်နေဆယ် ။ သတိထားမောင်းရတယ် ။ အမှတ် ၂ တံတားကလည်း ရေစီးသန်တော့ အထက်ဘက်ကကျောက်တုံးတွေ မျောလာပြီး တံတားနား လာခံနေတယ် ။ ဒါကို ဘတ်ဖိုးနဲ့ကုတ်ထုတ်နေရတယ် ။ မဟုတ်ရင် ကျိုးမှာလေ ။ ကားတွေ သတိထာလာကြပါ ' ဟု လွိုင်ကော် NLD အဖွဲ့ဝင်တစ်ဦးမှဖြေကြားလေသည် ။

Most Read

Most Recent