NLD ပညာရေးနှင့် ကျန်းမာရေး ကွန်ရက် ရန်ပုံငွေ ဖျော်ဖြေပွဲကို အမေရိကန်နိုင်ငံ နယူးရော့ခ်မြို့၌ ပြုလုပ်ရာ အမေရိကန်ဒေါ်လာ ၄၆,၀၀၀ ကျော် ရရှိ

NLD ပညာရေးနှင့် ကျန်းမာရေး ကွန်ရက် ရန်ပုံငွေ ဖျော်ဖြေပွဲကို အမေရိကန်နိုင်ငံ နယူးရော့ခ်မြို့၌ ပြုလုပ်ရာ အမေရိကန်ဒေါ်လာ ၄၆,၀၀၀ ကျော် ရရှိ
Published 13 October 2015

NLD ပညာရေးနှင့်ကျန်းမာရေးကွန်ရက် ရန်ပုံငွေ ဖျော်ဖြေပွဲကို အောက်တိုဘာ ၁၀ ရက်တွင် နယူးရော့ခ်မြို့၌ ပြုလုပ်ခဲ့ရာ အမေရိကန်ဒေါ်လာ ၄၆,၀၀၀ ကျော် ရရှိခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါဖျော်ဖြေပွဲတွင် မြန်မာအနုပညာရှင် ဆောင်းဦးလှိုင်၊Rဇာနည်၊ ဥက္ကာဦးသာ၊ ထွန်းအိန္ဒြာဗိုနှင့် နီနီခင်ဇော်တို့ ပါဝင် ဖျော်ဖြေခဲ့ကြခြင်း ဖြစ်သည်။ မြန်မာအနုပညာရှင်များသည် NLD ပညာရေးနှင့် ကျန်းမာရေး ကွန်ရက် ရန်ပုံငွေနှင့် ရေဘေးသင့် ဒေသများ ပြန်လည် ထူထောင်ရေးအတွက် အမေရိကန်နိုင်ငံရှိ မြို့ကြီးများ၌ ဖျော်ဖြေပွဲများ ပြုလုပ်နေခြင်းဖြစ်ပြီး ယခုအခါ ပဉ္စမမြောက် ဖျော်ဖြေပွဲအဖြစ် နယူးရော့ခ်မြို့၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဆက်လက်၍ အောက်တိုဘာ ၁၁ ရက်တွင် ဘော့စတွန်မြို့၌ ဖျော်ဖြေပွဲ ပြုလုပ် ခဲ့ကြောင်း သတင်းရရှိသည်။
“အမေရိကန်မှာ တစ်မြို့ပြီးတစ်မြို့ ဖျော်ဖြေခဲ့ရာမှာ မူလ ရည်ရွယ်ချက်အတိုင်းပဲ NLD  ပညာရေးနဲ့ ကျန်းမာရေး ကွန်ရက်ရန်ပုံငွေ၊ ရေဘေးသင့် ဒေသတွေ ပြန်လည် ထူထောင်ရေးအတွက် ရန်ပုံငွေတွေကို ရှာဖွေနိုင်ခဲ့သလို ဖျော်ဖြေပွဲ တစ်ပွဲချင်းစီမှာလည်း နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအတွက် သတင်းစကားတွေ၊ မဲပေး ရွေးချယ်ဖို့ အရေးကြီးမှုတွေ၊ NLD  အောင်နိုင်ရေး အတွက် နှိုးဆော်တာတွေကို ပြုလုပ်နိုင်ခဲ့ပါတယ်။ ပြည်ပရောက် မြန်မာအသီးသီးကလည်း စိတ်ပါ ဝင်စားကြတာ တွေ့ရတဲ့အတွက် အရမ်းအားရစရာ ကောင်းပါတယ်” ဟု အဆိုတော် ဆောင်းဦးလှိုင်က ဆိုသည်။

Most Read

Most Recent