၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် လွှတ်တော်အတွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်း ထွက်သွားပေးရေး ဆန္ဒပြ တောင်းဆိုမှုကြောင့် အင်းစိန်ထောင်အတွင်း ဖမ်းဆီး ခံထားရသည့် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ(တကသ)အဖွဲ့ဝင် ကိုဇေယျာလွင်နှင့်ကိုပိုင်ရဲသူတို့အား အောက်တိုဘာ ၆ ရက်တွင် ပန်းဘဲတန်း မြို့နယ်တရားရုံး၌ ဆက်လက်ရုံးထုတ်ခဲ့သည်။
ယင်းနေ့တွင် တရားလိုပြ သက်သေ စစ်ရန် ချိန်းဆိုထားသော်လည်း တရားသူကြီးမှာ စာမေးပွဲ သွားရောက် ဖြေဆိုနေသဖြင့် အမှုနှင့် ပတ်သက်၍ မစစ်ဆေးဖြစ်ဘဲ ရုံးချိန်း ပြန်လည် ချိန်းဆိုခဲ့ကြောင်း သိရသည်။
“ဒီနေ့က တရားသူကြီး နေပြည်တော်မှာ စာမေးပွဲ သွားဖြေနေလို့ မစစ်ဖြစ်ဘူး။ ရုံးချိန်းပဲ ပြန်ချိန်းလိုက်ပါတယ်”ဟု တကသအဖွဲ့ဝင် ကိုဇေယျာလွင်က ပြောကြားသည်။
အဆိုပါအမှုနှင့်ပတ်သက်၍ ပန်းဘဲတန်းမြို့နယ် တရားရုံး၌ တရားလိုပြသက်သေငါးဦး တင်ပြထားကြောင်း သိရသည်။
(တကသ) ကျောင်းသား ခေါင်းဆောင် ကိုဇေယျာလွင်က အကျဉ်းထောင်အတွင်း အကျဉ်းသားများ မဲပေးနိုင်ရေးနှင့် ပတ်သက် ပြီး “အကျဉ်းထောင်ထဲမှာ မဲပေးဖို့ကို စာရင်း ကောက်နေပါတယ်။ ကျွန်တော်ကတော့ မဲပေးမှာပါ။ ပြီးတော့ ကျွန်တော်တို့ အကျဉ်းသားတွေကတော့ ကြိုတင်မဲပဲ ပေးရမှာပါ။ အဓိကတော့ ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်ထဲကသူတွေကို ဘယ်လိုမျိုး အကျဉ်းထောင်ထဲမှာ မဲပေးရမယ်ဆိုတာရယ်၊ အကျဉ်းသားဦးရေ ဘယ်လောက် မဲပေးလို့ရမယ် ဆိုတာလည်း မထုတ်ပြန်သေးဘူး။ ကျွန်တော်တို့ အကျဉ်းသားတွေ အကုန်လုံးက ကြိုတင်မဲပေးရမှာ ဖြစ်တဲ့အတွက် အဲဒီလို ကြိုတင်မဲပေးရတဲ့နေရာမှာ ကျွန်တော်တို့မဲတွေ မဆုံးရှုံးရအောင် ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေး အဖွဲ့တွေကို ထားရှိ စေချင်ပါတယ်။ ဒါမှ တရားမျှတမှု ရှိမယ်လို့ ယူဆတဲ့အတွက် ကျွန်တော် အနေကတော့ ဒါကိုတောင်းဆိုပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့တွေ ပေးချင်တဲ့ ပါတီနဲ့ ကျွန်တော်တို့ ပေးချင်တဲ့ သူဆီကို အမှန်တကယ် မဲရောက်စေချင်လို့ ဖြစ်ပါတယ်”ဟု ပြောကြားသည်။
(တကသ) ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်၊ ကိုနန်းလင်း၊ ကိုပိုင်ရဲသူတို့ အပါအဝင် အဖွဲ့ဝင် ကျောင်းသားအချို့နှင့် ပြည်သူများ ပူးပေါင်း၍ဇွန် ၃၀ ရက်က သိမ်ကြီဈေး ရှေ့မှစတင်ကာ မြို့တော်ခန်းမရှေ့ အထိ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် လွှတ်တော် အတွင်းရှိ တပ်မတော်သား ၂၅ ရာခိုင်နှုန်း ထွက်သွားပေးရေးအတွက် လမ်းလျှောက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ထိုသို့ဆန္ဒပြမှုဖြင့် တက္ကသိုလ် ကျောင်းသားများသမဂ္ဂ(တကသ)အဖွဲ့ဝင် ကိုဇေယျာလွင်၊ ကိုနန်းလင်း၊ ကိုပိုင်ရဲသူတို့ကို ပုဒ်မ-၁၈၊ ပုဒ်မ-၅၀၅ (ခ) တို့ဖြင့် ပန်းဘဲတန်းမြို့နယ် တရားရုံးနှင့် ကျောက်တံတားမြို့နယ် တရားရုံးတို့၌ တရားစွဲဆိုထားခြင်း ဖြစ်ပြီး ကိုနန်းလင်းမှာ လွတ်မြောက်နေ၍ တရားခံပြေး အဖြစ် ကြေညာထားကြောင်း သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် တပ်မတော်သား ၂၅ ရာခိုင်နှုန်း ထွက်သွားရေး ဆန္ဒပြမှုဖြင့် တရားစွဲခံရသည့် (တကသ)အဖွဲ့ဝင် ကျောင်းသားနှစ်ဦးကို ပန်းဘဲတန်း မြို့နယ်တရားရုံး၌ ရုံးထုတ်ပြီး တရားသူကြီး မရှိသဖြင့် ပြန်လည်ချိန်းဆို















