Miss Universe Myanmar 2015 & 2016 ကိုယ်စားပြု အလှမယ် ရွေးချယ်မှုကို စောင့်ကြည့် ခံစားနိုင်မယ့် ရက်သတ္တပတ်

Miss Universe Myanmar 2015 & 2016 ကိုယ်စားပြု အလှမယ် ရွေးချယ်မှုကို စောင့်ကြည့် ခံစားနိုင်မယ့် ရက်သတ္တပတ်
Published 3 October 2015
လင်းလင်းခိုင်

အခုတစ်ပတ် အားလပ်ရက်မှာတော့ မကြာခင် ရောက်ရှိတော့မယ့် ပွင့်လင်းရာသီ ကာလအကြို ဖျော်ဖြေပွဲ အများအပြားက စောင့်ဆိုင်း နေကြပါတယ်။ ဒီဖျော်ဖြေပွဲတွေထဲက တစ်ခုဖြစ်တဲ့ စိတ်လှုပ်ရှားစရာ ပွဲတစ်ခု ကတော့ Miss Universe Myanmar 2015 & 2016 ရဲ့ နောက်ဆုံးအဆင့် ပြိုင်ပွဲပါပဲ။ ၂၀၁၃ ခုနှစ်မှာ စတင်ကျင်းပခဲ့တဲ့ Miss Universe Myanmar ပြိုင်ပွဲက ကမ္ဘာ့အကြီးဆုံး အလှမယ် ပြိုင်ပွဲတစ်ခုဖြစ်တဲ့ Miss Universe ပြိုင်ပွဲကို မြန်မာကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ဖို့ အလှမယ် ရွေးချယ်တဲ့ပွဲပါ။ Miss Universe Myanmar 2015 & 2016 ပြိုင်ပွဲမှာတော့ ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်တွေအတွက် မြန်မာကိုယ်စားပြုအလှမယ်နှစ်ဦးကို တစ်ပါတည်း ရွေးချယ်သွားမှာပါ။“မိုးစက်ကတော့ Miss Universe Myanmar ပြိုင်ပွဲရဲ့ ပထမဆုံး မြန်မာကိုယ်စားပြု အလှမယ်ပေါ့လေ။ နှစ်ပေါင်း ၅၀ လောက် ကြာပြီးမှ ဒီပြိုင်ပွဲကို မြန်မာကိုယ်စားပြု ဝင်ခွင့်ရတဲ့အခါ အားနည်းချက်တွေ၊ လိုအပ်ချက်တွေ အများကြီး တွေ့ရပါတယ်။ ဒါပေမဲ့ ဒီအားနည်းချက်တွေကို နောက်နှစ်ထပ်ပြီး ယှဉ်ပြိုင်ခွင့်ရတဲ့ မြန်မာကိုယ်စားပြု အလှမယ် သျှားထွဋ်ကို ပြောပြတယ်။ မျှဝေပေးတယ်။ အခုနှစ်မှာတော့ ထူးခြားပါတယ်။ တိုင်းနဲ့ပြည်နယ် အသီးသီးက မြို့ကြီးတွေမှာ ကိုယ်စားပြု အလှမယ်တွေ ရွေးချယ်ပြီး နောက်ဆုံးအဆင့် ပြိုင်ပွဲမှာ ဆန်ခါတင် အလှမယ်တွေအဖြစ် ပါဝင်ယှဉ်ပြိုင်စေတယ်။ ဒီနှစ်မှာ ၂၀၁၅ အတွက်ရော ၂၀၁၆ အတွက်ပါ တစ်ပါတည်း ရွေးချယ်မှာ ဖြစ်တယ်။ ဒါကြောင့် ထူးခြားတယ်လို့ ဆိုရမှာပါ” လို့ အလှမယ် မိုးစက်ဝိုင်က ဆိုပါတယ်။Miss Universe Myanmar 2015 & 2016 အလှမယ် ပြိုင်ပွဲအတွက် တိုင်းနဲ့ပြည်နယ် အသီးသီးမှာရှိတဲ့ မြို့ကြီးတွေမှာ ကိုယ်စားပြု အလှမယ်တွေ ရွေးချယ်ထားပြီး ဆန်ခါတင် အလှမယ် ၂၀ ဦးအဖြစ် ပါဝင် ယှဉ်ပြိုင်စေမှာပါ။ ဆန်ခါတင် အလှမယ် ၂၀ ကတော့ ခါးနံပါတ် ၁ အိန်ဂျယ်မေ (ပုသိမ်)၊ ခါးနံပါတ်၂  ဝင်းနွယ်ဦး (မြိတ်)၊ ခါးနံပါတ် ၃ ဇွန်ပြည့်ဖြိုးမော် (မုံရွာ)၊ ခါးနံပါတ် ၄ ရွှေယွန်းလွှာ (တောင်ကြီး)၊ ခါးနံပါတ် ၅ ခွန်းနေခြည်ချို (ပဲခူး)၊ ခါးနံပါတ် ၆ ငွေနှင်းမှုန် (လားရှိုး)၊ ခါးနံပါတ် ၇ မေဘရဏီသော် (ရန်ကုန်)၊ ခါးနံပါတ် ၈ ပိုးပိုးရွှေရည် (ရန်ကုန်)၊ ခါးနံပါတ် ၉ မွှေးသက်လွှင် (ရန်ကုန်)၊ ခါးနံပါတ် ၁၀ အိဖြိုးသွယ် (မော်လမြိုင်)၊ ခါးနံပါတ် ၁၁ အင်ကြင်းမေ (ရန်ကုန်)၊ ခါးနံပါတ် ၁၂ ထက်ထက်ဝင်း (ရန်ကုန်)၊ ခါးနံပါတ် ၁၃ ကေခိုင်မြင့် (ပြည်)၊ ခါးနံပါတ် ၁၄ ချိုချိုထွန်း (စစ်တွေ)၊ ခါးနံပါတ် ၁၅ နဒီလှိုင်း (မိုးကုတ်)၊ ခါးနံပါတ် ၁၆ ထက်ထက်ထွန်း (ရန်ကုန်)၊ ခါးနံပါတ် ၁၇ ယုဇနထွန်း (ထားဝယ်)၊ ခါးနံပါတ် ၁၈ Oilaw Nang Seng Latt Mai (မြစ်ကြီးနား)၊ ခါးနံပါတ် ၁၉ ဆုမြတ်နိုးရတနာ (ရန်ကုန်)၊ ခါးနံပါတ် ၂၀ ဟန်လေး (မန္တလေး) တို့ပဲ ဖြစ်ပါတယ်။Miss Universe Myanmar 2015& 2016 နောက်ဆုံးအဆင့် အလှမယ် ပြိုင်ပွဲကို အောက်တိုဘာ ၃ ရက်မှာ ရန်ကုန်မြို Gandamar Grand Ballroom မှာ ပြုလုပ်သွားမှာပါ။ ဒီပြိုင်ပွဲမှာ ဖျော်ဖြေရေး အစီအစဉ်တွေ အဖြစ် စိုင်းစိုင်းခမ်းလှိုင်၊ မိုးမိုး၊ အောင်ထက်၊ အောင်သီဟနဲ့ Life& Dance အကအဖွဲ့တို့က ပါဝင်ဖျော်ဖြေမယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာတော့ ကိုယ်စားပြု အလှမယ်တွေအဖြစ် ဘယ်သူတွေက ရွေးချယ်ခံရမယ် ဆိုတာကို ရင်ခုန် ခံစားနိုင်ကြ ပါစေလို့။                   

Most Read

Most Recent