အမေရိကန်ရှိ မွတ်စလင်အဖွဲ့အစည်း ၁၉ ခုဖြင့် ဖွဲ့စည်းထားသည့် Burma Task Force USA ၏ စွဲချက်တင်မှုများကြောင့် အမေရိကန် နယူးယောက်ပြည်နယ် တောင်ပိုင်းခရိုင်တရားရုံးက သမ္မတဦးသိန်းစိန်နှင့် ဝန်ကြီးအချို့ကို အောက်တိုဘာ ၂ ရက်က ဆင့်ခေါ်စာ ထုတ်ပြန်ခဲ့ကြောင်း ဧရာဝတီသတင်းဌာနက ဖော်ပြထားသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ဘင်္ဂါလီများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများရှိသည်ဟု စွပ်စွဲထားခြင်းဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်ခြင်း၊ တရားဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ နှင့် ရုပ်ပိုင်းဆိုင်ရာအရ ထိခိုက်နစ်နာမှုဖြစ်စေခြင်း စသည်တို့အတွက် Alien Tort Claims Act (ATCA) (နိုင်ငံခြားသားများ အမေရိကန် ပြင်ပတွင် လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းကို ဖြေရှင်းပေးသည့် ဥပဒေ) နှင့် Torture Victim Protection Act (TVPA) (နှိပ်စက် ညှဉ်းပန်းခံရသူများကို ကာကွယ်ပေးသည့် ဥပဒေ) စသည့် ပုဒ်မများဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် နေထိုင်ခဲ့စဉ် နှိပ်စက်မှုများ၊ ခွဲခြားဆက်ဆံမှုများနှင့် ကြုံတွေ့ခဲ့ပြီး ၎င်းတို့၏ မိသားစုများနှင့်အတူ နေအိမ်ကို စွန့်ခွာခဲ့ရ၍ လက်ရှိတွင် အမေရိကန်၌ ခိုလှုံနေသော ဒုက္ခသည် သုံးဦးကိုယ်စား တရားစွဲဆိုခြင်းဖြစ်ပြီး နစ်နာကြေးနှင့် ထိုက်သင့်သော ပြစ်ဒဏ်ချမှတ်ရန်ဖြစ်ကြောင်း ဧရာဝတီသတင်းဌာနက ဖော်ပြထားသည်။
လူ့အခွင့်အရေး ချိုးဖောက်ခြင်းကြောင့် မြန်မာနိုင်ငံအကြီးအကဲများကို အမေရိကန်တရားရုံးက ဆင့်ခေါ်မှုများ ထုတ်ပြန်ခဲ့သော်လည်း နိုင်ငံအကြီးအကဲများအပေါ် အမေရိကန်တရားရုံးက တရားစွဲဆို၍မရကြောင်း အမေရိကန်အစိုးရမှ ပြောကြားမှုများရှိခဲ့သည်။
သမ္မတဦးသိန်းစိန်နှင့် ဝန်ကြီးအချို့ကို ဘင်္ဂါလီအခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များဖြင့် အမေရိကန်တရားရုံး ဆင့်ခေါ်















