အမေရိကန်ထိပ်တန်း ရက်ပ်အဆိုတော် Redfoo ပါဝင်မည့် ဂီတဖျော်ဖြေပွဲ၏ လက်မှတ်ဈေးနှုန်းများကို အမြင့်ဆုံးငွေ ကျပ် ခုနစ်သိန်းမှ အနိမ့်ဆုံး ငါးသောင်းအထိသတ်မှတ်

အမေရိကန်ထိပ်တန်း ရက်ပ်အဆိုတော် Redfoo ပါဝင်မည့် ဂီတဖျော်ဖြေပွဲ၏ လက်မှတ်ဈေးနှုန်းများကို အမြင့်ဆုံးငွေ ကျပ် ခုနစ်သိန်းမှ အနိမ့်ဆုံး ငါးသောင်းအထိသတ်မှတ်
Published 2 October 2015
လင်းလင်းခိုင်

အမေရိကန်ထိပ်တန်း ရက်ပ်အဆိုတော် Redfoo ပါဝင်မည့် ဂီတဖျော်ဖြေပွဲ၏ လက်မှတ်ဈေးနှုန်းများကို အမြင့်ဆုံးငွေကျပ် ခုနစ်သိန်းမှ အနိမ့်ဆုံးငွေကျပ် ငါးသောင်းအထိ သတ်မှတ်ရောင်းချရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။International Music Festival Electro ဖျော်ဖြေပွဲဟု အမည်ပေးထားပြီး အောက်တိုဘာ ၂၄ ရက်တွင် ရန်ကုန်မြို့ ရွှေထွဋ်တင်ကွင်း၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ယင်းဖျော်ဖြေပွဲတွင် အမေရိကန်ရက်ပ် အဆိုတော် Redfoo နှင့်အတူ မြန်မာ အနုပညာရှင်များဖြစ်သည့် အဆိုတော် အားတီနှင့် ဒီဂျေ Wine တို့က ပါဝင်တင်ဆက်ရန် စီစဉ်ထားခြင်းဖြစ်သည်။ ဖျော်ဖြေပွဲ၏ လက်မှတ်ဈေးနှုန်းများကို ငွေကျပ် ခုနစ်သိန်း၊ ငါးသိန်း၊ သုံးသိန်း၊ တစ်သိန်း နှင့် ငါးသောင်းဟု အသီးသီး သတ်မှတ်ထားကြောင်း သိရသည်။“ကျွန်တော့်အနေနဲ့ နိုင်ငံတကာဖျော်ဖြေပွဲမျိုးကို ဒီမှာလုပ်ချင်တာ ကြာပါပြီ။ Redfoo နဲ့ဆုံတွေ့ပြီး စကားပြောဖြစ်တဲ့အခါ သူကလည်း ဒီကိုလာချင်တယ်။ ရေဘေးသင့်ဒေသတွေအတွက် တစ်ခုခုလုပ်ပေးချင်တယ်လို့ ပြောပါတယ်။ အဲဒါနဲ့ပဲ ဒီပွဲကို စီစဉ်ဖြစ်သွားတာပါ။ဒီပွဲကို လာရောက်ဖျော်ဖြေတဲ့အခါမှာ Redfoo ကလည်း ရေဘေးသင့်ဒေသတွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်သွားမှာပါ။ နိုင်ငံတကာအနုပညာရှင်အနေနဲ့တော့ မလေးရှားက ဒီဂျေပညာရှင်ပါမယ်။ နောက်ထပ်နိုင်ငံတကာ အနုပညာရှင်တွေလည်း ထပ်ပါဦးမှာပါ”ဟု အဆိုပါဖျော်ဖြေပွဲအား စီစဉ်သည့် Polyphonic Co,Ltd မှတာဝန်ရှိသူ တစ်ဦးက ဆိုပါသည်။မြန်မာနိုင်ငံသို့ လာရောက်ဖျော်ဖြေမည့် အမေရိကန်အဆိုတော် Redfoo သည် Party Rock အပါအဝင် ထင်ရှားသည့် တေးသီချင်းများစွာကို သီဆိုထားသူဖြစ်ပြီး အကပညာရှင်၊ ဒီဂျေပညာရှင်နှင့် အခြားအနုပညာလုပ်ငန်းများစွာ၌လည်း ထင်ရှားသူတစ်ဦးဖြစ်သည်။ အသက် ၄၀ ရှိပြီဖြစ်သည့် အမေရိကန်အဆိုတော် Redfoo သည် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်သီဆိုဖျော်ဖြေမည် ဖြစ်သည်။ယခုကျင်းပမည့် International Music Festival  Electro   ဖျော်ဖြေပွဲကို နှစ်စဉ်မြန်မာနိုင်ငံတွင် မတူကွဲပြားသည့် နိုင်ငံတကာ အနုပညာရှင်များနှင့် ပြုလုပ်သွားရန် စီစဉ်ထားသည်ဟုသိရသည်။                  

Most Read

Most Recent