မြန်မာ-ထိုင်း ချစ်ကြည်ရေးအနေဖြင့် သံဃာတော်အပါး ၁၀၀၀၀ တို့အား မန္တလေးကျုံးပတ်လည်တွင် စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်း၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။မန္တလေးမြို့တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်သည့် မြန်မာနှင့်ထိုင်းနိုင်ငံမှ သံဃာတော်အပါး ၁၀၀၀၀ တို့အား ကျုံးပတ်လည်၌ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲအား အတုလမဟာမြကျောက်ဆရာတော် ဘဒ္ဒန္တခေမာစာရနှင့် ထိုင်းနိုင်ငံ ဓမ္မကာယကျောင်းဆရာတော် ဓမ္မချိုင်ယိုတို့မှ အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား ဦးဆောင်ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။မန္တလေးကျုံးပတ်လည်တွင် ပြုလုပ်မည့် သံဃာတော်အပါး ၁၀၀၀၀ တို့အား ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို စက်တင်ဘာ ၂၀ ရက် နံနက် ၇ နာရီအချိန်တွင် စတင်ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားတွင် မြန်မာနှင့် ထိုင်းတို့မှ အပြန်အလှန် ဆုတောင်းမေတ္တာပို့သခြင်း၊ ဆရာတော်ကြီးများထံမှ ငါးပါးသီလ ဆောက်တည်ခြင်း၊ အခမ်းအနားသို့ ကိုယ်တိုင်ကြွရောက်မလာနိုင်သည့် ထိုင်းနိုင်ငံ ဓမ္မကာယကျောင်းဆရာတော် ဓမ္မချိုင်ယို၏ မြန်မာဘာသာဖြင့် ဟောကြားထားသည့် တရားအသံဖိုင်အား ဖွင့်ပြခြင်း၊ သံဃာတော်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်ခြင်းနှင့် ဝတ္ထုငွေများကပ်လှူခြင်း အစရှိသည့် အစီစဉ် ၁၈ ရပ်ဖြင့် ကျင်းပကာ နံနက် ၉ နာရီအချိန်အထိ ပြုလုပ်ခဲ့သည်။ အဆိုပါ သံဃာတော်အပါး ၁၀၀၀၀ တို့အား ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ ကျင်းပရာသို့ ထိုင်းနိုင်ငံမှ အလှူရှင်များနှင့်အတူ မန္တလေးမြို့ခံအများစုနှင့် မြို့အနီးဝန်းကျင်မှလည်း လာရောက်၍ ဆွမ်းဆန်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား လောင်းလှူပူဇော်ခဲ့ကြသည်။အခမ်းအနားအား ဗုဒ္ဓဘာသာ သာသနာရေရှည်တည်တံ့ခိုင်မြဲပြန့်ပွားစေရေးနှင့် မြန်မာနှင့် ထိုင်းနိုင်ငံတို့အကြား နှစ်နိုင်ငံချစ်ကြည် ခင်မင်ရင်းနှီးမှုများ ပိုမိုလေးနက် ခိုင်မာလာစေရေးအဖြစ် ရည်ရွယ်၍ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို မန္တလေးကျုံးအရှေ့ဘက်၊ ၆၆လမ်း၊ ၁၂ လမ်းနှင့်၁၉ လမ်းကြားတို့တွင် သံဃာတော်အပါး ၁၀၀၀၀ တို့အား ပထမဆုံးအကြိမ်အဖြစ် ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ခဲ့ကြောင်း သိရသည်။
မြန်မာ-ထိုင်း ချစ်ကြည်ရေးအနေဖြင့် သံဃာတော်အပါး ၁၀၀၀၀ တို့အား ပထမဆုံးအကြိမ်အဖြစ် မန္တလေးကျုံးပတ်လည်တွင် ဆွမ်းဆန်စိမ်းလောင်းလှူ















