မျက်ကြည်လွှာဆန္ဒပြုလှူဒါန်း သူများအနက် ငါးရာခိုင်နှုန်းခန့်မှ သာ မျက်ကြည်လွှာရရှိပြီး နှစ်စဉ် မျက်ကြည်လွှာအစားထိုးကုသမှုခံ ယူရန် စောင့်ဆိုင်းနေသည့် လူနာ ၃၀၀၀ ကျော်ရှိနေကြောင်း မျက်စိ အထူးကုဆေးရုံကြီး (ရန်ကုန်) မှ သိ ရသည်။မျက်ကြည်လွှာလှူဒါန်းရန် ဆန္ဒ ပြုသူအများစုမှာ အသက် ၄၀ အောက် လူလတ်ပိုင်းအရွယ်များ ပိုများပြီး မျက်စိဆေးရုံသို့ မျက် ကြည်လွှာ ဆန္ဒပြုလှူဒါန်းရန် လာ ရောက်စာရင်းပေးသွင်းသူမှာ ပျမ်း မျှအားဖြင့် နေ့စဉ် ငါးဦးခန့် လာ ရောက်လေ့ရှိကြောင်း၊ နှစ်စဉ်မျက် ကြည်လွှာ အစားထိုး ခွဲစိတ်ကုသ မှုများအနက် ယင်းကဲ့သို့ ဆန္ဒပြုလှူ ဒါန်းသူများ၏ ငါးရာခိုင်နှုန်းခန့်ကိုသာအသုံးပြုရပြီး ကျန် ၉၅ ရာခိုင် နှုန်းမှာ သေဆုံးသူမိသားစုဝင်များ၏အကြောင်းကြားလှူဒါန်းမှုဖြင့် ရရှိ ခြင်းဖြစ်ကြောင်း သိရသည်။လက်ရှိ မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထားသည့် ခန္ဓာကိုယ် အစိတ် အပိုင်း အစားထိုးကုသခြင်းဆိုင်ရာ ဥပဒေအရ မျက်ကြည်လွှာအစားထိုး ကုသရာတွင် မျက်ကြည်လွှာကို သေ ဆုံးသူထံမှသာ ထုတ်ယူခွင့်ရှိပြီး သေဆုံးသူ၏ မိသားစု၊ သို့မဟုတ် ဆွေမျိုးနီးစပ်သူများ၏ခွင့်ပြုချက်ရ မှသာ မျက်ကြည်လွှာထုတ်ယူခွင့်ရှိ ကြောင်း သိရသည်။"ဆန္ဒပြုလှူတဲ့သူတွေထဲမှာဆို ရင်တချို့ကလှူခဲ့ပေမယ့် အမှန် တကယ်ရတာက နည်းတယ်။ ဒါ ကြောင့် အခုနောက်ပိုင်းနည်းပညာ အသစ်ဖြစ်တဲ့ မျက်ကြည်လွှာတစ်ခု လုံးကို အစားထိုးကုသတာမျိုး မ ဟုတ်ဘဲ လိုတဲ့အပိုင်းကိုပဲ အလွှာ လိုက်ကုသပေးတဲ့ပုံနဲ့ ကုသမှုပေးနေ တာတွေရှိတယ်။ အဲဒါဆိုရင် မျက် ကြည်လွှာ တစ်ခုတည်းကို နှစ် ယောက်သုံးနိုင်မယ်ဆိုရင်လူနာတွေ အနေနဲ့လည်း စောင့်ဆိုင်းတဲ့ကာလ တိုသွားမယ်။ မျက်ကြည ်လွှာရယူတဲ့ အခါမှာလည်း လူနာသေဆုံးပြီး နောက်ပိုင်း ၄ နာရီအတွင်း ထုတ် ယူရတယ်" ဟု မျက်စိဆေးရုံကြီး (ရန်ကုန်) မှ ဆေးရုံအုပ်ကြီး ပါမောက္ခ ဒေါက်တာ တင်ဝင်းက ပြောကြား သည်။ထို့နောက် ၎င်းင်းကပင် "တချို့ ဆိုရင် မသေခင်ကတည်းက လူနာ က မျက်ကြည်လွှာလှူခဲ့ပေမယ့် မြန်မာနိုင်ငံမှာက အယူသည်းတာ တွေရှိသလို သေဆုံးသူရဲ့ မိသားစု ဝင်တွေက အလုပ်ရှုပ်နေတော့ အ ကြောင်း မကြားဖြစ်တာတွေ ရှိတယ်။ တချို့ ခက်ခက်ခဲခဲနဲ့ ရလာပြန်တော့ လည်း မထင်မှတ်ဘဲ သူ့မှာ ကူးစက် ရောဂါတစ်ခုခုရှိနေမယ်။ဒါမှ မဟုတ် သုံးစွဲရန်မသင့်တဲ့ အရည်အသွေး ညံ့မျက်ကြည်လွှာဖြစ်နေ မယ်ဆိုရင် လည်း သုံးလို့မရတော့ဘူးပေါ့" ဟု ဆိုသည်။
ဆန္ဒပြုလှူဒါန်းသူများအနက် ငါးရာခိုင်နှုန်းခန့်မှသာ မျက်ကြည်လွှာရရှိပြီး အစားထိုးကုသရန် စောင့်ဆိုင်းနေသည့် လူနာ ၃၀၀၀ ကျော်ရှိနေ















