ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးများကို ယနေ့နံနက်ပိုင်းတွင် ရပ်နား

ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးများကို ယနေ့နံနက်ပိုင်းတွင် ရပ်နား
Published 27 August 2015

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေးများ ယနေ့ နံနက်ပိုင်းတွင် ပြီးဆုံးခဲ့ပြီး ရပ်နားလိုက်ကြောင်း သိရသည်။(၁၂) ကြိမ်မြောက် ပြည်သူ့လွှတ်တော် အစည်းအဝေးများ ရပ်နားကြောင်းကို သြဂုတ် ၂၇ ရက် နံနက်ပိုင်းတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ကြေညာခဲ့ခြင်း ဖြစ်ပြီး နောက်တစ်ကြိမ် ပြန်လည်ကျင်းပမည့်ရက်ကို ကြေညာခဲ့ခြင်း မရှိပေ။သို့သော် ပထမအကြိမ် ပြည်သူ့လွှတ်တော် သက်တမ်းသည် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့အထိ ရှိနေမည် ဖြစ်ပြီး လွှတ်တော် အစည်းအဝေးရှိမှသာ ဆောင်ရွက်နေပါက ပြည်သူလူထု၏ အခွင့်အရေးများ ဆုံးရှုံးနိုင်သဖြင့် လွှတ်တော် ရပ်နားချိန်တွင်လည်း လွှတ်တော်က ဖွဲ့စည်း တာဝန် ပေးအပ်ထားသော ကော်မတီ၊ ကော်မရှင် အစည်းအဝေးများတွင် ကော်မတီဝင် ကိုယ်စားလှယ်များ အနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ရန်လိုကြောင်း သူရဦးရွှေမန်းက ပြောကြားခဲ့ပါသည်။ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေးများကိုမူ သြဂုတ် ၂၈ ရက်တွင် ရပ်နားမည် ဖြစ်ပါသည်။ပြည်ထောင်စုအစိုးရအဖွဲ့မှတင် သွင်းလာမည့်ဖြည့်စွက်ဘတ်ဂျက်အား အတည်ပြုပေးနိုင်ရန်အတွက် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကျင်း ပပြီးနောက်တွင် လွှတ်တော်အစည်း အဝေးများပြန်လည်ခေါ်ယူဖွယ်ရှိ  ကြောင်း ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်အချို့ကသုံးသပ်ပြောကြား သည်။(၁၂) ကြိမ်မြောက် လွှတ်တော် ပုံမှန်အစည်းအဝေးများကို သြဂုတ် ၁၈ ရက်တွင် ပြန်လည်ခေါ်ယူခဲ့ခြင်း ဖြစ်ပြီး ထိုနေ့မှာပင် လွှတ်တော် အစည်းအဝေးများ ရပ်ဆိုင်းပေးရန် အရေးကြီး အဆိုကို ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် နှစ်ရပ်လုံး၌ တင်သွင်းမှုရှိခဲ့သည်။၂၀၁၅ ခုနှစ် ဇွန်လ၊ ဇူလိုင်လ၊ ဩဂုတ်လများတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ သဘာဝဘေး အန္တရာယ်ကျရောက်မှုများနှင့် လာ မည့် နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကျင်း ပရန် အလွန်နီးကပ်နေသောကြောင့်  လွှတ်တော်ပုံမှန်အစည်းအဝေးများကို ရပ်ဆိုင်းပေးရန် ဩဂုတ် ၁၈ ရက်က ပြည်သူ့လွှတ်တော်တွင် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်တစ်ဦးက အရေးကြီးအဆို တင်သွင်းခဲ့သည်။သို့သော် အရေးကြီးအဆိုနှင့် ပတ်သက်၍ အဆိုပါ ကိစ္စရပ်များဆောင်ရွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေ ဖြင့် ခွင့်ယူနိုင်ကြောင်း၊ လွှတ်တော်ဆိုင်ရာလုပ်ငန်းများ ပြီးစီးပါက လွှတ်တော် ရပ်နားမည်ဖြစ်ကြောင်း နှင့် လွှတ်တော်ရပ်နားပါက ယခု တင်သွင်းသည့်အဆိုကြောင့် မဟုတ် ကြောင်း လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းက တုံ့ပြန်ပြောကြားခဲ့ပြီး အဆို အားမှတ်တမ်းတင်ခဲ့သည်။အမျိုးသားလွှတ်တော်တွင်မူ လွှတ်တော်ရပ်နားရန် အရေးကြီးနှင့် ပတ်သက်ပြီး သြဂုတ် ၁၉ ရက်တွင် ဆွေးနွေးဆုံးဖြတ်ရာ ထောက်ခံမဲများသဖြင့် အဆိုအတည်ဖြစ်ခဲ့ပြီး အမျိုးသားလွှတ်တော် အစည်းအဝေးများ ရပ်နားခဲ့သည်။