အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ဒေသတွင်းကိစ္စရပ်များအပြင် မြန်မာနိုင်ငံမှ ရေလွှမ်းမိုးမှုအခြေအနေကိုလည်း ထည့်သွင်းဆွေးနွေး

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ဒေသတွင်းကိစ္စရပ်များအပြင် မြန်မာနိုင်ငံမှ ရေလွှမ်းမိုးမှုအခြေအနေကိုလည်း ထည့်သွင်းဆွေးနွေး
Published 4 August 2015
နေထွန်းနိုင်၊ အေသင်ဇော်ဇော်

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင်ပြုလုပ်ခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ ဒေသတွင်းဆိုင်ရာကိစ္စရပ်များအပြင် မြန်မာနိုင်ငံမှ ရေလွှမ်းမိုးမှုအခြေအနေကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားသည်။(၄၈) ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများ မျက်နှာစုံညီအစည်းအဝေးနှင့် သီးသန့်အစည်းအဝေးကို သြဂုတ် ၄ ရက်က ကွာလာလမ်ပူမြို့၌ ပြုလုပ်နေခြင်းဖြစ်ပြီး ထိုအစည်းအဝေးနှစ်ရပ်အပြီး The Daily Eleven ၏မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာ၌ ၎င်းက ထိုသို့ဖြေကြားခဲ့ခြင်းဖြစ်သည်။"တောင်တရုတ်ပင်လယ်ကိစ္စမျိုးတွေ၊ နောက်တစ်ခါ သဘာဝဘေးအန္တရာယ်ကိစ္စတွေ၊ မြန်မာနိုင်ငံမှာဖြစ်ပေါ်တဲ့ ရေလွှမ်းမိုးမှုကိစ္စတွေ အားလုံးစာနာထောက်ထားတယ်။ လိုအပ်တဲ့အကူအညီတွေလည်း ပေးသွားမယ်ဆိုတာကို ပြောခဲ့တယ်" ဟု ဦးဝဏ္ဏမောင်လွင်က ပြောကြားသည်။ထို့ပြင် ၂၀၁၅ ခုနှစ်အလွန် အာဆီယံ၏လုပ်ငန်းစီမံချက်များကို မည်ကဲ့သို့ ဆင့်ကဲလုပ်ဆောင်ရမည်ဆိုသောအချက်များ၊ တရားမဝင်ရွှေ့ပြောင်းအလုပ်သမားအရေးများကိုလည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။"Migrants ကိစ္စလည်း ဆွေးနွေးပါတယ်။ ဒီ Migrants ကိစ္စက အားလုံး Law Enforcement ပေါ့။ ဒေသတွင်းမှာ လူမှောင်ခိုကူးမှုတွေ၊ လူကုန်ကူးမှုတွေပပျောက်ဖို့ပဲ အားလုံးဝိုင်းဝန်းပြီးတော့ ကူညီဆောင်ရွက်ရမယ်ဆိုတဲ့ အားလုံးပူးပေါင်းဆောင်ရွက်ရမယ်ဆိုတဲ့ဟာ ပြောခဲ့ပါတယ်" ဟု နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားသည်။အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ မျက်နှာစုံညီအစည်းအဝေးနှင့် သီးသန့်အစည်းအဝေးတွင် ၂၀၁၅ ခုနှစ်အလွန် အာဆီယံလုပ်ငန်းစီမံချက်များ၊ တရားမဝင်ရွှေ့ပြောင်းလုပ်သားများအရေး၊ တောင်တရုတ်ပင်လယ်အရေးနှင့် အာဆီယံဒေသတွင်းနှင့် ပြင်ပဆက်သွယ်ရေးအခြေအနေများကို ဆွေးနွေးကြမည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆင့်မြင့်အရာရှိ အိုတမန်ဟာရှင်က အစည်းအဝေးမစတင်မီအချိန်က သတင်းထောက်များကို ပြောကြားသည်။သြဂုတ် ၅ ရက်တွင် အာဆီယံနှင့် မိတ်ဖက်နိုင်ငံများ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် သြဂုတ် ၆ ရက်တွင် အရှေ့အာရှနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အာဆီယံဒေသတွင်းဖိုရမ်တို့ကို ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။