သန်းခေါင်စာရင်းကောက်ယူမှုမှ ရရှိလာသည့် လူမျိုး၊ လူမျိုးစုအမည်စာရင်းအား သက်ဆိုင်ရာလူမျိုးစုကိုယ်စားလှယ်အပါအဝင် ဆက်စပ်အဖွဲ့များဖြင့် ထပ်မံညှိနှိုင်းကာ အထက်အဆင့်ဆင့်တင်ပြပြီးမှ ထုတ်ပြန်မည်ဟုဆို

သန်းခေါင်စာရင်းကောက်ယူမှုမှ ရရှိလာသည့် လူမျိုး၊ လူမျိုးစုအမည်စာရင်းအား သက်ဆိုင်ရာလူမျိုးစုကိုယ်စားလှယ်အပါအဝင် ဆက်စပ်အဖွဲ့များဖြင့် ထပ်မံညှိနှိုင်းကာ အထက်အဆင့်ဆင့်တင်ပြပြီးမှ ထုတ်ပြန်မည်ဟုဆို
Published 23 July 2015

သန်းခေါင်စာရင်းကောက်ယူမှုမှရရှိလာသည့် လူမျိုး၊ လူမျိုးစုအမည်စာရင်းအား သက်ဆိုင်ရာလူမျိုးစုကိုယ်စားလှယ်အပါအဝင် ဆက်စပ်အဖွဲ့အစည်းများနှင့် အကျေအလည်ဆွေးနွေးကာ အထက်အဆင့်ဆင့်သို့ တင်ပြကာ ထုတ်ပြန်သွားမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။ဇူလိုင် ၂၃ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ချင်းပြည်နယ်မဲဆန္ဒနယ်မှ ဦးစတီဗင်သာဘိတ်က ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းများကောက်ယူရာတွင် ယခင်မြန်မာနိုင်ငံတွင်ရှိသော လူမျိုးများဟု သတ်မှတ်ထားသော လူမျိုး၊ လူမျိုးစုအမည်များတွင် ပါဝင်ခြင်းမရှိသော လူမျိုးစုကိစ္စကို နိုင်ငံတော်မှ မည်သို့ဆက်လက်ဆောင်ရွက်မည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့သည်။
အိမ်ထောင်စုနဲ့ မှတ်ပုံတင်မှာရှိတဲ့ လူမျိုးအမည်အား ရေးသွင်းခဲ့ခြင်းမဟုတ်ဘဲ ဖြေဆိုသူကာယကံရှင်က ပြောတဲ့အတိုင်း ရေးသွင်းခဲ့ခြင်းဖြစ်ပါတယ်။ လူမျိုးအမည်ရွေးချယ်ခြင်းဟာ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်နဲ့ ကိုယ်ပိုင်အခွင့်အရေးဖြစ်တဲ့အတွက် လူမျိုးနဲ့ပတ်သက်သောမေးခွန်းအား ဖြေဆိုသူရဲ့စိတ်ဆန္ဒအရ . .

ဒုတိယဝန်ကြီးက ၁၉၇၃ ခုနှစ် ပြည်လုံးကျွတ်အဆင့် လူဦးရေသန်းခေါင်စာရင်းကောက်ယူရာတွင်လည်းကောင်း၊ ၁၉၈၃ ခုနှစ် ပြည်လုံးကျွတ်အဆင့် လူဦးရေသန်းခေါင်စာရင်းကောက်ယူရာတွင်လည်းကောင်း တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးကိုအခြေခံပြီး ဂဏန်းသင်္ကေတပြုစုခဲ့သည်ကို တွေ့ရကြောင်း ပြောကြားသည်။၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းတွင် ယခင်အတည်ပြုကာ အသုံးပြုခဲ့သည့် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးစာရင်းကို ၁၉၇၃ ခုနှစ်နှင့် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းအပေါ်အခြေခံထားကြောင်း၊ လက်ရှိသတ်မှတ်ချက်အရ တိုင်းရင်းသားလူမျိုးကြီးရှစ်မျိုးနှင့် မျိုးနွယ်စု ၁၃၅ မျိုးကို ကွဲလွဲမှုများရှိနိုင်သည့်အတွက် လူမျိုးအမှန်ပြင်နိုင်ရန်အတွက် လူမျိုးစာရင်းကောက်ယူခဲ့ခြင်းဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။ဒုတိယဝန်ကြီး ဦးဝင်းမြင့်က "အိမ်ထောင်စုနဲ့ မှတ်ပုံတင်မှာရှိတဲ့ လူမျိုးအမည်အား ရေးသွင်းခဲ့ခြင်းမဟုတ်ဘဲ ဖြေဆိုသူကာယကံရှင်က ပြောတဲ့အတိုင်း ရေးသွင်းခဲ့ခြင်းဖြစ်ပါတယ်။ လူမျိုးအမည်ရွေးချယ်ခြင်းဟာ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်နဲ့ ကိုယ်ပိုင်အခွင့်အရေးဖြစ်တဲ့အတွက် လူမျိုးနဲ့ပတ်သက်သောမေးခွန်းအား ဖြေဆိုသူရဲ့စိတ်ဆန္ဒအရ ပြောဆိုခွင့်ရှိခြင်းကြောင့် ဖြေဆိုသူမှ ပြောကြားတဲ့အတိုင်း ရေးသွင်းခဲ့ခြင်းဖြစ်ပါတယ်။လူမျိုးအမည်သစ်ကိုဖြေဆိုပါက အလိုလိုစာရင်းဝင်သွားမည်ဖြစ်ကာ မဖြေပါက အလိုလိုပယ်ဖျက်သွားမှာဖြစ်ပါတယ်" ဟုပြောကြားသည်။

Most Read

Most Recent