၂၀၁၀ ရွေးကောက်ပွဲ၌ မဲဆန္ဒရှင် နှစ်သိန်းခွဲကျော်ရှိခဲ့သော မောင်တောမြို့နယ်အတွင်း အခြေခံမဲစာရင်း ထုတ်ပြန်ရာတွင် နိုင်ငံသားကတ်ရရှိထားသည့် တိုင်းရင်းသားမဟုတ်သူ ၁၀၀ ခန့် ပါဝင်သော်လည်း ဝှိုက်ကတ်ကိုင်ဆောင်သူများ ပါဝင်ခြင်းမရှိသဖြင့် တစ်မြို့နယ်လုံး မဲဆန္ဒရှင်ဦးရ

၂၀၁၀ ရွေးကောက်ပွဲ၌ မဲဆန္ဒရှင် နှစ်သိန်းခွဲကျော်ရှိခဲ့သော မောင်တောမြို့နယ်အတွင်း အခြေခံမဲစာရင်း ထုတ်ပြန်ရာတွင် နိုင်ငံသားကတ်ရရှိထားသည့် တိုင်းရင်းသားမဟုတ်သူ ၁၀၀ ခန့် ပါဝင်သော်လည်း ဝှိုက်ကတ်ကိုင်ဆောင်သူများ ပါဝင်ခြင်းမရှိသဖြင့် တစ်မြို့နယ်လုံး မဲဆန္ဒရှင်ဦးရ
Published 24 June 2015
သားရွှေဦး (ကစ္ဆပ)

၂၀၁၀ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် နှစ်သိန်းခွဲကျော်ရှိခဲ့သည့် မောင်တောမြို့နယ်အတွင်း  အခြေခံမဲစာရင်း ထုတ်ပြန်ရာတွင် နိုင်ငံသားကတ်ပြားရရှိထားသည့် တိုင်းရင်းသားမဟုတ်သူ ၁၀၀ ခန့် ပါဝင်သော်လည်း ဝှိုက်ကတ်ကိုင်ဆောင်သူများ ပါဝင်ခြင်းမရှိသဖြင့်    တစ်မြို့နယ်လုံး မဲဆန္ဒရှင်စာရင်းမှာ   နှစ်သောင်းမပြည့်ကြောင်း  မြို့နယ်ရွေး ကောက်ပွဲကော်မရှင်မှ သတင်းရရှိသည်။
 
ဇွန် ၂၂ ရက်က ဝှိုက်ကတ် (ယာယီသက်သေခံကတ်ပြား) ကိုင်ဆောင်သူ အများအပြား နေထိုင်သည့် မောင်တောမြို့နယ် အပါအဝင် ရခိုင်တစ်ပြည်နယ်လုံးတွင် အခြေခံမဲဆန္ဒရှင်စာရင်းများအား  ကြေညာခဲ့ရာတွင်  မောင်တောမြို့နယ် တစ်မြို့နယ်လုံးရှိ  ရပ်ကွက်၊ ကျေးရွာအသီးသီးတွင် မဲဆန္ဒရှင်စာရင်းများအား ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
 
ယင်းသို့ထုတ်ပြန်ခဲ့ရာတွင် တစ်မြို့နယ်လုံး မဲဆန္ဒရှင်စာရင်းမှာ ၁၈၈၆၁ ဦး ပါဝင်ခဲ့ကြောင်း၊ ယင်းအထဲတွင် တိုင်းရင်းသားမဟုတ်သူ ၁၀၀ ခန့်ပါဝင်ခဲ့ကြောင်း သိရသည်။
 
“အခု မောင်တောမြို့ပေါ်ရပ်ကွက် တစ်ခုတည်းမှာ  မဲဆန္ဒရှင်က  ၁၀၄၂  ဦးရှိတယ်။ တိုင်းရင်းသားမဟုတ်တဲ့ သူတွေက ၁၀ ဦးပါနေတယ်။  အခုမဲစာရင်းမှာ  သေဆုံးသူတွေ ပါနေလား၊   ပိုနေသလားဆိုတာကို တစ်မြို့နယ်လုံးအတိုင်းအတာနဲ့ ပြန်စိစစ်ပြီး ကော်မရှင်ကို ပြင်ဆင်ပေးဖို့ပြောရမယ်။ အခု တိုင်းရင်းသားမဟုတ်သူတွေပါနေတာက  သူတို့ အမှန်တကယ် နိုင်ငံသားကတ်ကိုင်ဆောင်သူလားဆိုတာ ပြန်စိစစ်ရမယ်။ ဒီနေ့ကိုပြောရမယ်ဆိုရင် မဲစာရင်းထုတ်ပြန်တာကို လူတွေ စိတ်မဝင်စားဘူး။ လာကြည့်တဲ့သူက တစ်ဦး စ၊ နှစ်ဦး စ သာရှိတယ်” ဟု မောင်တောမြို့နယ် ရခိုင်အမျိုးသားပါတီဒုဥက္ကဋ္ဌ ဦးမောင်အုန်း က ပြောကြားသည်။
 
ယင်းနှင့်ပတ်သက်၍ မြို့နယ်ကော်မရှင် ဥက္ကဋ္ဌ ဦးမောင်အုန်းကြည်က “မဲစာရင်းတွေကို ဇွန် ၂၁ ရက်ကတည်းက ရပ်ကွက်ကျေးရွာတွေအားလုံးကို ထုတ်ပေးလိုက်တယ်။ အခုဆိုရင် မဲစာရင်းကပ်တာကို လာကြည့်တဲ့သူတွေကို ဓာတ်ပုံတွေနဲ့ အစီရင်ခံစာတွေ တက်နေပါပြီ။ အခုထုတ်ပြန်တဲ့အထဲမှာ တိုင်းရင်းသား မဟုတ်သူပါနေတယ်ဆိုတာ မှန်ပေမယ့် ဒါဟာ ဥပဒေအရ နိုင်ငံသားကတ် ကိုင်ဆောင်သူတွေကို မဲစာရင်းပြုစုတဲ့အထဲမှာ ပါတယ်။ ဒါပေမဲ့ ယာယီသက်သေခံကတ် ကိုင်ဆောင်သူတွေစာရင်းကိုတော့  မဲစာရင်းမှာ  မပါပါဘူး။ အခုထုတ်ပြန်တဲ့အထဲမှာ မှားယွင်းတာတွေပါရင်လည်း ဒါဟာ အခြေခံအဆင့် ထုတ်ပြန်တာဖြစ်တဲ့အတွက်  အားလုံးဝိုင်းဝန်းပြီး အမှန်ဖြစ်အောင်အထိ ပြင်ဆင်သွားပါမယ်” ဟု ပြောကြားသည်။ 
 
ဝှိုက်ကတ်ဖြင့်   မဲပေးခွင့်ရရှိခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် မောင်တောမြို့နယ်၌   မဲဆန္ဒရှင် နှစ်သိန်းခွဲကျော်ရှိခဲ့ကြောင်း သိရသည်။
 

Most Read

Most Recent