ကိုပါကြီးသေဆုံးသွားသည့်ကိစ္စအား တရားမျှတမှုရရှိရေး ဆန္ဒပြမှုနှင့် ကျောင်းသားများကို အကြမ်းမဖက်ရန် ဆန္ဒပြမှုတို့အတွက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုမိုဃ်းသွေးအား ပုဒ်မ ၁၈ နှစ်မှုဖြင့် အမှုဖွင့်ထားကြောင်း ၎င်းကပြောကြားသည်။၂၀၁၄ ခုနှစ် အောက်တိုဘာလအတွင်းက ကိုပါကြီးသေဆုံးမှုကို အမှုမှန်ဖော်ထုတ်ပေးရေးအတွက် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့မှုနှင့် မတ် ၃ ရက်က လက်ပံတန်းတွင်ပိတ်ဆို့ခံခဲ့ရသော ကျောင်းသားသပိတ်အား အကြမ်းမဖက်ရေးအတွက် ဆန္ဒပြမှုတို့ကြောင့် ကျောက်တံတားရဲစခန်းတွင် အမှုဖွင့်အရေးယူထားသည်ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ၎င်းထံသို့ ဆက်သွယ်ပြောကြားသည်ဟု သိရသည်။"သတင်းရဲတပ်ဖွဲ့ဝင်တစ်ဦးဖုန်းဆက်တာ။ လောလောဆယ်ခရီးသွားနေလို့ ပြန်ရောက်မှပဲ အမှုရင်ဆိုင်ရမယ်" ဟု ကိုမိုဃ်းသွေးကဆိုသည်။"ပုဒ်မ ၁၈ နဲ့ဖွင့်ထားတယ်ဆိုတာ ဟုတ်ပါတယ်။ တရားစွဲတင်တာတော့ မလုပ်ရသေးဘူး။ အမှုစစ်ဆေးပြီးမှ တရားစွဲတင်တာလုပ်ရတာ" ဟု ကျောက်တံတားမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းတင်က ပြောကြားသည်။၂၀၁၅ ခုနှစ် အောက်တိုဘာလကုန်၊ နိုဝင်ဘာလဆန်းပိုင်းတွင် ရွေးကောက်ပွဲကျင်းပပြုလုပ်မည်ဖြစ်ရာ ရွေးကောက်ပွဲရှိစဉ်အတောအတွင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူအားလုံးနီးပါး ငြိမ်းစုစီဥပဒေပုဒ်မ ၁၈၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ (ခ)တို့ဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံထားရသည်။ အဆိုပါကာလတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအနေဖြင့် ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခွင့်မရသည့်အပေါ် ဝေဖန်မှုများရှိသေည်။"ရွေးကောက်ပွဲမှာ စောင့်ကြည့်ခွင့်၊ လေ့လာခွင့်၊ ထောက်ပြဝေဖန်ခွင့်ကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ မရနိုင်တော့အောင်လုပ်တာလို့ မြင်ပါတယ်။ ထောက်ပြဝေဖန်မယ့် ပြောရဲဆိုရဲရှိတဲ့သူတွေအကုန်လုံးကို အကျဉ်းထောင်တွေထဲပို့ထားတယ်ဆိုရင်တော့ ဒီမိုကရေစီကိုသွားနေတာ မဟုတ်ဘူးပေါ့" ဟု အမှုဖွင့်ခံထားရသည့် ကိုမိုဃ်းသွေးကဝေဖန်သည်။
တက်ကြွလှုပ်ရှားသူ ကိုမိုဃ်းသွေးအား ကိုပါကြီးသေဆုံးသည့်ကိစ္စ တရားမျှတမှုရရှိရေးဆန္ဒပြမှုနှင့် ကျောင်းသားများကိုအကြမ်းမဖက်ရန် ဆန္ဒပြမှုတို့အတွက် ပုဒ်မ ၁၈ ဖြင့် နှစ်မှုဖွင့်ထား