မန္တလေးတိုင်း၌ မိုဘိုင်းဆက်သွယ်ရေး စခန်းပေါင်း ၁၀၇၅ ခု တည်ဆောက်ထားပြီး လာမည့်နှစ်များတွင် မိုဘိုင်းဆက်သွယ်ရေးစခန်း ၆၅၂ ခု ထပ်မံတိုးချဲ့မည်

မန္တလေးတိုင်း၌ မိုဘိုင်းဆက်သွယ်ရေး စခန်းပေါင်း ၁၀၇၅ ခု တည်ဆောက်ထားပြီး လာမည့်နှစ်များတွင် မိုဘိုင်းဆက်သွယ်ရေးစခန်း ၆၅၂ ခု ထပ်မံတိုးချဲ့မည်
Published 26 April 2015
စောရည်နန္ဒာ

မန္တလေးတိုင်းဒေသကြီးတွင် မိုဘိုင်းဆက်သွယ်ရေး စခန်းပေါင်း ၁၀၇၅ ခုအထိရှိလာပြီး လာမည့်နှစ်များတွင် မိုဘိုင်းဆက်သွယ်ရေးစခန်း ၆၅၂ ခုကို ထပ်မံတိုးချဲ့ တည်ဆောက်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။အဆိုပါ မိုဘိုင်းဆက်သွယ်ရေး စခန်းများကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအပြင် ပြည်ပဆက်သွယ်ရေး လုပ်ငန်းများဖြစ်သည့် တယ်လီနောနှင့် အူရီဒူးကုမ္ပဏီတို့မှလည်း ပါဝင်တည်ဆောက်ထားကြောင်း သိရသည်။ယခုနှစ်အတွင်း တည်ဆောက်ထားသည့် မိုဘိုင်းဆက်သွယ်ရေး စခန်းများမှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက စခန်းပေါင်း ၆၀၇ ခု၊ နိုင်ငံတကာ ဆက်သွယ်ရေး အော်ပရေတာများဖြစ်သည့် အူရီဒူးကုမ္ပဏီက မိုဘိုင်းဆက်သွယ်ရေးစခန်း ၁၇၁ ခု၊ တယ်လီနောကုမ္ပဏီက ၂၉၇ ခု တည်ဆောက်ထားပြီး စုစုပေါင်း မိုဘိုင်းဆက်သွယ်ရေးစခန်း ၁၀၇၅ ခုကို တည်ဆောက်နိုင်ခဲ့ပြီး လာမည့်နှစ်များတွင် မိုဘိုင်းဆက်သွယ်ရေး စခန်းများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ၃၁၈ ခု၊ အူရီဒူးကုမ္ပဏီက ၁၂၁ ခုနှင့် တယ်လီနောကုမ္ပဏီက ၂၁၃ ခု တည်ဆောက်သွားမည်ဖြစ်ပြီး စုစုပေါင်း မိုဘိုင်းဆက်သွယ်ရေးစခန်း ၆၅၂ ခု တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ထို့ကြောင့် စုစုပေါင်း မိုဘိုင်းဆက်သွယ်ရေးစခန်းပေါင်း ၁၇၂၇ ကို တည်ဆောက်သွားမည် ဖြစ်သည့်အတွက် မန္တလေးတိုင်းဒေသကြီးတွင် ဆက်သွယ်ရေးကဏ္ဍ ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း သိရသည်။လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာအရ 3G မိုဘိုင်းကွန်ရက် ၇၅ ရာခိုင်နှုန်းအထိ ဖြန့်ကြက်ထားပြီး ဆက်သွယ်ရေးတာဝါတိုင်ပေါင်း သုံးသောင်းကျော် တည်ဆောက်ထားသည်။နောက်ပိုင်းတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် 3G မိုဘိုင်းကွန်ရက်များ လွှမ်းခြုံနိုင်အောင် စီစဉ်ဆောင်ရွက်နေပြီး ၂၀၁၅ ခုနှစ် အကုန်ပိုင်းတွင် တစ်နိုင်ငံလုံး 3G ကွန်ရက်လွှမ်းခြုံနိုင်အောင် ပြုလုပ်သွားမည်ဖြစ်သည်။

Most Read

Most Recent