မြန်မာနိုင်ငံအောက်ပိုင်းဒေသနှင့် အလယ်ပိုင်းဒေသများတွင် အမြင့်ဆုံးအပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ကျော်ရှိနေ

မြန်မာနိုင်ငံအောက်ပိုင်းဒေသနှင့် အလယ်ပိုင်းဒေသများတွင် အမြင့်ဆုံးအပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ကျော်ရှိနေ
Published 21 April 2015
ဆန်းထူးအောင်

မြန်မာနိုင်ငံ အောက်ပိုင်းဒေသနှင့် အလယ်ပိုင်းဒေသများတွင် အမြင့်ဆုံးအပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ကျော်အထိရှိနေပြီး မိုးရွာသွန်းနိုင်သည့်အခြေအနေများရှိနေမှုကြောင့် အပူချိန်များ အနည်းငယ်ကျဆင်းနိုင်ကြောင်း သိရသည်။"အခုရန်ကုန်မြို့ရဲ့အပူချိန်က ၄၀ ဒီဂရီစင်တီဂရိတ်လောက်ရှိတယ်။ မနှစ်ကဒီထက်ပိုပူတယ်။ ၄၁ လောက်ထိဖြစ်ခဲ့တယ်။ မတ်လတုန်းကတော့ နေရာနှစ်ခုလောက်အထိစံချိန်တင်ပူခဲ့တယ်။ ဧပြီလထဲမှာတော့ စံချိန်မတင်သေးဘူး။ ခုရက်ပိုင်း ချောက်မှာဆိုရင် ၄၄ ဒီဂရီစင်တီဂရိတ်လောက်အထိဖြစ်နေတယ်။ နောက်နှစ်ရက်သုံးရက်လောက်နေရင် မိုးရွာသွန်းနိုင်တဲ့အတွက် အပူနည်းနည်းပြန်ကျသွားနိုင်ပါတယ်" ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးကဆိုသည်။
ဒီနှစ်ကနည်းနည်းထူးခြားတယ်။ နည်းနည်းပူလာလိုက် မိုးရွာလို့ ပြန်အေးသွားလိုက်ဖြစ်နေတယ်။ အေးနေရာကနေ ရုတ်တရက်ပူလာတဲ့အတွက် အရမ်းပူတယ်ဆိုပြီးထင်နေတာ။ တောက်လျှောက်ပူနေရင်တော့ မသိသာဘူး။ မိုးရွာသွန်းနိုင်တာက တစ်ရက်နှစ်ရက်အတွင်းမှာ မြောက်ပိုင်းဒေသတွေမှာရွာနိုင်တယ်။ အထက်ပိုင်းဒေသတွေရွာမယ်။ ၂၃ ရက်ကနေ ၂၅ ရက်မှာ မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာလည်း မိုးနည်းနည်းရနိုင်တယ် . . .

အနောက်ဘက်မှရွေ့လျားလာသော လေပွေလှိုင်းများနှင့် အရှေ့ဘက်မှရွေ့လျားလာသော လေပွေလှိုင်းများကြောင့် နောက်ငါးရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးရွာသွန်းနိုင်ကြောင်း ဧပြီ ၂၀ ရက်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။"ဒီနှစ်ကနည်းနည်းထူးခြားတယ်။ နည်းနည်းပူလာလိုက် မိုးရွာလို့ ပြန်အေးသွားလိုက်ဖြစ်နေတယ်။ အေးနေရာကနေ ရုတ်တရက်ပူလာတဲ့အတွက် အရမ်းပူတယ်ဆိုပြီးထင်နေတာ။ တောက်လျှောက်ပူနေရင်တော့ မသိသာဘူး။ မိုးရွာသွန်းနိုင်တာက တစ်ရက်နှစ်ရက်အတွင်းမှာ မြောက်ပိုင်းဒေသတွေမှာရွာနိုင်တယ်။ အထက်ပိုင်းဒေသတွေရွာမယ်။ ၂၃ ရက်ကနေ ၂၅ ရက်မှာ မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာလည်း မိုးနည်းနည်းရနိုင်တယ်" ဟု ဦးကျော်မိုးဦးက ဆက်လက်ပြောကြားသည်။ဧပြီ ၂၁ ရက်၏ ထူးခြားနေ့အပူချိန်အနေဖြင့် ချောက်၊ မင်းဘူး၊ အောင်လံ၊ ကြို့ပင်ကောက်နှင့် ဘော်လခဲမြို့များတွင် ၄၂ ဒီဂရီစင်တီဂရိတ်အထိရှိကြောင်းလည်း သိရသည်။မတ်လအတွင်း ၂၁ ရက်တွင် ကြို့ပင်ကောက်မြို့တွင် မိုးလေဝသစခန်းဖွင့်လှစ်ခဲ့သည့် နှစ်ပေါင်းသုံးဆယ်အတွင်း အမြင့်ဆုံးအပူချိန် ၄၁ ဒသမ ၇ ဒီဂရီစင်တီဂရိတ်အထိပူပြင်းခဲ့ပြီး သိမ်ဖြူဇရပ်မြို့တွင် မိုးလေဝသစခန်းဖွင့်လှစ်ခဲ့သည့် နှစ်ပေါင်း ၅၀ အတွင်း အမြင့်ဆုံးအပူချိန် ၄၁ ဒသမ ၆ အထိရှိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ယခင်နှစ် ဧပြီ ၂၂ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတွင် ၃၉ ဒီဂရီစင်တီဂရိတ်၊ မန္တလေးတိုင်းဒေသကြီးတွင် ၄၄ ဒီဂရီစင်တီဂရိတ်၊ နေပြည်တော်တွင် ၃၉ ဒီဂရီစင်တီဂရိတ်၊ မကွေးတိုင်းဒေသကြီးတွင် ၄၃ ဒီဂရီစင်တီဂရိတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတွင် ၄၃ ဒီဂရီစင်တီဂရိတ်၊ ကချင်ပြည်နယ်တွင် ၃၅ ဒီဂရီစင်တီဂရိတ်၊ ကယားပြည်နယ်တွင် ၃၆ ဒီဂရီစင်တီဂရိတ်၊ ကရင်ပြည်နယ်တွင် ၃၅ ဒီဂရီစင်တီဂရိတ်နှင့် ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၃၄ ဒီဂရီစင်တီဂရိတ် အသီးသီးရှိခဲ့ကြောင်းလည်း သိရသည်။မြန်မာနိုင်ငံသည် ၁၈၅၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ အပူဆုံးသောနှစ် သုံးနှစ်ရှိခဲ့ရာတွင် ၁၉၉၈ ခုနှစ်၊ ၂၀၀၅ ခုနှစ်၊ ၂၀၁၀ ပြည့်နှစ်တို့ဖြစ်ကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။အယ်လ်နီညိုဖြစ်ပွားခဲ့သည့် ၂၀၁၀ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတွင် အမြင့်ဆုံးအပူချိန် ၄၇ ဒီဂရီစင်တီဂရိတ်အထိ ဖြစ်ပွားခဲ့ကြောင်း၊ ၁၉၈၀ နောက်ပိုင်းမှစတင်ကာ အလယ်ပိုင်းဒေသများသည် ဧပြီ၊ မေလများတွင် အနိမ့်အဆုံးအပူချိန် ၄၂ ဒီဂရီစင်တီဂရိတ်မှ အမြင့်ဆုံးအပူချိန် ၄၅ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိလာကြောင်းလည်း သိရသည်။၂၀၁၀အတွင်း မတ်၊ ဧပြီ၊ မေလတွင် မြို့နယ် ၁၆ မြို့နယ်အတွင်း စံချိန်တင် ပူပြင်းမှု (၂၁)ကြိမ်ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။မြန်မာနိုင်ငံတွင် ၂၀၀၉ ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ်များက နှစ်နှစ်ဆက်တိုက် အယ်လ်နီညိုရာသီဥတုနှစ်များကို တွေ့ကြုံခဲ့ရကာ စံချိန်တင်ပူပြင်းမှုများ၊ မြစ်များတွင် ရေနည်းပါးကာ စိုက်ပျိုးရေ၊ သောက်သုံးရေအခက်အခဲကြုံရခြင်းများ၊ ကျန်းမာရေးချို့တဲ့ခြင်းများ၊ လူသေဆုံးရခြင်းများပင် ဖြစ်ပေါ်ခဲ့သည်။

Most Read

Most Recent