ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် အနော်ရထာအိမ်ရာ ရှစ်လွှာတိုက်ခန်း၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး မီးသတ်သမားနှစ်ဦး ဒဏ်ရာရ

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် အနော်ရထာအိမ်ရာ ရှစ်လွှာတိုက်ခန်း၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး မီးသတ်သမားနှစ်ဦး ဒဏ်ရာရ
Published 9 April 2015
အောင်မျိုးသန့်

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ၅၄ လမ်းတိုရှိ အနော်ရထာအိမ်ရာ ရှစ်လွှာတိုက်ခန်း၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး မီးသတ်သမားနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။မီးလောင်ကျွမ်းမှုဖြစ်စဉ်မှာ ပုဇွန်တောင်မြို့နယ် (၂)ရပ်ကွက် ၅၄ လမ်းတို၊ အနော်ရထာအိမ်ရာ တိုက် ၆  ရှစ်လွှာ၌ ဧပြီ ၉ ရက် ညနေ၃နာရီခွဲတွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး ၄ နာရီ ၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကာ မီးသတ်သမားနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မီးလောင်ကျွမ်းရသည့်အကြောင်းအရင်းကိုလည်း စစ်ဆေးနေကြောင်း ရန်ကုန်မီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသော်တာကပြောကြားသည်။"ဒီမီးစလောင်တဲ့တိုက်ခန်းမှာ မီးဖိုချောင်မှလွဲပြီး တိုက်ခန်းတစ်ခုလုံး မီးလောင်ကျွမ်းခဲ့တယ်။ တိုက်ခန်းမှာနေထိုင်တဲ့သူတွေက မီးလောင်တဲ့အချိန်မရှိကြဘူး။ အပြင်သင်တန်းသွားနေကြတယ်လို့သိရတယ်။ မီးသတ်သမားနှစ်ဦးက မီးငြှိမ်းသတ်နေရင်း မှန်ကွဲတွေပြုတ်လို့ ခြေထောက်မှာ ဒဏ်ရာရသွားကြတယ်။ မီးလောင်တဲ့အကြောင်းအရင်းကို စစ်ဆေးနေတုန်းပါ။ နောက်ပြီး အခုတိုက်ခန်းမှာနေတဲ့သူကိုတော့ ရဲစခန်းမှာ စစ်ဆေးနေပါတယ်" ဟု ရန်ကုန်မီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသော်တာက ဆက်လက်ပြောကြားသည်။အဆိုပါမီးလောင်ကျွမ်းမှုနေရာသို့ မီးသတ်ကား အစီး ၂၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ပြီး မီးလောင်မှုအဆင့်ကို Level 2 အဆင့် သတ်မှတ်ထားကြောင်း ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာနမှ သိရသည်။  

Most Read

Most Recent