ကျောင်းသားသပိတ်ဖြစ်စဉ်များနှင့်ပတ်သက်၍ စေ့စပ်ညှိနှိုင်းဖြေရှင်းပြီး အေးချမ်းတည်ငြိမ်စွာဖြစ်စေလိုဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က မတ် ၆ ရက်တွင် သတင်းထောက်များအားပြောကြားသည်။
စေ့စပ်ညှိနှိုင်းဖြေရှင်းပြီးတော့ အေးအေးချမ်းချမ်းတည်တည်ငြိမ်ငြိမ်ပဲဖြစ်စေချင်တယ်။ အမျိုးသမီးတွေ ကာယိန္ဒြေပျက်လောက်အောင် အနိုင့်အထက်ပြုတာမျိုး အန်ကယ်တို့ကသဘောမကျဘူး . . .
ထို့ပြင် ရန်ကုန်မြို့၌ ကျောင်းသားများဖြိုခွဲခံရမှုနှင့်စပ်လျဉ်း၍ အမျိုးသမီးများ ကာယိန္ဒြေပျက်သည်အထိ အနိုင့်အထက်ပြု ခြင်းကို သဘောမကျကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ကပြောကြားသည်။သတင်းထောက်များမေးမြန်းသည့် မတ် ၅ ရက်တွင် ရန်ကုန်၌ ကျောင်းသားများနှင့် ၎င်းတို့အားထောက်ခံသူများအပေါ် စွမ်းအားရှင်များကဖြိုခွဲခဲ့ခြင်းအပေါ် အမြင်အားမေးမြန်းရာတွင် ဦးဝင်းမြင့်က "စေ့စပ်ညှိနှိုင်းဖြေရှင်းပြီးတော့ အေးအေးချမ်းချမ်းတည်တည်ငြိမ်ငြိမ်ပဲဖြစ်စေချင်တယ်။ အမျိုးသမီးတွေ ကာယိန္ဒြေပျက်လောက်အောင် အနိုင့်အထက်ပြုတာမျိုး အန်ကယ်တို့ကသဘောမကျဘူး" ဟုပြောကြားသည်။ မတ် ၅ ရက်တွင် ရန်ကုန်၌ ကျောင်းသားများနှင့် ၎င်းတို့အားထောက်ခံသူများအပေါ် စွမ်းအားရှင်များက ဖြိုခွဲခဲ့ခြင်းအပေါ် ဒေါ်အောင်ဆန်းစုကြည်၏အမြင်အားမေးမြန်းရာတွင် "တကယ်တော့ မီဒီယာတွေရဲ့တာဝန်ဆိုတာ ဘယ်သူကဘာတွေ၊ ဘာကိစ္စကဘာတွေဆိုတာ ရှာဖွေဖော်ထုတ်ဖို့ပဲ။ အမေတို့ကိုမေးလို့ အမေတို့သိတာမဟုတ်ဘူး။ မသိတဲ့သူကိုမမေးဘဲနဲ့ အဲဒီနေရာကိုလိုက်ရမယ်။ ဒါက မီဒီယာတွေရဲ့တာဝန်ပဲ။ အဲဒီတော့ သက်ဆိုင်တဲ့သူတွေလိုက်မေး။ ဒီလူတွေကဘယ်ကလဲ။ ဘယ်သူတွေကခိုင်းလို့လုပ်နေတာလဲ။ ဒါက မီဒီယာတွေရဲ့တာဝန်ပဲ" ဟု ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များအား မတ် ၆ ရက်တွင် ပြောကြားသည်။