အမျိုးသားလွှတ်တော် ရွေးကောက်ပွဲစနစ် ခုံရုံးအဆုံးအဖြတ် မရသေး၍ ပီအာရ်စနစ်သို့ ပြောင်းလဲထားခြင်း မရှိသေးကြောင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ပြောကြား

အမျိုးသားလွှတ်တော် ရွေးကောက်ပွဲစနစ် ခုံရုံးအဆုံးအဖြတ် မရသေး၍ ပီအာရ်စနစ်သို့ ပြောင်းလဲထားခြင်း မရှိသေးကြောင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ပြောကြား
Published 15 February 2015

အမျိုးသားလွှတ်တော် ရွေးကောက်ပွဲစနစ်အား အချိုးကျကိုယ်စားပြု(ပီအာရ်) စနစ်သို့ ပြောင်းလဲကျင့်သုံးရန် လွှတ်တော် က အတည်ပြုထားသော်လည်း ခုံရုံးမှ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီ၊ မညီ ဆုံးဖြတ် ချက် မရှိသေးသဖြင့် ရွေးကောက်ပွဲစနစ်အား ပြောင်းလဲထားခြင်းမရှိသေးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းကိုက ပြောကြားသည်။
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲစနစ်အား လက်ရှိကျင့်သုံးလျက်ရှိသည့် နိုင်သူအကုန်ယူ (FPTP) စနစ်သာ ကျင့်သုံးမည် ဖြစ်သော်လည်း အမျိုးသားလွှတ်တော် ရွေးကောက်ပွဲစနစ်အား မည်သို့ကျင့်သုံးမည်ကို မသိရှိရသေးသဖြင့် ရွေးကောက်ပွဲ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မည့် အရပ်ဘက်အဖွဲ့အစည်းအချို့မှာ သင်ရိုးညွှန်းတမ်းများရေးဆွဲရန် အခက်အခဲအချို့ ရှိနေကြောင်း သိရသည်။
“အမျိုးသားလွှတ်တော်ကတော့ ဘယ် လိုစနစ်နဲ့သွားမယ်ဆိုတာကျွန်တော်တို့လည်း မပြောနိုင်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့သိထားတဲ့ အနေအထားက အမျိုးသားလွှတ်တော်မှာ ဒီအဆို အောင်မြင် ထားပေမယ့် ဒီအဆိုဟာအခြေခံဥပဒေနဲ့ ညီ၊ မညီဆိုတာကို သက်ဆိုင်ရာ လွှတ်တော်ကိုယ် စားလှယ်တွေက ခုံရုံးကို သဘောထားမေး တုန်းရှိပါသေးတယ်။ အဲဒီအဆုံးအဖြတ်မရ သေးလို့ရှိရင်တော့ ဥပဒေတစ်ရပ်ထွက်လာ မှာ မဟုတ်ပါဘူး။ ဥပဒေမထွက်လို့ရှိရင်တော့ ရွေးကောက်ပွဲစနစ်ကပြောင်းပြီး ကျင်းပလို့ မရပါဘူး”ဟု ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်အဖွဲ့ဝင်ဦးဝင်းကိုက ပြောကြားသည်။
လက်ရှိတွင် အမျိုးသားလွှတ်တော်ရွေး ကောက်ပွဲစနစ်အား ပီအာရ်စနစ်ကျင့်သုံးရန် လွှတ်တော်၏ဆုံးဖြတ်ချက်အား ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးသို့ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ၂၆ ဦးကလက် မှတ်ရေးထိုး၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီ၊ မညီ ဆုံးဖြတ်ပေးရန် အဆိုပြုထားပြီး အမျိုးသားလွှတ်တော်ဘက်မှ ပြန်လည်ချေ ပရန်အတွက် အမျိုးသားလွှတ်တော်သို့ အ ကြောင်းကြားစာပေးပို့ထားသည်ဟု သိရ ကြောင်း လက်မှတ်ရေးထိုးမှုတွင် ပါဝင်သည့် ဒေါက်တာအေးမောင်က နောက်ဆုံးအခြေ အနေအား ပြောကြားသည်။
“လက်မှတ်ရေးထိုးထားတဲ့ ၂၆ ဦး ကိုယ် စားကတော့ ကျွန်တော်တို့ထဲက ဦးအောင် ကြည်ညွန့်(သို့မဟုတ်) သူ့ရဲ့ရှေ့နေ လိုက်ပါမယ်။ ကျွန်တော်တို့ ဒီပီအာရ်ဖွဲ့စည်းပုံနဲ့ ညီ၊ မညီဆိုတဲ့ လွှတ်တော်အမတ်တွေဘက် မှာတော့ အဆိုလွှာပေါ့ဗျာ။ တရားရုံးပုံစံတင် ရတဲ့အဆိုလွှာမှာ ပြည့်ပြည့်စုံစုံနဲ့ ခုံရုံးကို အဆိုပြုထားပြီးပြီ။ အဲဒီတော့ ပြန်လည်ရင် ဆိုင်မယ့် တခြားတစ်ဖက်လိုတာပေါ့။ အချေ လွှာလိုတာပေါ့။ နိုင်ငံတော်နဲ့ဆိုရင်တော့ တစ်ဖက်က ရှေနေ့ချုပ်ရုံးကလိုက်တယ်။ ဒီကိစ္စမှာတော့ အမျိုးသားလွှတ်တော်ဘက်ကို တာဝန်ခံ ဖြေရှင်းရမယ့်အဖွဲ့အစည်းအနေနဲ့ အကြောင်းကြားတယ်လို့ ကြားတယ်။ အမျိုး သားလွှတ်တော်ဘက်ကလည်း ဒါကြီးကို ဘယ်သူ့ကို တာဝန်ပေးရမလဲ။ ဥပမာ ၂၆ ဦး ပါအဖွဲ့ကို ထိုးပေးရမလား။ အဲဒါမျိုးဖြစ်နေ တယ်ကြားတယ်။ ဒါမှမဟုတ် လွှတ်တော် ဒုဥက္ကဋ္ဌ ဦးဆောင်တဲ့အဖွဲ့(သို့မဟုတ်)ဦးဇော် မြင့်ဖေဦးဆောင်တဲ့ ပီအာရ်ကော်မတီက အချေလွှာအနေနဲ့တစ်ဖက်ကရပ်မလား။ အဆို တစ်ဖက်၊ အချေတစ်ဖက်ပေါ့။ ရှေ့နေ့ချုပ် ရုံးကအခုတော့ ကြားနေမယ်ပေါ့။ ပုံမှန်ဆို ရင် ရှေ့နေ့ချုပ်ရုံး အစိုးရဘက်ကရပ်တည် ပေးတယ်။ ဒီအခင်းအကျင်းမှာရှေ့နေချုပ် ရုံးကရှောင်တဲ့ပုံစံတွေ့ရတယ်။ ကျွန်တော် အဲဒီလောက်ပဲ သိထားတယ်”ဟု ဒေါက်တာ အေးမောင်က ပြောကြားသည်။
ပီအာရ်စနစ် လေ့လာသုံးသပ်ရေး ကော်မရှင်၏ အစီရင်ခံစာတွင် ပီအာရ်စနစ်ကျင့် သုံးပါက လွှတ်တော်အတွင်း၌ မည်သည့်ပါတီကမျှ အပြတ်အသတ် ကိုယ်စားလှယ်ဦး ရေအများစု မရနိုင်၍ နိုင်ငံရေးပါတီအချင်း ချင်းအပေးအယူ ညှိနှိုင်းမှုများကို အချိန်ယူ ဆောင်ရွက်ရခြင်း၊ ထိုမှတစ်ဆင့် လွှတ်တော်အတွင်း၌ နိုင်ငံရေးပါတီကြီးများ၏ တည်ငြိမ်မှုနှင့်ခေါင်းဆောင်မှုကို ထိခိုက်စေနိုင် သည့် အားနည်းချက်တွေ့ရှိကြောင်း၊ ပီအာရ်စနစ်ကြောင့် မဲဆန္ဒနယ်တစ်ခုတည်း၌ ကိုယ်စားလှယ်လောင်း အများအပြားကို ရွေးကောက်ရမည်ဖြစ်၍ မဲဆန္ဒရှင်များနှင့် ကိုယ်စားလှယ်များအကြား ထိတွေ့ဆက်သွယ်မှုနှင့် တာဝန်ခံမှုများ အားနည်းနိုင်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် မဲဆန္ဒနယ်မြေ ကျယ်လွန်းပါက လူသိနည်းသော ပါတီငယ်များအတွက် ကိုယ်စားလှယ် ရရှိနိုင်သော အခွင့်အရေးကို ထိခိုက်လာနိုင်ခြင်းများရှိကြောင်း ပီအာရ်ကော်မရှင်၏ အစီရင်ခံစာတွင် ပါရှိသည်။                        
ကျော်ဇင်ဝင်း
 
 

Most Read

Most Recent