ပင်လုံညီလာခံ

ပင်လုံညီလာခံ
Published 12 February 2015

သမိုင်းရဲ့ နောက်ကွယ်မှာ အကြောင်းအရာတွေ အများကြီး ရှိနေပါတယ် ......   တစ်ချိန်မှာ ရှမ်းပြည် ပြည်သူ့ကိုယ်စားလှယ် ဖြစ်လာမယ့် ရှမ်းလူငယ်တွေ ရန်ကုန်တက္ကသိုလ်ကို ရောက်လာခဲ့တယ် .....   တက္ကသိုလ်မှာ ဗမာကျောင်းသား ကိုအောင်ဆန်းတို့နဲ့ ရှမ်းကျောင်းသား ကိုတင်အေးတို့ တွေ့ခဲ့ကြတယ် .....   ဒီတက္ကသိုလ်ကြီးက သွေးခွဲအုပ်ချုပ်ခံခဲ့ရတဲ့ တိုင်းရင်းသားတွေနဲ့ ဗမာတွေကြား ယုံကြည်မှုကို စတင်ပေးခဲ့ပါတယ် ....   ဂျပန်ခေတ်ရောက်တော့ ရှမ်းပြည်အရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းဟာ တပ်လွှတ်ပြီး ဦးတင်အေးကို ရှာခိုင်းခဲ့ပါတယ် ....   အင်္ဂလိပ်ခေတ်ပြန်ရောက်တော့ ပြည်ထောင်စုတစ်ခုလုံးလွတ်လပ်ဖို့ ဦးတင်အေး (ရှမ်းပြည်)၊ ဦးခွန်ထီး (ပင်လုံ)၊ ဦးခွန်စော(ပင်းဒယ)တို့နှင့် ရှမ်းပညာတတ်တွေက ရှမ်းပြည် ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ရပလ)ကို ဖွဲ့စည်းခဲ့ပါတယ် ....   ရှမ်းပြည် ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ရပလ) ကို အချို့ ရှမ်းစော်ဘွားတွေက ထောက်ခံခဲ့ပေမယ့် အချို့ ရှမ်းစော်ဘွားတွေကတော့ မနှစ်သက်ခဲ့ပါဘူး ....   ဒါပေမယ့် ... ရှမ်းပြည်လူထုကတော့ ရှမ်းပြည် ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ရပလ)ကို ထောက်ခံခဲ့ကြပါတယ် ...    ဗိုလ်ချုပ်အောင်ဆန်းကို ယုံကြည်မှုနဲ့ ရှမ်းပြည် ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ရပလ) ဟာ ပြည်ထောင်စုကြီး ဖြစ်လာဖို့ ရှမ်းလူထုကို  ဦးဆောင်ခဲ့ပါတယ် ...   နောက်ဆုံးမှာတော့ .... ရိုးသားပြီး ဗြောင်ပြောတတ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို တောင်ပေါ်သားတွေ သဘောကျသွားပါတော့တယ် ....