သယံဇာတထောင်ချောက် တကယ်သင့်နေသလား

သယံဇာတထောင်ချောက် တကယ်သင့်နေသလား
Published 5 February 2015
သူရိန်လှိုင်ဝင်း

အောက်စဖို့ဒ်တက္ကသိုလ်က ပါမောက္ခတစ်ဦးဖြစ်တဲ့ စီးပွားရေးပညာရှင်ပေါလ်ကို လီယာက အဆင်းရဲဆုံးနိုင်ငံတွေ ဘာ့ကြောင့် ဆင်းရဲတွင်းနက်နေကြရတာလဲဆိုတာနဲ့ပတ် သက်ပြီး The Bottom Billion လို့ခေါ်တဲ့စာ အုပ်တစ်အုပ်ကို ၂ဝဝ၇ ခုနှစ်မှာ ရေးသားထုတ်ဝေခဲ့တယ်။ ပေါလ်ကိုလီယာဟာ ဆင်း ရဲတဲ့နိုင်ငံတွေရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ ဖွံ့ ဖြိုးမှုတွေကို အစဉ်တစိုက်လေ့လာသုံးသပ်နေခဲ့တဲ့သူဖြစ်ပြီး ဒီနိုင်ငံတွေ ဘာကြောင့် ဆင်းရဲရတာလဲဆိုတဲ့နေရာမှာ ပါရဂူတစ် ဦးဖြစ်ပါတယ်။ ပေါလ်ကိုလီယာရဲ့ ဥပမာ ပေးနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်း ပါဝင် နေမယ်ဆိုတာ သိပ်တော့အကြာကြီးတွေးနေ စရာမလိုပါဘူး။ သူဥပမာပေးခဲ့တဲ့ နိုင်ငံအ များစုဟာ စစ်ဘေးဒဏ်နဲ့ ဘာသာရေးအစွန်း ရောက်မှုဒဏ်တွေကို အပြင်းအထန်ခံစား နေရတဲ့ အရှေ့အလယ်ပိုင်းဒေသနဲ့ အာဖရိက ဒေသက နိုင်ငံအများစုပါဝင်ပြီး အာရှနိုင်ငံ တွေကတော့ လက်ဆယ်ချောင်းမပြည့်တတ် ပါဘူး။ ဒီလက်ဆယ်ချောင်းမပြည့်တဲ့နိုင်ငံ တွေထဲမှာ မြန်မာပါနေသလိုအရှေ့တောင်အာရှနိုင်ငံတွေထဲက လာအိုနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေလည်း ပါနေပါတယ်။
ပေါလ်ကိုလီယာရဲ့ The Bottom Billion မှာဆင်းရဲတဲ့နိုင်ငံတွေကို လေ့လာပြီး ဘာ့ကြောင့်ဆင်းရဲနေရတာလဲဆိုတဲ့ အကြောင်း တရားတွေကို ယေဘုယျအားဖြင့် အချက် လေးချက် ကောက်ချက်ဆွဲခဲ့တယ်။
သူ့အဆိုအရ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုး မှုကိုတားဆီးနေတဲ့ ထောင်ချောက်တွေက-
၁။ ပဋိပက္ခထောင်ချောက် (The Conflict Trap)
၂။ သဘာဝသယံဇာတ ထောင်ချောက် (The Natural Resource Trap)
၃။ ဆိုးရွားသော အိမ်နီးချင်းနိုင်ငံများအကြား ပိတ်မိနေသောထောင်ချောက် (Landlocked with Bad Neighbors)
၄။ နိုင်ငံငယ်လေးတွင် အုပ်ချုပ်မှုညံ့ဖျင်းနေသော ထောင်ချောက် (Bad Governance in a Small Country) ဆိုပြီး လေးခုရှိတယ်။ ဆင်းရဲတဲ့ နိုင်ငံတွေဟာ အဲဒီထောင်ချောက်တွေထဲက တစ်ခုမဟုတ်တစ်ခုနဲ့ ပိတ်မိနေတတ် ကြတယ်လို့လည်း သူကမှတ်ချက်ပြုခဲ့တယ်။
အဲဒီထောင်ချောက်တွေထဲက တစ်ခုမဟုတ်တစ်ခုနဲ့ ငြိနေရင်ကိုပဲ နိုင်ငံဆင်းရဲ တွင်းက မထွက်နိုင်ဖြစ်နိုင်တယ်။ မြန်မာနိုင်ငံအတွက် ဆိုရင်တော့ လေးမျိုးလုံးနဲ့ငြိနေတယ် ပြောရမယ်ထင်တယ်။ သူတို့ပြောတဲ့ အပြောင်းအလဲဆိုတာ ကလေးနှစ်သက်တမ်း ကုန်ခါနီးနေပြီ။ ဆင်းရဲမွဲတေမှုအဆင့်အတန်း တက်မလာဘူး၊ ပညာရေးအဆင့်အတန်း၊ ကျန်းမာရေးအဆင့်အတန်း၊ လူနေမှုအဆင့် အတန်းဘာတစ်ခုမှ မတက်လာသေးဘူး။ ဒါပေမဲ့ ဒီနေရာမှာ အဓိကပြောချင်တာက သယံဇာတထောင်ချောက်ဘယ်လိုသင့်နေတာလဲဆိုတာနဲ့ ပတ်သက်လို့ပါ။ တခြား ထောင်ချောက်တွေ ဘယ်လိုသင့်နေတာလဲ ဆိုတာနဲ့ ပတ်သက်လို့ကသိသာပေမယ့် သယံဇာတလိုမျိုးအရာက နိုင်ငံကိုကောင်းကျိုးမပေးဘဲဘာ့ကြောင့်ဆိုးကျိုးပေးနေလဲဆိုတာကို အဓိကရေးချင်တာပါ။
မြန်မာနိုင်ငံဟာ သယံဇာတအလွန်များ တဲ့နိုင်ငံလို့ ကမ္ဘာက သိကြတယ်။ ဒါပေမဲ့ သယံဇာတရှိတာခြင်း အတူတူ အမေရိကန် ပြည်ထောင်စုက ချမ်းသာပြီး မြန်မာကဘာလို့ ဆင်းရဲနေတာလဲ။ သယံဇာတမရှိတဲ့ ဂျပန်ကချမ်းသာပြီး မြန်မာနိုင်ငံက ဘာလို့ဆင်းရဲနေတာလဲ။ အဖြေကတော့ သယံဇာတကိုဘယ်လို စီမံခန့်ခွဲပြီးသုံးစွဲသလဲ ဆိုတဲ့အပေါ်မှာ မူတည်နေပါတယ်။
သယံဇာတဟာ အခြေအနေသုံးမျိုးနဲ့ ထောင်ချောက်အဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။
၁။ သယံဇာတကြောင့် ပဋိပက္ခတွေ ပိုဖြစ်လာတယ်။ (အာဖရိကမှာ Blood Diamond လို့ခေါ်တဲ့ စိန်စစ်ပွဲတွေဖြစ်သလို မြန်မာနိုင်ငံမှာလည်း သယံဇာတကြောင့်အစိုးရနဲ့ လက်နက်ကိုင်တွေအကြား တိုက်ပွဲတွေပိုဖြစ်လာတယ်)
၂။  သယံဇာတကိုအားပြုတဲ့ အစိုးရဟာ နိုင်ငံသားတွေဆီကအခွန်ကို တင်းတင်းကျပ်ကျပ် မကောက်တော့ဘဲ လျော့ရဲစွာကောက်တယ်။ အဲဒီအခါ အခွန်ရှောင်မှုတွေ အများအပြားဖြစ်တဲ့အပြင် အစိုးရဟာ ဘဏ္ဍာရေးအတွက် အခွန်ကို အားပြုစရာ မလိုတဲ့အတွက် သူ့ပြည်သူကို ဂရုစိုက်စရာ မလိုတော့ဘူး။ ဥပမာသယံဇာတမရှိတဲ့ အစိုးရတစ်ရပ်က သူ့ဘဏ္ဍာရေးအတွက် ပြည်သူ့ဆီက အခွန်ကိုအားပြုရတော့ သူ့ပြည်သူကို မလွန်ဆန်နိုင်ဘူး။ မြန်မာနိုင်ငံမှာတော့ အဲလိုအခွန်ကို အားပြုစရာမလိုတော့ အစိုးရက ပြည်သူကို သိပ်ဂရုမစိုက်ဘူး။ သူလုပ်ချင်တာကို လုပ်နိုင်တယ်။
၃။ သဘာဝသယံဇာတ တင်ပို့မှုကို အဓိကအားပြုတဲ့အခါ နိုင်ငံထဲက တခြားနည်းပညာ ထုတ်ကုန်လုပ်ငန်းတွေ မဖွံ့ဖြိုးတော့ဘူး။
နောက်ဆုံးအချက်က အရေးအကြီးဆုံးပါပဲ။ မြန်မာနိုင်ငံရဲ့ စီးပွားရေးစနစ်ဟာ သယံဇာတတင်ပို့မှုကနေ အဓိကဝင်ငွေရှာတဲ့ စနစ်ပါ။ ရေနံရောင်းမယ်၊ သဘာဝဓာတ်ငွေ့ ရောင်းမယ်၊ ငါးတွေရောင်းမယ်၊ သစ်ရောင်းမယ်၊ ကျောက်စိမ်းရောင်းမယ် အစရှိသဖြင့်ပေါ့။ အဓိကအချက်က သယံဇာတက မကုန် ခန်းနိုင်တဲ့အရာဆိုရင်တော့ ပြဿနာမရှိပေ မယ့် သုံးတာများတာနဲ့အမျှ ခန်းခြောက်လာတဲ့ သယံဇာတဟာ production export မရှိသ လောက်ဖြစ်နေတဲ့ မြန်မာနိုင်ငံအတွက် အကြီး မားဆုံးထိုးနှက်ချက်ဖြစ်လာလိမ့်မယ်။ တကယ် လို့ မြန်မာနိုင်ငံဟာသယံဇာတအားပြုတဲ့ စနစ် ကနေထုတ်ကုန်အားပြုတဲ့စနစ်ကို မပြောင်း နိုင်ဘူးဆိုရင် ဆယ်စုနှစ်အနည်းငယ် အတွင်းမှာကို ဒီထက်ပိုဆိုးရွား လာဖို့ရှိတယ်။ အမေရိကန်ပြည်ထောင်စုဟာ သယံဇာတပေါများတယ်ဆိုပေမယ့် သူ့ရဲ့အဓိက ပို့ကုန်ဟာ သယံဇာတမဟုတ်ဘူး။ လက်နက်တွေ၊ ကွန်ပျူတာတွေ၊ ဖုန်းတွေ၊ ကားတွေ၊ လေယာဉ်ပျံတွေအစရှိတဲ့ နည်းပညာ ထုတ်ကုန်တွေပါ။ သူတို့ကသယံဇာတ အရိုင်းကိုယူပြီး ကုန်ချောထုတ်တဲ့အခါ အမြတ်အစွန်း များများရတယ်။ မြန်မာနိုင်ငံကတော့ နည်းပညာမရှိ၊ စီမံခန့်ခွဲ မှုမရှိတဲ့အပြင် အဂတိလိုက်စာမှုကလည်း ကြီးမားလွန်းတဲ့အခါ သယံဇာတအရိုင်းတွေ ကိုပဲပေါပေါလောလော ဈေးတွေနဲ့ချရောင်းရ တယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံရဲ့ သယံဇာတ စီမံခန့်ခွဲမှုဟာ တိုင်းပြည်ဝင်ငွေ သိသိသာသာ မရဘူး၊ ဒေသခံတွေအကျိုးမခံစားရဘူး၊ သ ယံဇာတပြုန်းတီးပြီး ရာသီဥတုဖောက်ပြန်မှုနဲ့  သဘာဝဘေးကပ်ဆိုးတွေကိုတော့ ခါးစီးခံရတယ်။ ဥပမာအားဖြင့် သံလွင်မြစ်ပေါ်မှာ တည်ဆောက်တဲ့ ရေကာတာစီမံကိန်းတွေဟာ တရုတ်နဲ့ ထိုင်းတို့ကို လျှပ်စစ်မီးအားပေးဖို့ ဖြစ်နေပြီး ရေကာတာတွေကြောင့် ရေလွှမ်း မိုးမှုလို လူလုပ်ကပ်ဆိုးတွေ ဒဏ်ကိုတော့ ဒီဘက်က လူတွေပဲခံရလိမ့်မယ်။ ကျောက်ဖြူကူမင်း ရေနံပိုက်လိုင်းဟာ တရုတ်နိုင်ငံအတွက်ဖြစ်နေပြီး ရခိုင်ပြည်နယ်တစ်ခုလုံး လျှပ်စစ်မီးကို ဈေးကြီးပေးပြီးသုံးနေရတယ်။ တရုတ်- မြန်မာ နယ်စပ်မှာ သစ်ကိုအလွန်အကျွံခုတ်မှုဟာ မိုးခေါင်မှုနဲ့ ရာသီဥတုဖောက်ပြန်မှုတွေကို မြန်မာနိုင်ငံဘက်ကနေ ခံစားရတယ်။ ကမ္ဘာပေါ်မှာလည်း ကိုယ့်မှာရှိတဲ့ သယံဇာတကိုအားပြုပြီး အလုံးအရင်းနဲ့ တင်ပို့အဓိကစီးပွားရှာနေတဲ့နိုင်ငံဆိုလို့ မြန်မာနိုင်ငံအပါအဝင် အောက်ဆုံးကနိုင်ငံတချို့ပဲရှိတော့တယ်။
သယံဇာတကို အလွန်အကျွံအားပြုမှုဟာ မြန်မာနိုင်ငံရဲ့နောက်မျိုးဆက်အတွက် အကြီးမားဆုံးဆိုးမွေကို ပေးပါတယ်။ ပထမအချက်က သယံဇာတ အလွန်အကျွံတင်ပို့မှုဟာ သယံဇာတခန်းခြောက်မှုဆီ ဦးတည်စေပြီး သဘာဝကပ်ဆိုးတွေကိုပါ ဆက်တိုက် ဖြစ်ပေါ်စေတယ်။ နောက်တစ်ချက်ကသယံ ဇာတတင်ပို့မှု စီးပွားရေးစနစ်က တခြားနည်း ပညာနဲ့ ပညာရေးအားပြု ပို့ကုန်လုပ်ငန်းတွေ ကို အားနည်းစေတဲ့အတွက် ပညာရေးကျဆုံး မှုပါဆက်တိုက်ဖြစ်စေပါတယ်။ သယံဇာတမရှိတဲ့ နိုင်ငံတွေအတွက်တော့ ပညာရေးကသာ အဓိကထွက်ပေါက် ဆိုတာကိုသိတော့ ပညာ ရေးကိုအားပြုပြီး ဖွံ့ဖြိုးအောင်လုပ်နိုင်တယ်။ မြန်မာနိုင်ငံဟာလယ်သမား၊ တံငါသည်၊ သစ် ခုတ်သမား၊ ကျောက်တူးသမားနဲ့ တူနေတယ်။ ပညာတတ်စရာမလိုဘူး၊ လုပ်အားရှိသရွေ့ အသက်ရှင်လို့တော့ရမယ်။ ဒါပေမဲ့ ဘယ်တော့မှလည်း ဒီထက်တိုးတက်လာနိုင်ဖို့ မရှိဘူး။ လွန်ခဲ့တဲ့နှစ် ၅ဝ တုန်းက သယံဇာတ အားပြုတာလိုက်လျောညီထွေရှိပေမယ့် အခုချိန်ထိမပြောင်းလဲနိုင် တာဟာပျက်သုဉ်းခြင်းကို ဦးတည်တဲ့လမ်းစဖြစ်မှာပဲ။ ဒီအတွက် ထွက်ပေါက်ဟာ ပညာရေးပါ။ ပညာရေးအရင် ပြုပြင်ပြောင်းလဲမှုလုပ်ပြီး တကယ်လုပ်ကိုင် နိုင်စွမ်းရှိတဲ့ ထုတ်ကုန်တင်ပို့တဲ့နိုင်ငံ မဖြစ်လာနိုင်ရင် နောက်ဆယ်နှစ် အနှစ်နှစ်ဆယ်လည်း ဒီအဆင့်အတန်းပဲဖြစ်နေဦးမှာ။ အခု မြန်မာနိုင်ငံကို နိုင်ငံခြားကုမ္ပဏီတွေ စီးပွားရေးလာလုပ်တော့ Senior Management level အထက်ပိုင်း ဘယ်နှယောက် အလုပ်ရခဲ့သလဲ။ Executive level နဲ့ ဘယ်နှယောက် ရခဲ့သလဲဆိုတာ စာရင်းဇယားတွေ ချကြည့်ရင် သိသာပါလိမ့်မယ်။ အများစုဟာ အလုပ်ရတယ် ဆိုရုံလောက် အောက်ခြေနေရာတွေမှာပဲ လုပ်နေကြရတာပါ။ အဓိက လိုအပ်နေတာ Human Resources ပါ။ အဲဒီအချက်ကို သတိမထားမိဘူးဆိုရင်၊ မပြောင်းလဲနိုင်ဘူး၊ မမွေးထုတ်ပေးနိုင်ဘူးဆိုရင် ကျွန်တော်တို့ ပြောင်းလဲခွင့် ရှိလာဦးမှာ မဟုတ်ပါဘူး။
 

Most Read

Most Recent