ဘတ်ဂျက်အား မလိုအပ်ဘဲ တောင်းခံခြင်း၊ ဘတ်ဂျက်ပိုငွေများအား ကိုယ်ပိုင်ငွေစုစာအုပ်တွင် ထည့်သွင်းပြီး အတိုးပေးထားခြင်း စသည့် နည်းအမျိုးမျိုးဖြင့် ဝန်ကြီးဌာနများ၏ ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားမှုများကို အရေးယူနိုင်မည့် ဥပဒေ ရေးဆွဲသင့်ကြောင်း . . . . .

ဘတ်ဂျက်အား မလိုအပ်ဘဲ တောင်းခံခြင်း၊ ဘတ်ဂျက်ပိုငွေများအား ကိုယ်ပိုင်ငွေစုစာအုပ်တွင် ထည့်သွင်းပြီး အတိုးပေးထားခြင်း စသည့် နည်းအမျိုးမျိုးဖြင့် ဝန်ကြီးဌာနများ၏ ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားမှုများကို အရေးယူနိုင်မည့် ဥပဒေ ရေးဆွဲသင့်ကြောင်း . . . . .
Published 3 February 2015
ဝေယံဖြိုးဦး၊ မျိုးမင်းထက်

ဘတ်ဂျက်အား မလိုအပ်ဘဲ တောင်းခံခြင်း၊ ဘတ်ဂျက်ပိုငွေများအား ကိုယ်ပိုင်ငွေစုစာအုပ်တွင် ထည့်သွင်းပြီး အတိုးပေးထားခြင်း စသည့် နည်းအမျိုးမျိုးဖြင့် ဝန်ကြီးဌာနများ၏ ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားမှုများကို အရေးယူနိုင်မည့် ဥပဒေ ရေးဆွဲသင့်ကြောင်း လွှတ်တော်သို့ လွှတ်တော်ကိုယ်စားလှယ်များ တင်ပြဘတ်ဂျက်အား မလိုအပ်ဘဲ တောင်းခံခြင်း၊ ဘတ်ဂျက်ပိုငွေများအား ကိုယ်ပိုင်ငွေစု စာအုပ်တွင် ထည့်သွင်းပြီး အတိုးပေးထားခြင်း စသည့် နည်းအမျိုးမျိုးဖြင့် ဝန်ကြီးဌာနများ၏ ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားမှုများကို အရေးယူနိုင်မည့် ဥပဒေ ရေးဆွဲသင့်ကြောင်း လွှတ်တော်သို့ လွှတ်တော်ကိုယ်စားလှယ်များက ဖေဖော်ဝါရီ ၃ ရက်တွင် တင်ပြခဲ့ကြသည်။ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ပေးပို့သော ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ဒုတိယခြောက်လ နိုင်ငံတော်၏ အရအသုံး စာရင်းများကို စစ်ဆေးရာတွင် တွေ့ရှိရသည့် စစ်ဆေးတွေ့ရှိချက်များ၊ စာရင်းစစ် ကန့်ကွက်ချက်များ၊ အရေးယူ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာသုံးသပ်ချက် အစီရင်ခံစာ(၁/၂၀၁၅)နှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးက ဆွေးနွေးရာတွင် ဝန်ကြီးဌာနများ၏ ဘတ်ဂျက်သုံးစွဲမှုများကို လေ့လာရာတွင် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုသည့် လုပ်ငန်းစီမံကိန်းများကို တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရမှ အကောင်အထည်ဖော် ဆောင်ရွက်မှု မရှိခြင်း၊ ပြည်ထောင်စု အစိုးရနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရတို့က လုပ်ငန်းတင်ဒါ ခေါ်ယူရာတွင် ကြန့်ကြာမှုရှိခြင်း၊ အဆိုပါ ကြန့်ကြာသည့် ကာလများ၌ စီမံကိန်းအတွက် ခွင့်ပြုထားသည့် နိုင်ငံပိုင်ငွေကြေးများကို ဘဏ်များ၌ သွားရောက်အပ်နှံခြင်းတို့ကြောင့် မသမာမှုများ ဖြစ်ပေါ်လာနိုင်ခြင်း၊ ကန်ထရိုက်များမှ ပေးသွင်းထားသည့် ငါးရာခိုင်နှုန်းအား ဌာနပိုင် ကိုယ်ပိုင်ငွေစာရင်းများတွင် အပ်နှံထားခြင်း၊ ထိုကြောင့် မသမာမှုများ ဖြစ်ပေါ်လာနိုင်ခြင်း၊ ဝန်ကြီးဌာနများ၏ ကြွေးကျန်များအား တောင်းသည့်အခါ စနစ်တကျ ဆောင်ရွက်နိုင်မှု အားနည်းခြင်း၊ အလုပ်ငွေနှင့် လစာများကို အလွဲသုံးစားမှု ပြုသည်များကို တွေ့ရှိရခြင်း၊ ငွေလုံးငွေရင်း ခွင့်ပြုငွေမှ ကျန်ငွေများကို ပြန်လည်အပ်နှံခြင်း မပြုဘဲနှင့် ဌာနငွေစာရင်းမှ ထုတ်ပြီး စာရင်းရှင်တွင် စာရင်းသွင်းထားခြင်း၊ တင်ဒါအောင်ပြီးသား ကုမ္ပဏီများမှ ပေးသွင်းသည့် လုပ်ငန်းအာမခံကြေးများအား ပုဂ္ဂလိက ဘဏ်ခွဲများတွင် စာရင်းရှင်ဖွင့်လှစ် အပ်နှံထားခြင်း၊ သာမန်ငွေလုံးငွေရင်း တောင်းခံမှုများအား မလိုအပ်ဘဲ တောင်းခံပြီး ပြန်လည်အပ်နှံခြင်း၊ ပိုလျှံသည့် ရန်ပုံငွေများကို ခေါင်းစဉ်လွှဲပြောင်း သုံးစွဲနေသည်ကို တွေ့ရခြင်း၊ တင်ဒါအရ ဝယ်ယူတင်သွင်းသည့် ပစ္စည်းများသည် သက်တမ်းကုန်ဆုံးရက် နှစ်နှစ်နှင့်အထက် ရှိရမည် ဖြစ်သော်လည်း သက်တမ်းလွန် ပစ္စည်းများ တင်သွင်းခြင်း ဖြန့်ဝေခြင်းများ ရှိနေခြင်း၊ ပြီးခဲ့သည့် လုပ်ငန်းစီမံကိန်း အများစုသည် အရည်အသွေးကောင်းမွန်မှု နည်းပါးခြင်း စသည်တို့ကို တွေ့ရှိရသည်ဟု လွှတ်တော်သို့ တင်ပြခဲ့သည်။“စီမံကိန်း ခွင့်ပြုခွင့်တွေကို အဆင့်လိုက် အရစ်ကျ ထုတ်ပေးရတဲ့အတွက် ခွင်ပြုငွေရရှိဖို့ ဆောင်ရွက်တဲ့ အခါမှာ ဝန်ကြီးဌာနမှ တာဝန်ရှိသူတွေကို တံစိုးလက်ဆောင်တွေ ပေးနေရတယ်လို့ ကြားသိရပါတယ်။ လုပ်ငန်းစီမံကိန်းများကို စာရင်းစစ်အဖွဲ့မှ ဝင်ရောက်စစ်ဆေးတဲ့ အခါမှာ အဆင်ပြေဖို့အတွက် တံစိုးလက်ဆောင် ပေးရတယ်လို့လည်း ကြားသိရပါတယ်” ဟု လွှတ်တော်သို့ ဦးတင်မောင်ဦးက တင်ပြခဲ့သည်။အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းဆွေက ဝန်ကြီးဌာနများတွင် ငွေကြေးသုံးရာ၌ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ သုံးစွဲမှု မရှိခြင်း၊ ငွေကြေးများကို ငွေစုစာအုပ်များတွင် ထည့်သွင်းထားခြင်း၊ ဘဏ္ဍာရေးနှစ်ကုန်မှ သုံးစွဲခြင်း စသည်တို့ကို တွေ့ရှိရကြောင်း၊ သို့သော် ဌာနဆိုင်ရာ အရေးယူ ဆောင်ရွက်မှုတွင် လုပ်ထုံးလုပ်နည်း မှားယွင်းမှုကြောင့်ဖြစ်ကြောင်း အကြောင်းပြကာ နောင်မဖြစ်စေရပါ ဟူ၍သာ အကြောင်းပြန်ထားသည်ကို တွေ့ရှိရကြောင်း၊ ထိထိရောက်ရောက် အရေးယူခြင်း အားနည်းကြောင်း၊ ထို့ကြောင့် ထိထိရောက်ရောက် အရေးယူနိုင်ရန် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီမှ တင်ပြထားချက်ကို ထောက်ခံပါကြောင်း ဆွေးနွေးခဲ့သည်။ထို့နောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက “ပြည်ထောင်စု စာရင်းစစ်ချုပ်၏ အစီရင်ခံစာ ထွက်လာတိုင်း မိမိတို့ရဲ့ နိုင်ငံအတွင်းမှာ ဒီမျှလောက် ဆိုးရွားလှပါလားလို့ ခံစားမိပါတယ်။ ပြည်သူ့ ဘဏ္ဍာငွေတွေကို အလွဲသုံးစား ပြုလုပ်မှုတွေသည် လျော့ပါးသွားသည်ဆိုတာ မရှိဘဲ ပိုမိုပြီး များပြားလာတာကို စိတ်မကောင်းစွာ တွေ့ရှိရပါတယ်” ဟု လွှတ်တော်သို့ တင်ပြခဲ့သည်။၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ဒုတိယခြောက်လ စစ်ဆေးတွေ့ရှိချက်များအရ မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနသည် ဘဏ္ဍာရေးစည်းမျဉ်း မညီမှု ၄၇ ကြိမ်၊ ပညာရေး ဝန်ကြီးဌာနသည် ၅၂ ကြိမ်အထိ ရှိခဲ့ကြောင်း ဒေါ်စန္ဒာမင်းက ဆိုသည်။“နိုင်ငံတော်သမ္မတရုံး အနေဖြင့်လည်း အာဆီယံထိပ်သီး အစည်းအဝေးများအတွက် ခွင့်ပြုရန်ပုံငွေ ၁၉၆၈၈ ဒသမ ၅၂၄ သန်း သုံးစွဲခဲ့သော်လည်း ပိုငွေ ၃၂၁ ဒသမ ၈၅၄ ကျပ်သန်းကို ပြန်လည်မပေးသွင်းဘူးဆိုတာ စစ်ဆေးတွေ့ရှိ ရပါတယ်” ဟု ဒေါ်စန္ဒာမင်းက ဆိုသည်။“အဆိုးရွားဆုံးကတော့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက်ဟုဆိုကာ ဝန်ကြီးများ နယ်မြေဆင်းသည့်အခါ ကားနောက်ခန်းတွင် ငွေထုတ်များများ ယူထားပြီး ဖွံ့/ထောက်များ လက်သို့ အလွတ်ပေးအပ်ခြင်းများကိုလည်း တွေ့ရှိရပါတယ်။ ပညာရေးဝန်ကြီးဌာန ဆိုရင်လည်း အလုပ်မဝင်သော နေ့စားလပေး ဆရာ၊ ဆရာမများရဲ့ လစာများ အလွဲသုံးစားပြုခြင်းများ တွေ့ရှိရပါတယ်။ ဒါ့ကြောင့်လည်း ထောင်ထဲမှာ နိုင်ငံတော် ဘဏ္ဍာငွေကို တစ်ချီတည်း သိန်းပေါင်းမြောက်မြားစွာ အပိုင်လုပ်ကြပြီး ထောင်ကျခံကြတာ တွေ့ရပါတယ်” ဟု ဒေါ်စန္ဒာမင်းက ဆိုသည်။ထို့ပြင် ဝေးလံခေါင်ဖျားသော ဒေသများရှိ စီမံကိန်းများကို သေချာစွာ မစစ်ဆေးနိုင်သည်ကိုလည်း တွေ့ရှိရသဖြင့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ဆောင်ရွက်နေသော ဆောက်လုပ်ရေးဝန်ကြီးဌာန၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနများ၏ လုပ်ငန်းများကိုလည်း ထိထိမိမိ စစ်ဆေးရန် လိုအပ်ကြောင်း၊ ပြည်သူ့ဘဏ္ဍာကို ထိရောက်စွာ စစ်ဆေး အရေးယူနိုင်မည့် ပြည်သူ့ဘဏ္ဍာငွေဆိုင်ရာ ဥပဒေကို ရေးဆွဲသင့်ပါကြောင်း ဒေါ်စန္ဒာမင်းက လွှတ်တော်သို့ တင်ပြခဲ့သည်။          

Most Read

Most Recent