နိုင်ငံသားစိစစ်ဆဲ (နိုင်ငံခြားသားများအား) နိုင်ငံသားတို့၏ အမြင့်ဆုံးအခွင့်အရေးဖြစ်သော မဲပေးခွင့်ပေးခြင်းအား Eleven Media Group မှ အပြင်းအထန် ကန့်ကွက်အပ်ပါသည်။

နိုင်ငံသားစိစစ်ဆဲ (နိုင်ငံခြားသားများအား) နိုင်ငံသားတို့၏ အမြင့်ဆုံးအခွင့်အရေးဖြစ်သော မဲပေးခွင့်ပေးခြင်းအား Eleven Media Group မှ အပြင်းအထန် ကန့်ကွက်အပ်ပါသည်။
Published 3 February 2015

နိုင်ငံသားစိစစ်ဆဲ (နိုင်ငံခြားသားများအား) နိုင်ငံသားတို့၏ အမြင့်ဆုံးအခွင့်အရေးဖြစ်သော မဲပေးခွင့်ပေးခြင်းအား Eleven Media Group မှ အပြင်းအထန် ကန့်ကွက်အပ်ပါသည်။၁။ နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်ဖြင့် ပေးပို့လာသော နိုင်ငံသား ယာယီသက်သေခံလက်မှတ် (White Card) ဖြင့် မဲပေးခွင့်ပြုခြင်းကို ပြည်ထောင်စုလွှတ်တော်မှ ဆုံးဖြတ်ခဲ့ခြင်းအား Eleven Media Group မှ ကန့်ကွက်အပ်ပါသည်။၂။ နိုင်ငံသားစိစစ်ဆဲ နိုင်ငံခြားသားများအား နိုင်ငံသားတို့၏ အမြင့်ဆုံးအခွင့်အရေးဖြစ်သော မဲပေးခွင့် ပေးအပ်ခြင်းမှာ တရားမဝင် နိုင်ငံခြားသားများအား နိုင်ငံသားအဖြစ် သွယ်ဝိုက်အသိအမှတ်ပြု သကဲ့သို့ဖြစ်ပြီး နယ်စပ်ဒေသများမှ တရားမဝင် နိုင်ငံခြားသား အမြောက်အများ ဝင်ရောက်ခြင်းကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်စေပါသည်။၃။ ယခုကဲ့သို့ နိုင်ငံသားမဟုတ်သူ၊ တိုင်းရင်းသားမဟုတ်သူများအား မဲပေးခွင့်ပြုခြင်းမှာ နိုင်ငံအတွင်း၌ နှစ်ပေါင်း ထောင်ချီ အတူတကွ နေထိုင်လာခဲ့သော တိုင်းရင်းသား လူနည်းစုများ၏ မိမိကံကြမ္မာ မိမိဖန်တီးနိုင်ခွင့် အခွင့်အရေးအား ဖိနှိပ်ကန့်သတ်သကဲ့သို့ ဖြစ်စေပါသည်။ အထူးသဖြင့် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ကဲ့သို့ တစ်ဖက်နိုင်ငံမှ တရားမဝင် နိုင်ငံခြားသားများ ဝင်ရောက်မှု များပြားသော ပြည်နယ်များရှိ တိုင်းရင်းသားများ၏ မိမိကံကြမ္မာ မိမိဖန်တီးနိုင်ခွင့်အား နိုင်ငံသားမဟုတ်သူများ၏ ဆန္ဒမဲများဖြင့် ဖိနှိပ်ကန့်သတ်သကဲ့သို့ ဖြစ်စေပါသည်။၄။ ထို့အပြင် အဆိုပါ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များ၌ လူမျိုးရေးပဋိပက္ခများ ထပ်မံဖြစ်ပွားစေသော အခြေအနေများအား ဖိတ်ခေါ်သကဲ့သို့ ဖြစ်စေပါသည်။၅။ ထိုကဲ့သို့ နိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် တိုင်းရင်းသားများ၏ ဥမကွဲသိုက်မပျက် နေလိုသော စစ်မှန်သည့် ပြည်ထောင်စုဖြစ်ပေါ်ရေးအား အနှောင့်အယှက်ဖြစ်စေသည့် ဤဆုံးဖြတ်ချက်အား ပြည်ထောင်စုလွှတ်တော်မှ ပြန်လည်စဉ်းစားပါရန် အကြံပြုအပ်ပါသည်။

Most Read

Most Recent