ထားဝယ်အထူးစီးပွားရေးဇုန်၏ ကနဦးစီမံကိန်းအား ယခုနှစ်အတွင်း စတင်ရန် စီစဉ်ထားပြီး စီမံကိန်းအောင်မြင်ရန် ကာလရှည် မဟာစီမံကိန်းကို ထိုင်းနိုင်ငံ NCEDCA အကူအညီဖြင့် လုပ်ဆောင်နေကာ ဂျပန်နိုင်ငံကို ဘဏ္ဍာငွေ ပံ့ပိုးကူညီသည့် နိုင်ငံအဖြစ် . . . . .

ထားဝယ်အထူးစီးပွားရေးဇုန်၏ ကနဦးစီမံကိန်းအား ယခုနှစ်အတွင်း စတင်ရန် စီစဉ်ထားပြီး စီမံကိန်းအောင်မြင်ရန် ကာလရှည် မဟာစီမံကိန်းကို ထိုင်းနိုင်ငံ NCEDCA အကူအညီဖြင့် လုပ်ဆောင်နေကာ ဂျပန်နိုင်ငံကို ဘဏ္ဍာငွေ ပံ့ပိုးကူညီသည့် နိုင်ငံအဖြစ် . . . . .
Published 1 February 2015
ဖြိုးဝေ

ထားဝယ်အထူးစီးပွားရေးဇုန်၏ ကနဦးစီမံကိန်းအား ယခုနှစ်အတွင်း စတင်ရန် စီစဉ်ထားပြီး စီမံကိန်းအောင်မြင်ရန် ကာလရှည် မဟာစီမံကိန်းကို ထိုင်းနိုင်ငံ NCEDCA အကူအညီဖြင့် လုပ်ဆောင်နေကာ ဂျပန်နိုင်ငံကို ဘဏ္ဍာငွေ ပံ့ပိုးကူညီသည့် နိုင်ငံအဖြစ် ထည့်သွင်းနိုင်မည့် နည်းလမ်းများ ရှာဖွေမည်ဟု မြန်မာ-ထိုင်း ပူးတွဲကြေညာထားဝယ်အထူးစီးပွားရေးဇုန်၏ ကနဦး စီမံကိန်းကို ယခုနှစ်အတွင်း စတင်လုပ်ဆောင်နိုင်ရန် စီစဉ်ထားပြီး စီမံကိန်းအောင်မြင်ရန် ကာလရှည် မဟာစီမံကိန်းကို ထိုင်းနိုင်ငံမှ အိမ်နီးချင်းနိုင်ငံများ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (NCEDCA) အကူအညီဖြင့် လုပ်ဆောင်နေကာ ဂျပန်နိုင်ငံကိုမူ ဘဏ္ဍာငွေ ပံ့ပိုးကူညီသည့် နိုင်ငံအဖြစ် ထည့်သွင်းနိုင်မည့် နည်းလမ်းများ ဆက်လက်ရှာဖွေသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁ ရက်က ထုတ်ပြန်လိုက်သည့် မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးတွဲသတင်းထုတ်ပြန်ချက်အရ သိရသည်။အဆိုပါ ထုတ်ပြန်ချက်ကို ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပသည့် ထားဝယ်အထူးစီးပွားရေးဇုန်ဆိုင်ရာ တတိယအကြိမ် ပူးတွဲအဆင့်မြင့် ကော်မတီ အစည်းအဝေးအပြီး ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အစည်းအဝေးတွင် ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားရန် နှစ်နိုင်ငံ ကတိကဝတ်ပြုခဲ့ပြီး ယင်းစီမံကိန်းသည် မဟာဗျူဟာကျသည့် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းဖြစ်ကြောင်းနှင့် ထိုင်းနှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေးသည် လက်ရှိတွင် အကောင်းဆုံး အခြေအနေ ဖြစ်နေကြောင်းနှင့် အဆိုပါစီမံကိန်း အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်နိုင်မှုသည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို အဆင့်မြှင့်ပေးနိုင်မည်ဖြစ်ကြောင်းနှင့် ယင်းစီမံကိန်းကြောင့် နှစ်နိုင်ငံအကြားသာမက ဒေသတွင်း၌ပါ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ်က ပြောကြားသည်။တတိယအကြိမ် ပူးတွဲအဆင့်မြင့်ကော်မတီ အစည်းအဝေး အစိတ်အပိုင်းတစ်ရပ် အနေဖြင့် မြန်မာ-ထိုင်း-ဂျပန် သုံးနိုင်ငံ အစည်းအဝေးကိုလည်း ကျင်းပခဲ့ပြီး အဆိုပါ အစည်းအဝေးတွင် ထားဝယ်အထူးစီးပွားရေးဇုန် ထူထောင်ရေးအတွက် ဘဏ္ဍာရေးနှင့် နည်းပညာ အကူအညီများ ပေးအပ်မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံက ကမ်းလှမ်းခဲ့သည်ဟု ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ကာလတို အလုပ်အကိုင် ဖန်တီးပေးခြင်းနှင့် ဒေသခံများကို စီမံကိန်း၏ အကျိုးကျေးဇူးများ အသိပေးခြင်းနှင့် စီမံကိန်းစတင်ခြင်း စသည့် စီမံကိန်းများ ပါဝင်သည့် ကနဦး စီမံကိန်း စတင်ခြင်းကို ၂၀၁၅ ခုနှစ်အတွင်း စတင်ရန် မျှော်မှန်းထားပြီး ၂၇ စတုရန်းကီလိုမီတာအထိ ကျယ်ဝန်းမည့် စက်မှုကုန်ထုတ်ရပ်ကွက်၊ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထိုင်းနိုင်ငံအကြား နှစ်လမ်းသွားကားလမ်း၊ အလုပ်သမားများ နေထိုင်ရန် မြို့နယ် ရေနံဓာတ်ငွေ့ရည် တင်ပို့ရေး ဆိပ်ကမ်း၊ မြေပြင် တယ်လီဖုန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ဆိပ်ကမ်းငယ်နှင့် ရေလှောင်ဆည်တို့ ပါဝင်တည်ဆောက်မည်ဖြစ်သည်။ယင်းကနဦး လုပ်ငန်းများ အကောင်အထည်ဖော်ရေးအတွက် သက်သာခွင့်ပေးရေး သဘောတူညီချက်များနှင့် ပတ်သက်၍ ထိုင်းလုပ်ငန်းစုတစ်စုနှင့် သီးခြားဆွေးနွေးနေပြီး ကာလရှည် မဟာစီမံကိန်းကို ထိုင်းနိုင်ငံမှ အိမ်နီးချင်းနိုင်ငံများ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (NCEDCA) အကူအညီဖြင့် လုပ်ဆောင်နေကာ ယင်းမဟာဗျူဟာ စီမံကိန်းသည် ကနဦးအဆင့် လုပ်ငန်းများ အကောင်အထည်ဖော်မှုနှင့် လိုက်လျောညီထွေဖြစ်ပြီး စီမံကိန်းတွင် ပင်လယ်ရေနက်ဆိပ်ကမ်း တစ်ခုနှင့် ထားဝယ်အထူးစီးပွားရေးဇုန်အား ထိုင်းနိုင်ငံနှင့် ဆက်သွယ်မည့် အဝေးပြေးကားလမ်း ဖောက်လုပ်ခြင်း စသည့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးမှု စီမံကိန်းများ ပါဝင်နေကာ ဆောင်ရွက်ဆဲ စက်မှုဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကိုလည်း အကောင်အထည် ဖော်သွားမည်ဖြစ်သည်။မြန်မာ-ထိုင်းနှစ်နိုင်ငံအကြား အဝေးပြေးကားလမ်းအတွက် ထိုင်းအစိုးရက ဘဏ္ဍာငွေ အကူအညီပေးရန် မြန်မာသို့ ကမ်းလှမ်းမည်ဖြစ်ပြီး ယင်းကားလမ်းသည် ဒေသတွင်း ဆက်သွယ်ရေးသာမက အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကိုပါ တိုးမြှင့်စေနိုင်မည်ဖြစ်သည်။ အဆိုပါ အကူအညီမျိုး ရရှိစေနိုင်ရေးအတွက် ဂျပန်နိုင်ငံအား ဘဏ္ဍာငွေ ပံ့ပိုးကူညီသူအဖြစ် ထည့်သွင်းနိုင်မည့် ဖြစ်နိုင်ခြေကို ဆက်လက်ရှာဖွေသွားရန် နှစ်နိုင်ငံ သဘောတူညီခဲ့ကြောင်း သိရသည်။

Most Read

Most Recent