၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဒီဇင်ဘာလကုန်အထိ ပြည်ပသို့ ကျောက်စိမ်းတန်ချိန် ၈၀၀၀၀ ကျော်တင်ပို့မှုမှ ဒေါ်လာ ၉၈၃ သန်း ရရှိထားပြီး ယခင်နှစ်တင်ပို့နိုင်မှုထက် တန်ချိန်ထက်ဝက်နီးပါး လျော့ကျ

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဒီဇင်ဘာလကုန်အထိ ပြည်ပသို့ ကျောက်စိမ်းတန်ချိန် ၈၀၀၀၀ ကျော်တင်ပို့မှုမှ ဒေါ်လာ ၉၈၃ သန်း ရရှိထားပြီး ယခင်နှစ်တင်ပို့နိုင်မှုထက် တန်ချိန်ထက်ဝက်နီးပါး လျော့ကျ
Published 21 January 2015
ချမ်းမြေ့သူ

၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် ဖြစ်သည့် ဧပြီ ၁ ရက်မှ ဒီဇင်ဘာလကုန်အထိ ပြည်ပသို့ ကျောက်စိမ်းတန်ချိန် ၈ဝဝဝဝ ကျော် တင်ပို့မှုမှ ဒေါ်လာ ၉၈၃ သန်းရရှိထားပြီး ယခင်နှစ်တင်ပို့နိုင်မှုထက် တန်ချိန်ထက်ဝက်နီးပါး လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
ယခင်ဘဏ္ဍာနှစ် ကာလတူတွင် ပြည်ပ သို့ကျောက်စိမ်းတန်ချိန် ၁၆ဝဝဝဝ ကျော် တင်ပို့မှုမှ ဒေါ်လာသန်း ၁ဝဝဝ ကျော်ရရှိ ထားပြီး ယခုဘဏ္ဍာနှစ်တွင်မူ ကျောက်စိမ်း တန်ချိန် ၈၄၃ဝဝ တင်ပို့မှုမှ ဒေါ်လာ ၉၈၃ သန်း ရရှိထားခြင်းကြောင့် တန်ချိန်အားဖြင့် ထက်ဝက်နီးပါး လျော့ကျနေပြီး ရငွေမှာ ဒေါ်လာသန်း ၁ဝဝ ကျော် လျော့နည်းနေကြောင်း သိရသည်။
မြန်မာနိုင်ငံမှထွက်ရှိသည့် ကျောက်စိမ်းများကို တရုတ်နှင့်ဟောင်ကောင်တို့သို့ အဓိကတင်ပို့ ရောင်းချနေသည်ဟုသိရပြီး အိန္ဒိယနိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှလည်း ကျောက်စိမ်းအချောထည်များကို စိတ်ဝင်စားဝယ်ယူမှုရှိကြောင်း သိရသည်။
၂ဝ၁၄ ခုနှစ် မတ် ၁ဝ ရက်တွင် ပြည်သူ့လွှတ်တော်၌ ပြုလုပ်ခဲ့သည့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပါ ကုန်သွယ်လုပ်ငန်းခွန် ခေါင်းစဉ်အောက်ရှိ အထူးကုန်စည် အခွန်ရာခိုင်နှုန်းများကို ပြင်ဆင်အတည်ပြုခဲ့ရာ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ မြ၊ စိန် နှင့် အခြားအဖိုးတန် ကျောက်မျက်ရတနာ အရိုင်းထည်များကို အခွန်ရာခိုင်နှုန်း ၃ဝ ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းကျောက်စိမ်း ထုတ်လုပ်မှုအနေဖြင့် ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်တွင် တန် ချိန် ၄၇၆ဝ၃ တန်ဝန်းကျင်၊ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်တွင် တန်ချိန် ၂၁ဝ၃၂ တန်ဝန်း ကျင်ရှိပြီး ၂ဝ၁၄ ခုနှစ် ဧပြီလမှ ဩဂုတ်လအထိ ကျောက်စိမ်းတန်ချိန် ၄ဝ၇ဝ တန် ဝန်းကျင်ထုတ်လုပ်ထားကြာင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး ဌာနမှ သိရသည်။
မြန်မာနိုင်ငံ၏ သတ္တုတူးဖော်ရေးကဏ္ဍတွင် နိုင်ငံသားလုပ်ငန်းရှင်များ မြ§ုပ်နှံလုပ် ကိုင်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ၂ဝ၁၄ ခုနှစ် ဇူလိုင်လကုန်အထိ ကျပ် ၁၃ဝဝ၇ သန်းကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံမှထွက်ရှိသည့် ကျောက်စိမ်းများကို ပြည်ပသို့ တရားဝင်တင်ပို့ခွင့်ပြု ထားသော်လည်း နယ်စပ်နယ်မြေဒေသများမှ ပုံစံမျိုးစုံဖြင့် တရားမဝင်ထွက်ရှိနေမှုများလည်း ရှိနေကြောင်း သိရသည်။
                             
 

Most Read

Most Recent